Monday, March 4, 2013

ဃရာဝါသနှင့် ဝံသာနုရက္ခိတ
ဆူးလှည်း ( မြစ်မခ )
by Myit Makha Mediagroup on 15 Feb, 2013
 
မြန်မာအမျိုးသမီးတွေ လူမျိုးခြားဘာသာခြားတွေနဲ့ တွဲတာ၊ အတူနေတာ လက်ထပ်တာတွေနဲ့ပတ်သက်လို့ လူမှုရေး စာမျက်နှာတွေပေါ်မှာ  တော်တော်လေး နာနာကျင်ကျင် ဆွေးနွေးနေတာ တွေ့ရပါတယ်။
 
ဒါတွေကိုမြင်ပြီး ဝံသာနုရက္ခိတဆိုတဲ့ စကားလုံးကို သတိရလိုက်တယ်။ အမျိုးကို စောင့်ခြင်းဆိုတဲ့ စကားလုံးမှာ ဘာဝိသေသနမှ မပါပါဘူး။ ဆင်းရဲလို့ အဝေးရောက်နေလို့ နီးစပ်လို့ ဆိုတဲ့ ဆင်ခြေတွေပေါ့။
 
အရေးကြီးတာက ဘယ်ရောက်ရောက် ဘာဖြစ်ဖြစ် အမျိုးနဲ့ဘာသာကို စောင့်ထိန်းချင်တဲ့ အဆင့် ရောက်အောင် မျိုးချစ်စိတ် ထက်သန်အောင် အသေသာခံမယ် အငတ်ခံမယ် ကိုယ့်ဘာသာကို စောင့်ထိန်းမယ်ဆိုတဲ့အထိ ရင်ထဲစွဲအောင် သွန်သင်ဆုံးမထားဖို့ အရေးကြီးပါတယ်။
 
ဗြိတိသျှတွေ မြန်မာဘုရင်ကို အိန္ဒိယပို့ အိန္ဒိယဘုရင်ကို မြန်မာပြည်ပို့ လုပ်လိုက်တဲ့အခါ ဘယ်လို နေထိုင် ရပ်တည်သွားကြလဲ။
 
မိမိကိုးကွယ်တဲ့ ဘာသာကို အခြေအမြစ်ကျကျ သိနားလည်းပြီး နှစ်နှစ်ကာကာ ယုံကြည်ပြီး ကိုးကွယ် ဖို့လိုပါတယ်။
 
ဆင်းရဲလို့ အိမ်ထောင်ပြုချင်လို့ လူမျိုးမေ့၊ ဘာသာစွန့်သွားတဲ့သူများမလာအောင် အားလုံးမှာ တာဝန်ရှိပါတယ်။
 
အရပ်ပုတဲ့သူအနား သွားရပ်လို့ ကိုယ်အရပ်ရှည်မလာပါဘူး။
 
အသားမဲတဲ့သူအနား သွားရပ်လို့ ကိုယ် အသားဖြူ မလာပါဘူး။
 
သူများညံ့လို့ ကိုယ်က တော်မလာပါဘူး။
 
သူများမကောင်းလို ကိုယ်ကောင်းမလာပါဘူး။
 
သူများပုတာ မဲတာ ညံ့တာ မကောင်းတာ ပြောမနေကြပါနဲ့။
 
ကိုယ့်ဖာသာကိုယ် အရပ်ရှည်လာအောင်၊ အသားဖြူလာအောင် အရည်အချင်း တော်လာအောင် အကျင့်စာရိတ္တ ကောင်းလာအောင် ကြိုးစားကြပါ ပြုပြင်ကြပါလို့ပဲပြောချင်ပါတယ်။
 
မိမိ ခြံစည်းရိုး လုံအောင်ကာ၊ မိမိတာ မကျိုးအောင်ဖို့ အတ္တာဟိ အတ္တနော နာထော တဲ့။
 
အမျိုးဘာသာစောင့်ထိန်းခြင်းတာနဲ့ပတ်သက်လို့  ကောင်းတဲ့ နိုင်ငံခြားသားတွေကို တွဲသင့် ယူသင့်ပါတယ်လို့ ရှေနေလိုက်တဲ့ သူတွေလည်း ရှိလာပါတယ်၊ သူက ကမ္ဘာငြိမ်းချမ်းဖို့ လူသားအားလုံး အတူတူပါဘဲတဲ့။  ဒီကိစ္စက သွန်သင်ထားလို့ဘဲ ရပါတယ်။ တားမြစ်ပိတ်ပင်လို့တော့ မရပါဘူး။
 
အိမ်ထောင်ပြုတယ်ဆိုတာ ဘ၀သက်တာ တစ်ခုလုံး အတူယှဉ်တွဲနေဖို့ လူသားမျိုးဆက် ပြန့်ပွားဖို့ပါ။
 
လူသားတွေဟာ သင်ယူရတာ များပါတယ်၊ လူ့ဘဝမှာ ကျင်လည် ဝင်ဆန့်ဖို့ အများကြီး သင်ယူ လေ့လာရပါတယ်။ သင်ပေးနိုင်အောင် မိသားစုဆိုတာ လူတွေမှာပဲရတဲ့ အခွင့်အရေးပါ။
 
ကျားတို့ ခြင်္သေ့တို့တော့ ကလေးတွေ အမဲလိုက်တာ သင်တဲ့အထိ ၃-၄ နှစ် အထိတော့ မိသားစုလို နေကြတယ်လို့ ရုပ်သံတွေမှာ ကြည့်ရပါတယ်။ တိရိစ္ဆာန်တွေ မသင်ပဲ တတ်တာတွေ လူက သင်မှ တတ်ပါတယ်။ တိရိစ္ဆာန်က တစ်ကောင်ထဲ နေလည်း သူစကား သူတတ်တယ်။ လူက လူကြားထဲ မကြီးပြင်းရရင် လူစကားတောင် မတတ်ဘူးတဲ့၊ မတ်တပ်လည်း လမ်းမ လျှောက်တတ်ဘူးတဲ့။
 
ဘုရားတရား ဘာသာရေး အဆုံးအမ ယဉ်ကျေးမှုဆိုတာတွေ ထည့်တွက်ရင်တော့ လောကကြီးမှာ စဉ်းစားစရာတွေ  အများကြီးပါ။
 
လင်လိုချင်မယားလိုချင်လို့ အိမ်ထောင်ပြုချင်တယ်ဆိုလည်း ဘယ်သူ့မဆို အိမ်တောင်ပြုလို့ ရပါတယ်။
 
ဇွတ်ဘာသာပြောင်းရင်ဖြစ်ဖြစ် ဘာသာမပြောင်းဘဲနေရင်ဖြစ်ဖြစ် လင်မယားချင်း သဘောတူရင် နှစ်ယောက်လုံး အလှည့်ကျ အတူတူ ဘုရားသွား ကျောင်း တက်နေကြမှာလား၊ နင်လည်း နင့်ဖာသာသွား ငါလည်း ငါ့ဖာသာသွား ဒါမှမဟုတ် နင့်ဘာသာ ငါ့ဘာသာ ဘယ်လို ဘယ်ညာဆို ငြင်းခုံကြမှာလား။
 
ဘုရားတိုင်းဟာ ငြိမ်းချမ်းရေးနဲ့ မေတ္တာကိုသာ သွန်သင်ရှေ့ရှု့ခဲ့ကြတာ။ လူတွေ အနေမတတ်လို့ ဘုရားနဲ့ တရားတွေကို လက်နက်လိုစွဲကိုင်ပြီး ရန့်ဖြစ်ကြ သတ်ကုန်ကြတာပါ။
 
မြတ်စွာဘုရားက သမာပတ်ဝင်စားပြီးမှ ချွတ်ထိုက်သူကို တရားဟောတာပါ။
 
ခရစ်ယာန်မှာလည်း နင်တို့က တရားပဲဟော၊ ယုံကြည်ဖို့က သန့်ရှင်းသော ဝိညာဉ်တော်( ဘုရား ) က လုပ်မယ်လို့ ပြောထားတာပါ။
 
မနေနိုင်လို့ လင်လိုချင် မိန်းမလိုချင်ရင် ဘာသာခြားနဲ့ အိမ်ထောင်ပြုတာတော့ ပြုချင်ပြုကြပါ၊  သာသနာပြုမယ်လို့တော့မပြောကြပါနဲ့။
 
အိမ်ထောင်ဖက်နဲ့ အသိုင်းအဝိုင်း သဘောကျလက်ခံအောင် ဘာသာပြောင်း လိုက်တဲ့သူတွေ ခလုတ်တိုက်ရင် ဘယ်လိုတ လဲ။ ဒုက္ခတွေ့ရင် ချက်ချင်း ဘယ်ဘုရားကို ဆုတောင်းသလဲ။
 
အဖေနဲ့ အမေ ဘာသာမတူလို့ သားသမီးတွေ ဘာသာတွေရဲ့ မကောင်းတာတွေပဲ ကြားပြီးတော့ ဘာသာတရားကို စိတ်ကုန် ပြီး ဘာသာမဲ့ ဖြစ်နေတာတွေ  တွေ့ရရင်  စိတ်မကောင်စရာတွေပဲ ဖြစ်လာရမယ်။
 
လောလောဆယ်မှာ ဘာသာတရားမပါဘဲ လူပီသအောင် ဘယ်လိုအစားထိုး ဆုံးမနိုင်မလဲ။
 
ဘာသာမေ့ထားပြီး လူမျိုးခြားကို လူအချင်းချင်းပဲလို့ ကမ္ဘာရွာသားတွေ သဘောထားပြီး အိမ်ထောင်ပြုလိုက်ပြီ ထားပါတော့။
 
လူမျိုးရေးခွဲခြားမှု တကယ်ပျောက်သွားပြီ ထင်သလား။ အသားအရောင်ခွဲခြားမှု တကယ်ပျောက်သွားပြီ ထင်သလား။ အရှေ့တိုင်းသား ဘယ်လောက်ဖြူဖြူ အနောက်တိုင်းက လူတွေက အသားဝါ လူမျိုးလို့ပဲ သတ်မှတ်တာပါ။ တစ်လင်တစ်မယား ဆက်ဆံရေးလို့ထင်သလား။
 
ကိုလိုနီခေတ်ကတည်းက သန်လျင်တို့ ချောက်တို့မှာ ရှိတဲ့ ဘိုတွေ ညဥ့်နက်လာရင် အိမ်ခန်းသော့ လဲပြီး လင်မယားပြောင်းအိပ်ကြတာ ကြားဖူးလား။ အခုဆို အရက်စုသောက်ရင်း လူတိုင်းလူတိုင်း အရက်ပုလင်း ကိုယ်စီယူသွားသလို ကျားတိုင်း မတိုင်း အဖော်ခေါ်သွားပြီး အော်ဂျီခေါ် အုပ်စုလိုက် မိတ်လိုက်ပွဲတွေ ကျင်းပနေတာ ကြားဖူးကြလား။
 
အချို့နိုင်ငံတွေမှာ သံဝါသကိစ္စသည် အပြောင်းအလဲ ဖြစ်အောင် ဆိုင်ပြောင်း စားချင်စား လက်ရာ ပြောင်း စားချင်စား အမျိုးအစားပြောင်း စားချင်စားလို့ သဘောထားပါသတဲ့။
 
သူတို့ဆီမှာ ဖိုးဖိုး ဖွားဖွား ဖြစ်တဲ့အထိ လက်တွဲမပျက် ကြင်နာနေကြတာဟာ ထူးဆန်းလို့ အထူးအဆန်းအဖြစ် ထင်ကြတာပါ။
 
ကျွန်တော်တို့ဆီမှာ ဒါက မြင်နေကျ မထူးဆန်းဘူးလို့ထင်နေကြတာပါ။
 
အမှန်တော့ အိမ်ထောင်ပြုတယ်ဆိုတာ အိပ် စား ကာမ ဤသုံးဝ မကပါဘူး၊ နောင် ကိုယ့်မျိုးဆက်တွေ အတွက် ဆုံးမသွန်သင် လမ်းညွှန်မှုတွေ လုပ်ပေးရဦးမယ့် တာဝန်တွေပါ ရှိပါတယ်၊ တာဝန်သိတဲ့စိတ် ရှိမယ် ဆိုရင်ပေါ့။

No comments:

Post a Comment