မပွင့်မီကြွေတဲ့ပန်း
ဆူးလှည်း ( မြစ်မခ )
by Myit Makha Mediagroup on 21 Dec, 2012
by Myit Makha Mediagroup on 21 Dec, 2012
မြက်နုကြိုက် နွားအိုများ ဆောင်းပါးတွေမှာ
ေ ငွကြေးသုံးစွဲပြီးကလေးသူငယ်များနှင့် ကာမဆက်ဆံခြင်း အကြောင်းတွေ
ဖေါ်ပြခဲ့ပါတယ်။ ဒီတခါတော့ အကြမ်းဖက်ခြင်း နှင့်
ဖြားယောင်းခြင်းဖြင့်ကလေးသူငယ်များ နှင့် ကာမဆက်ဆံခြင်း အကြောင်းကို ဆွေးနွေးလိုပါတယ်။
ကာမဂုဏ်ဆိုင်ရာ အကြမ်းဖက်မှု ( Sexual Abuse ) ကဖြေရှင်းရခက်တဲ့ ပြဿနာအဖြစ်များတဲ့ပြဿနာ တစ်ခုပါ။
• ကလေးငယ်တွေကို စနစ်တကျ မစောင့်ရှောက်နိုင်တဲ့အခါ၊
• ကလေးငယ်တွေက အသက်အရွယ်နင့် လိုက်လျောညီတဲ့ စာသင်ကျောင်းတို့၊မူကြိုတို့၊ အီးစီဒီလို့ခေါ်တဲ့ ရှေ့ဦး ကလေးသူငယ် ဖွံ့ဖြိုးရေးကျောင်း ( Early Child Development Centers ) တွေမှာမရောက်နေနိုင်တဲ့အခါ၊
• မိဘအိမ်ထောင်ပြိုကွဲပြီး မိန်းကလေးငယ်တွေ ပထွေးနဲ့နေရတဲ့အခါ
• မိဘနဲ့အရွယ်ရောက်တဲ့သူတွေ စီးပွာရှာနေလို့ ကလေးတွေကို စောင့်ရှောက်မဲ့လူကြီးမရှိဘဲ
အိမ်မှာထားခဲ့ ရတဲ့အခါတွေ မှာ
ဖြစ်လေ့ဖြစ်ထရှိပါတယ်။ဖြားယောင်းသွေးဆောင်ခြင်းနှင့် ပတ်သက်တဲ့
ကိစ္စတွေထဲမှာ အချိုသပ်ပြီးဖြားယောင်းသွေးဆောင် တာတွေ
အပြင်အရွယ်မရောက်မီအိမ်ထောင်ပြုတာတွေကိုလဲထည့်သွင်းဆွေးနွေးချင်ပါတယ်။
• ကလေးသူငယ်တွေ အထူးသဖြင့် မိန်းခလေးတွေသွေးရင်းသားရင်း ဟုတ်သူတွေနဲ့ဖြစ်သင့်တာထက်ပိုပြီး အရောတဝင်နေတဲ့အခါ၊
• ကလေးသူငယ်တွေကို ပြု စုပျိုးထောင်ရတဲ့ တာဝန်ရှိတဲ့သူတွေ လူစိတ်ပျောက်တဲ့အခါ
• ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာ
လူမျိုးစုအချို့ရဲ့ အရွယ်မရောက်ခင်အိမ်ထောင်စောစောပြုခြင်းကို
ခွင့်ပြုထားတဲ့ ဓလေ့ထုံးစံတွေ အထက်ပါ ဓလေ့ထုံးစံကို အကာအကွယ်ယူပြီး
အကျင့်ပျက်ငွေကြေးတတ်နိုင်သူတွေကအရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို
မယားငယ်ပြုခြင်း စတာတွေဖြစ်ပါတယ်။
ကလေးသူငယ်တွေနဲ့
ကာမဆက်ဆံခြင်း ကိစ္စတွေဟာ အရင်က မိန်းကလေးငယ်တွေမှာဘဲအန္တရာယ်ရှိခဲ့ပေမဲ့
အခုအချိန်မှာတော့ ဆက်သွယ်ရေးစနစ်ကောင်းလာတာတွေဗီဒီယို အင်တာနက်ထဲက
မကောင်းမှုတွေကြောင့် ယောက်ျားလေး ကလေးငယ်တွေလဲသားကောင်ဖြစ်လာတာတွေ မြင်တွေ့ကြားသိနေရပါပြီ။
ကလေးသူငယ်များနဲ့
ကာမဆက်ဆံခြင်း ကိစ္စတွေမှာငွေကြေးပါဝင်ပတ်သက်လျှင်ခေါင်းပုံဖြတ်မှုပါလာလျှင်
လူကုန်ကူးမှုကာကွယ် တားဆီးရေး ဥပဒေအရထိထိရောက်ရောက် အရေးယူနိုင်ပေမဲ့ ဖြားယောင်းမှုနဲ့ အကြမ်းဖက်မှုခံရတဲ့ကလေးငယ်တွေ အတွက်တော့ ထိရောက်တဲ့ သီးသန့်ဥပဒေ မရှိသေးပါဘူး။
ဒီကိစ္စတွေကိုတော့ပြစ်မှုဥပဒေ ( ရာဇသတ်ဥပဒေ ) အရသာ အရေးယူတာတွေ့ရပါတယ်။
ကလေးသူငယ်
ဥပဒေကလည်း ကာကွယ်စောင့်ရှောက်မှု လိုအပ်တဲ့
ကလေးသူငယ်တွေရယ်၊တရားဥပဒေနဲ့ပဋိပက္ခဖြစ် ( ငြိစွန်း ) တဲ့ကလေးသူငယ်တွေကို
အကာအကွယ်ပေးဖို့အဓိကထားတာ တွေ့ရပါတယ် ၊ ပြစ်မှုကျူးလွန်ခြင်း ခံရတဲ့ကလေးတွေ
အတွက်မပါပါဘူး။
အကြမ်းဖက်ခံ
( ကာမဆက်ဆံ ) ရတဲ့ ကလေးသူငယ်တွေကြို ပစ်မှုဥပဒေပုဒ်မ-၃၇၅၊မုဒိမ်းမှု အရ
ကာကွယ်ပေးထားပြီးပြစ်မှု ကျူးလွန်တဲ့ သူတွေကို အရေးယူတဲ့ အခါ ပြစ်မှုဆိုင်ရာ
လုပ်ထုံးလုပ်နည်းများ အရသော်လည်းကောင်း၊ သက်သေခံ ဥပဒေအရသော်လည်းကောင်း၊
အခက်အခဲတွေ၊ မသိနားမလည်မှုလေးတွေ၊အချိန်ကိုက်မဖြစ်တာလေးတွေ ရှိတတ်ပါတယ်။
တစ်ဖက်ကလည်း တိုင်ချက်ဖွင့် ဆေးစာယူ ဆေးရုံပို့ဆေးစစ်၊သက်သေခံပစ္စည်းသိမ်း၊ ဓါတ်ခွဲခန်းပို့ စတဲ့ လုပ်ငန်းစဉ်တွေ၊ တရားခွင်ရောက်တော့လဲ ငွေများတရားနိုင်တဲ့ အကျင့်ဆိုးတွေ၊ ဘာဘဲဖြစ်ဖြစ်ကိုယ့်အမှုသယ် အမှုနိုင်ရမယ်၊ အပြစ်လွှတ် ရမယ်လို့ စွဲကိုင်ထားတဲ့ပညာရှင်ကြီးတွေ ပြစ်မှုကျူးလွန်သူကို
ထိုက်သင့်တဲ့ အပြစ်ပေးရမည့် အစားဘာဘဲဖြစ်ဖြစ် အရှက်မကွဲအောင်
ဖုံးဖုံးဖိဖိဖြေရှင်းချင်တဲ့ သူတွေကြောင့် ထိထိရောက်ရောက်
အရေးမယူနိုင်တာတွေ ရှိပါတယ်။
ဒီအပြစ်မျိုး
ကျူးလွန်ပြီး ထိုက်သင့်တဲ့ အပြစ်ပေးခြင်းမခံရဘဲ လွတ်သွားတဲ့သူတွေဟာ
အတင့်ရဲလာပြီး နောက်ထပ် အခွင့်အရေးရအောင် ချောင်းနေတော့တာပါဘဲ။
ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၇၅။ ပဉ္စမအချက် အရယောက်ျားတစ်ဦးသည်အမျိုးသမီးက
ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ၊ အသက်၁၄-နှစ်အောက်ငယ်သော
အမျိုးသမီးနှင့် ကာမစပ်ယှက်လျင် ထိုယောက်ျားသည်မုဒိမ်းမှု ကျူးလွန်သည်ဟု
သတ်မှတ်သည်။
ကင်းလွတ်ချက်။ ယောက်ျားတစ်ဦးသည် အသက် ၁၃နှစ် အောက်မဟုတ်သောသူ၏ဇနီးမယားနှင့် ကာမစက်ယှက်ခြင်းသည် မုဒိမ်းမှု ကျူးလွန်ရာ မမြောက်ပါ၊
မကြာမီ
အတည်ဖြစ်လာနိုင်သည့် ရာဇသတ်ကြီးကိုပြင်ဆင်သည့် ဥပဒေကြမ်းမှာအထက်ပါ အသက်
ကန့်သတ်ချက်များကို တိုးမြှင့်သတ်မှတ် ထားတာတွေ့ရပါတယ်၊
ပုဒ်မ၄၇။ ရာဇသတ်ကြီးတွင်
( က ) ပုဒ်မ ၃၇၅ ၏ ပဉ္စမ ၌ ပါရှိသော " fourteen years of age "ဆိုသည့် စကားရပ်ကို "sixteen years of age " ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
( ခ ) ပုဒ်မ၃၇၅၏ကင်းလွတ်ချက်၌ပါရှိသော " thirteen years of age " ဆိုသည့်စကားရပ်ကို " fifteen years of age "ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
အထက်ပါရည်ညွှန်းဥပဒေများအရရှင်းပါတယ်။အသက်ယခု၁၄နှစ်အောက်၊နောင်အသက်၁၆နှစ်အောက်မိန်း
ကလေးများကိုအကြမ်းဖက်နည်းဖြင့်ဖြစ်စေ၊ဖြားယောင်းသွေးဆောင်ခြင်းဖြင့်ဖြစ်စေကာမဆက်ဆံလျင်မုဒိမ်းမှုကျူးလွန်ခြင်းဖြစ်ပါတယ်။
ထို့အတူယခုအသက်၁၃နှစ်အောက်၊နောင်အသက်၁၅နှစ်အောက်မိန်းကလေးများနှင့်လက်ထပ်ထိမ်းမြားခြင်းသည်
မုဒိမ်းမှုမြောက်သောကာမဆက်ဆံခြင်းကိုဖြစ်စေပါတယ်။အသက်ငယ်ရွယ်သူမိန်းကလေးငယ်များနှင့်
လက်ထပ်ထိမ်းမြားခြင်းကိုနောက်မှာအသေးစိတ်ဆွေးနွေးပါမယ်။
တစ်ခုသတိထားရမှာကသတ်မှတ်ထားတဲ့အသက်အရွယ်တွေဟာအသက်တင်းတင်းပြည့်တဲ့အထိဆိုလိုပါတယ်။
အရပ်ထဲမှာ၁၅နှစ်ပြည့်ပြီးရင်၁၆နှစ်လို့ပြောပေမဲ့ဥပဒေအရ၁၆နှစ်တင်;တင်းပြည့်တဲ့နေ့အထိဆိုလိုပါတယ်။လူ ငယ်တွေသတိထားရမယ့်အရေးကြီးအချက်ဖြစ်ပါတယ်။လွှတ်တော်မှာအတည်ပြုပြဌာန်းပြီးသွားလျင် ချစ်သူရီးစားနဲ့ နျစ်ဦးသဘောတူကာမဆက်ဆံမိပေမဲ့ မှချစ်သူမိန်းကလေးကအသက် ၁၆ နှစ်အောက် ဖြစ်လျှင် အကြောင်းမညီညွတ်ပါကယောက်ျားလေးကမုဒိမ်းမှု ဖြင့် အရေးယူခံရနိုင်ပါတယ်ဒီနေရာမှာကလေးသူငယ်များကို အကြမ်းဖက်ကာမဆက်ဆံခြင်းကိစ္စတွေနေရာအနှံ့အပြားမှာမကြာခနဖြစ်ပေါ်နေတာပါဘဲ။သာမန်အရွယ်ရောက်သူမိန်းကလေး ငယ်တွေအပြင်လူမမယ်ကလေးငယ်တွေပါမရှောင်အကြမ်းဖက်ကာမဆက်ဆံတာတွေကသာမန်ကာမစိတ်မဟုတ်တော့ဘဲရက် စက်ကြမ်းကြုတ်တဲ့တိရစ္ဆာန်စိတ်ပေါက်နေသလိုပါဘဲ။ကျူလွန်ခံရတဲ့ကလေးငယ်တွေရဲ့အသက်အရွယ်ဟာလပိုင်းအရွယ် အထိပါဝင်နေပါတယ်၊ပြန်မပြောနိုင်တဲ့အရွယ်ကိုရွေးခြယ်တာလဲဖြစ်နိုင်ပါတယ်။
အရပ်ထဲမှာ၁၅နှစ်ပြည့်ပြီးရင်၁၆နှစ်လို့ပြောပေမဲ့ဥပဒေအရ၁၆နှစ်တင်;တင်းပြည့်တဲ့နေ့အထိဆိုလိုပါတယ်။လူ ငယ်တွေသတိထားရမယ့်အရေးကြီးအချက်ဖြစ်ပါတယ်။လွှတ်တော်မှာအတည်ပြုပြဌာန်းပြီးသွားလျင် ချစ်သူရီးစားနဲ့ နျစ်ဦးသဘောတူကာမဆက်ဆံမိပေမဲ့ မှချစ်သူမိန်းကလေးကအသက် ၁၆ နှစ်အောက် ဖြစ်လျှင် အကြောင်းမညီညွတ်ပါကယောက်ျားလေးကမုဒိမ်းမှု ဖြင့် အရေးယူခံရနိုင်ပါတယ်ဒီနေရာမှာကလေးသူငယ်များကို အကြမ်းဖက်ကာမဆက်ဆံခြင်းကိစ္စတွေနေရာအနှံ့အပြားမှာမကြာခနဖြစ်ပေါ်နေတာပါဘဲ။သာမန်အရွယ်ရောက်သူမိန်းကလေး ငယ်တွေအပြင်လူမမယ်ကလေးငယ်တွေပါမရှောင်အကြမ်းဖက်ကာမဆက်ဆံတာတွေကသာမန်ကာမစိတ်မဟုတ်တော့ဘဲရက် စက်ကြမ်းကြုတ်တဲ့တိရစ္ဆာန်စိတ်ပေါက်နေသလိုပါဘဲ။ကျူလွန်ခံရတဲ့ကလေးငယ်တွေရဲ့အသက်အရွယ်ဟာလပိုင်းအရွယ် အထိပါဝင်နေပါတယ်၊ပြန်မပြောနိုင်တဲ့အရွယ်ကိုရွေးခြယ်တာလဲဖြစ်နိုင်ပါတယ်။
သုတေသနစာတမ်းမဟုတ်လို့အချက်အလက်အတိအကျမှတ်သားမထားပေမဲ့လွန်ခဲ့သောနှစ်နှစ်ကျော်ကမြန်မာပြည်
အလယ်ပိုင်းဒေသတစ်ခုမှာအသက်၆နှစ်ခန့်မိန်းကလေးငယ်ကိုလူကြီးနှစ်ယောက်ပေါင်းပြီးရှေ့ရောနောက်ပါပြုကျင့်
လိုက်တာကလေးငယ်ကိုဆေးရုံမှာနာရီပေါင်းများစွာခွဲစိပ်ကုသပြုပြင်ကုသပေးလိုက်ရကြောင်းသိရပါတယ်။မိမိရဲ့
ကာမစိတ်ဖြေဖျောက်ဖို့လူမမယ်ကလေးငယ်တွေအပေါ်ဘယ်လိုစိတ်မျိုးနဲ့ဒီလောက်ရက်စက်ယုတ်မာကြတာပါလိမ့်။
မိဘတွေကဝမ်းရေးအတွက်လယ်ယာထဲမှာအလုပ်ဆင်းနေတဲ့အခါကလေးကိုကလေးကထိန်းကျန်ခဲ့တာမျိုးတွေ၊ရပ်ထဲ
ရွာထဲမှာလက်ကြောမတင်းလေလွင့်နေတဲ့အရက်သမားတွေ၊ခယ်မဆိုတာလိုက်ပွဲ၊ခယ်မပေါင်တစ်ခြမ်းခဲအိုပိုင်
၊မယားပါသမီးဆိုတာပထွေးအစာ၊ယောက်ျားမောင်ပဇ္ဇင်းမိန်းမပုခက်တွင်းစတဲ့အချို့စကားပုံတွေဟာရည်ရွယ်ချက်
တစ်မျိုးနဲ့စပ်ဆိုထားတာဖြစ်ပေမယ့်။တစ်ခါတစ်ရံမှာလူမိုက်အားပေးဖြစ်တတ်ပါတယ်။
တစ်ချို့ဆိုရင်စကားမပြောနိုင်တဲ့ဆွံ့အ၊ခြေမသန်လို့လမ်းမလျှောက်နိုင်တဲ့ဒုက္ခိတကလေးငယ်ပါမရှောင်တဲ့ကိစ္စတွေရှိပါတယ်။
ဒီကိစ္စမျိုးတွေဖြစ်လာရင်ကျူးလွန်ခံရတဲ့ဘက်ကအရှက်ကွဲမှာစိုးလိုံဆိုပြီးဖုံးဖုံးဖိဖိထားချင်တာတွေ၊ဖြစ်သွားပြီ
ဘဲဆိုပြီးအရေးယူတိုင်ချက်ဖွင့်ရမဲ့အစားညှိနှိုင်းလျော်ကြေးတောင်း၊ရရင်ကျေနပ်လိုက်ကြတာမျိုးတွေရှိတတ်
ပါတယ်၊မကောင်းတဲ့သူကိုအားပေးအားမြှောက်ပြုရာရောက်ပါတယ်။ကလေးသူငယ်ရဲ့ကာကွယ်စောင့်ရှောက်မှု
ရပိုင်ခွင့်ကိုချိုးဖောက်တာဖြစ်ပါတယ်။
နောက်တစ်ခုကကျူးလွန်သူဘက်ကလျော်ကြေးပေးကျေအေးတာမျိုး၊မတိုင်အောင်ခြိမ်းခြောက်တာတို့၊တာဝန်ရှိ
သူတွေနဲ့ပူးပေါင်းပြီးအမှုဖွင့်မရအောင်ပိတ်ပင်တာမျိုးလုပ်တတ်ကြပါတယ်၊အခင်းဖြစ်စဉ်ကအဝတ်အစားတွေ
၊သက်သေခံအထောက်အထားတွေဖျောက်ဖျက်တာမျိုးတွေလဲလုပ်တတ်ပါတယ်၊ကျူးလွန်ခံရသူအချိန်မီဆေးစစ်
မခံနိုင်အောင်အချိန်ဆွဲနှောင့်ယှက်တာမျိုးလဲလုပ်တတ်ကြပါတယ်။
ဒီအမှုအခင်းမျိုးမှာတရားဥပဒေဘက်တော်သားတွေရဲ့ကဏ္ဍကအရေးကြီးပါတယ်။သက်သေခံပစ္စည်းစနစ်တကျအချိန်မီ
သိမ်းဆည်းဖို့၊အချိန်မီဆေးစစ်ခံဖို့လိုပါတယ်။ကျန်းမာရေးဝန်ထမ်းတွေဘက်ကလည်းစနစ်တကျစစ်ဆေးဘို့မှန်မှန်
ကန်ကန်သက်သေခံပေးဖို့လိုပါတယ်၊မုဒိမ်းမှုစွဲဆိုရာမှာကျူးလွန်ခံရသူသည်
သိသိသာသာအရွယ်မရောက်သေးတဲ့ ကလေးငယ်ဖြစ်နေရင်
အသက်အထောက်အထားကထင်ရှားနေပေမဲ့ဖွံ့ဖြိုးစအရွယ်၊ကြီးကောင်ဝင်စ
အရွယ်မှာတော့အသက်အထောက်အထားကအရေးကြီးပါတယ်။
ယခုလောလောဆယ်အသက်၁၄နှစ်အောက်၊
နောင်အသက်၁၆နှစ်အောက်ဖြစ်ကြောင်းတစ်ရက်မလွဲအရေးကြီးပါတယ်။
အသက်ကိုစီစစ်ရာမှာ ကလေးသူငယ်နည်းဥပဒေ၆၈အရ အောက်ပါဦးစားပေးအစီအစဉ်
အတိုင်းလိုက်နာဖို့ပြဌာန်းထားပါတယ်။
( က ) မွေးစာရင်း
( ခ ) ကျောင်းဝင်မှတ်ပုံတင်စာရင်းကောက်နှုတ်ချက်မိတ္တူမှန်
( ဂ ) နိုင်ငံသားစီစစ်ရေးကတ်ပြားသို့မဟုတ်နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်
( ဃ ) ကျန်းမာရေးဦးစီးဌာနဆရာဝန်၏ဆေးစာ
( င ) အိမ်ထောင်စုစာရင်းမိတ္တူမှန်
( စ )
အထက်ပါ ( က ) မှ ( င ) အထိမရလျှင်အခြားခိုင်လုံသောအထောက်အထားများ
ကလေးငယ်တွေကို အကြမ်းဖက်ကာမ ဆက်ဆံခြင်းသည်
လူမှုရေးးနယ်ပယ်မှာမရှိသင့်တဲ့ကိစ္စဖြစ်ပါတယ်။ဖြစ်လာရင်
လဲခွင်မလွှတ်သင့်မညှာတာသင့်တဲ့ပြစ်မှုဖြစ်
ပါတယ်။ကျူးလွန်ခံရတဲ့ကလေးငယ်တွေဟာကျန်းမာရေးအရထိုခိုက်ပါတယ်။စိတ်ပိုင်းဆိုင်ရာအရထိခိုက်ဒဏ်ရာရပါတယ်။ဘဝ
တစ်သက်တာအရှက်ကွဲစိတ်အားငယ်စေပါတယ်။ကလေးငယ်ရဲ့ဘ၀ဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်နစ်နာစေပါတယ်။
ဒါကြောင့်ဒီကိစ္စတွေမဖြစ်အောင်ကြိုတင်ကာကွယ်တားဆီးကြရန်နှင့်ဖြစ်လာရင်လဲတိတိကျကျအရေးယူအပြစ်ပေးဖို့အတွက် တိုက်တွန်းလိုခြင်းဖြစ်ပါတယ်။
No comments:
Post a Comment