ရောင်စုံ ဝံသာနုရက္ခိတ ဂယက်
ဆူးလှည်း ( မြစ်မခ )
by Myit Makha Mediagroup on 18 Feb, 2013
by Myit Makha Mediagroup on 18 Feb, 2013
မြန်မာနိုင်ငံသား
အမျိုးသားအမျိုးသမီးတွေ လူမျိုးဘာသာကို စောင့်ထိန်းကြဖို့ ရေးလိုက်တာနဲ့
ပတ်သက်ပြီး တုန့်ပြန်မှု စုံစုံလင်လင်လေး ရရှိပါတယ်။
နိုင်ငံတွေ
အများအပြား၊ လူမျိုးတွေ အစုံအလင်၊ ယုံကြည် ကိုးကွယ်ရာတွေ ကွဲပြားနေတဲ့
ကမ္ဘာကြီးမှာ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ၊ ဘာသာတစ်ခုနှင့် တစ်ခုအကြား
အကောင်းအဆိုးတွေ အပြန်အလှန် ပြောနေကြရင် ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ခက်ခဲနိုင်တဲ့အတွက် မိမိလူမျိုး မိမိဘာသာကို
မြတ်နိုးလာအောင် ထိန်းသိမ်းချင်လာအောင် သွန်သင်ကြဖို့ တိုက်တွန်းတာပါ။
တချို့ကလည်း အမျိုးဘာသာစောင့်ထိန်းဖို့ပြောတာ ကောင်းပါတယ်၊ ဆက်ပြောပေးပါလို့ တိုက်တွန်း ကြပါတယ်။
တချို့ကတော့
ရှေးရိုးဆန်လွန်းတယ် ကမ္ဘာ့ရွာခေတ်ကြီးမှာ လူမျိုးစွဲ ဘာသာစွဲတွေ
စွဲလမ်းဆုပ်ကိုင်ထားတာ ဟောင်းနွမ်းဆွေးမြေ့နေပြီ လို့ပြောပါတယ်။
တချို့ကတော့ အရောင်ဆိုးလိုက်ပါတယ်။ အခုတလော အကြောင်းအရာတစ်ခု တင်ပြလိုက်လျှင် အရောင် လေးမျိုးထဲက တစ်ရောင်ရောင် ဆိုးလိုက်ပါတယ်။
တပ်မတော်ကို ရှေ့နေလိုက်တဲ့အုပ်စုလား၊ စစ်တပ်ကို တိုက်ခိုက်တဲ့ သူရဲကောင်းလား၊ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ် ထောက်ခံတာလား၊ ငါတို့ အမေစုကို ပုတ်ခတ်တာလား ဆိုတဲ့ အရောင် (၄)မျိုးပါ။
ဓါရဏပရိတ်
( ပိဋ္ဋကတ်သုံးပုံထဲ မပါလို့ပြောသံတော့ ကြားဘူး ဖတ်ဘူးပါတယ်) ထဲမှာတော့
မြတ်စွာဘုရား ကြံစည် ၊ ဟောကြား၊ ပြုလုပ်သမျှသည် ညာဏ်တော်ရှေ့မသွားဘဲ
လုပ်ဆောင်တာ အဘယ်သော အခါမျှ မရှိလို့ မှတ်ရဘူးပါတယ်။ ဆိုလိုတာက
မြတ်စွာဘုရားတို့သည့် မည်သည် အမှား မရှိလို့ ဆိုလို တာပါ။
ပုထုဇဉ်
လူသားတွေမှာတော့ အမှားမကင်းနိုင်ပါဘူး။ အချို့သော လုပ်ဆောင်ချက်တွေကို
မှားလားမှန်လား ချက်ချင်း မဆုံးဖြတ်နိုင်သလို မှားမှန်းသိတဲ့အခါမှာ
ဘယ်လိုမှ ပြန်ပြင်လို့ မရနိုင်တာတွေရှိသလို အချိန်မီ ပြင်လို့ရတာတွေလဲ
ရှိပါတယ်။
တပ်မတော်ကို
အမြဲအပြစ်ရှာနေလို့ မဖြစ်သလို လုပ်သမျှအားလုံးကို မပြောရဲ မဝေဖန်ရဲ
ဖြစ်နေရင်လည်း မကောင်းပါဘူး။ အမှန်လုပ်ရင် ချီမွမ်း ထောက်ခံရမလို၊
အမှားလုပ်တဲ့အခါမှာလည်း ဝိုင်းဝန်း ဝေဖန် တည့်မတ်ပေး နိုင်ရပါမယ် ။
သေချာတာတော့ နိုင်ငံတိုင်းမှာ တပ်မတော်ဆိုတာ မရှိလို့ မဖြစ်ပါဘူး။
တပ်မတော်မလိုဘူးလို့ ပြောချင်သလား။ ည သန်းခေါင် သူခိုး သူခိုးလို့
အော်ကြည့် လူဘယ်နှစ်ယောက် ထွက်လာသလဲလို့။
ဒေါ်အောင်ဆန်းစုကြည်နဲ့
ပတ်သက်လို့ကတော့ မြန်မာနိုင်ငံက ရှားပါးရတနာကျောက်ရိုင်းတုံးတစ်ခုကို
နိုင်ငံခြားက ဖြတ်တောက် အကွက်ဖော် သွေးပေး အရောင်တင်ပေးလိုက်တဲ့ ရတနာ
တစ်ပွင့်ပါ။ ဘယ်သူမှ ငြင်းလို့မရပါဘူး။ အာဖရိကက ထွက်တဲ့ စိန်ရိုင်းတုံးကို
ဘယ်လ်ဂျီယံ တို့ အစ္စရေးတို့က သွေးပေးမှ အရည်အသွေးမီ စိန်ပွင့်
ဖြစ်လာပါတယ်တဲ့။
မြန်မာနိုင်ငံကို ကရွတ်ကွင်းလျှောက်နေတဲ့ ၊ ဝင်္ကပါထဲ လည်နေတဲ့ နိုင်ငံရေးစနစ် အထဲက
ကူညီဆွဲထုတ် ပေးနိုင်တဲ့ ပါရမီရှင် ( gifted person ) တစ်ယောက်ဖြစ်ပါတယ်။
ဒါပေမယ့် ဥစ္စာရင်းမှန်လို့ မြန်မာပြည်က ပြန်ရထားတဲ့ ရတနာတစ်ခုပါ။
ထားပါတော့။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်လူဦးရေ
သန်း-၅၀ ထဲက တစ်ယောက်။ဒီလို ခေါင်းဆောင်မျိုး ရနိုင်တဲ့ အခွင့်အလမ်း က
သန်း-၅၀ ပုံ တစ်ပုံ၊ ယူကေ နိုင်ငံမှာလဲ မြန်မာပြည် လောက်
လူဦးရေရှိတယ်ဆိုရင် မိုက်ကယ်အဲရစ်စ်ကလည်း သန်း-၅၀ ပုံတစ်ပုံ။
နိုင်ငံတစ်နိုင်ငံရဲ့အရေး ကိစ္စအတွက် ဒီလို အရည်အချင်းပြည့်စုံတဲ့သူနှစ်ဦးက
မိမိရဲ့ ဘဝတွေ၊ မိသားစု ဘဝတွေ စွန့်လွှတ် အနစ်နာခံခဲ့ကြတာဟာ သန်းပေါင်း
၂၅၀၀ ပုံတစ်ပုံမျှသာ အခွင့်အလမ်းရှိတဲ့ အခွင့်အရေးပါ။ သာမန် လူတစ်ယောက်ရဲ့
အမြင်နဲ့ တွက်လိုက်တဲ့ အမြင်လေးပါ။
ပြည်တွင်းမှာ
ရင်းနှီးမြုပ်နှံမှု ဥပေဒေအရ နိုင်ငံခြားသားတွေကို ပိုင်ဆိုင်မှု
ခွင့်မပြုသေးခင် မြန်မာနိုင်ငံ သား ဇနီး၏အမည်နဲ့ စက်တွေ၊ မြေယာတွေ
ဝယ်ယူပြီး လုပ်ငန်းတွေ လုပ်ကြရာကနေ အလုပ် လုပ်ချင်လို့ လက်ထပ်တာတွေ
ပေါ်လာတယ်။
တလောကဆိုရင်
လှိုင်သာယာမြို့နယ်မှာ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူကို
မြန်မာအမျိုးသမီး ဝန်ထမ်းက အခြားမြန်မာအမျိုးသားရဲ့ အကူအညီနဲ့ ပတ်သက်ပြီး
သူ့နာမည်နဲ့ဖွင့်ထားတဲ့ ဘဏ်ငွေစုစာအုပ်တွေ ယူသွားပြီး ငွေတွေထုတ်တဲ့အမှုမှာ
အလုပ်ရှင် နိုင်ငံခြားသားက မြန်မာနိုင်ငံသား အမျိုးသမီး ဝန်ထမ်း ကို
မက်လုံးပေး ၊လက်မထပ်ဘဲ အတူနေ လုပ်ငန်းလုပ်ကိုင်နေရာ က
မျှော်လင့်သလိုဖြစ်မလာလို့ လူသတ်မှုဖြစ်တာအထိ တွေ့ရပါတယ်။ အဲဒီလိုဘဲ
အခြားလုပ်ငန်းတွေမှာလည်း တွေ့နေရဆဲပါ။
ကျွန်တော်တို့
ငယ်ငယ်က ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ပုံပြင်ကြားရတော့ မူရင်းသင်ခန်းစာ
အရည် အချင်းရှိပေမယ့် ဇွဲ လုံ့လ မရှိရင် အောင်မြင်မှုမရဘူးဆိုတာ မမြင်ဘဲ
တော်တဲ့သူတွေက ပျင်းတယ်ဆိုတဲ့ သင်ခန်းစာအမှားစွဲနေဘူးပါတယ်။ စောစောထတဲ့
ငှက်အစာရတယ်ဆိုတဲ့ ပုံပြင် ကလေးငယ်ကိုပြောတော့ ကလေးက တီကောင်က စောစောထလို့
အစားခံရတာပေါ့နော် လို့ အမေး ခံရပါတယ်။
တစ်ခါတစ်ရံ လူတွေက သင်ခန်းစာယူသင့်တဲ့အကောင်းကို အတူမယူဘဲ တလွဲတချော် အတုယူ တတ်ကြပါတယ်။
ထုတ်လုပ်သမျှ
ဆုတွေချိတ်နေတဲ့ ရုပ်ရှင် အနုပညာရှင်ကြီး စတီဗင် စပီးလ်ဘာဂ် တွေ့ဆုံပွဲ
တစ်ခုမှာ သူအရင်က ဘဝအခြေ အနေကြောင့် အဆင့်မြင့် ပညာရေး မရခဲ့ပါဘူးတဲ့။
လူငယ်တွေ စိတ်ထဲမှာ သူ့ကို နမူနာယူပြီး အောင်မြင်ကျော်ကြားဖို့
ဘွဲ့မလိုပါဘူးလို့ အတုယူမှားမှာစိုးလို့ သူဘွဲ့တစ်ခု ရအောင်
ကြီုးစားခဲ့ပါတယ်လို့ပြောကြောင်း ဖတ်ရဘူးပါတယ်။
အခုပြောတဲ့ ဝံသာနု ရက္ခတ ကိစ္စမှာ ဒီလို unique ဖြစ်တဲ့ကိစ္စ
ထက် သာမန်ပြည်သူအများထဲက ကိစ္စကို ပြောတာပါ။ နယ်စပ်ဒေသတွေမှာ အမျိုးသား
အမျိုးသမီးငယ်တွေဟာ နိုင်ငံသား စီစစ်ရေးကတ်ပြား ကိုင်ထားတဲ့ တိုင်းရင်းသား
မဟုတ်သူတွေနဲ့ အိမ်ထောင်ပြုတာတွေ သိသိသာသာ များလာပါတယ်။
ဟိုတုန်းက ဒေါင်းဖတ်စာအုပ်ထဲက ပုံပြင်တွေ ထည့်ထည့် ပြောတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို အားကျလို့တော့ မဟုတ်ပါဘူး။ သနားလို့ ခေါင်းဝင်ခိုဖို့
အသနားခံတဲ့ ကုလားအုတ်ကို လက်ခံခဲ့မိလို့ လက်၊ခြေ၊ ကနေတဆင့်ဆင့်
တိုးဝင်လာလို့ ဖယ်ပေးလိုက်ရတဲ့ တဲရှင်လိုဖြစ်မှာ စိုးလို့ပါ။
No comments:
Post a Comment