`သူများ စာခိုးတာလဲ အဒိန္နာဒါနာကံထိုက်ပါတယ်`
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup on 6 Feb, 2013
by Myit Makha Mediagroup on 6 Feb, 2013
ငယ်စဉ်ခပ်ငယ်ငယ် ခြောက်တန်းကျောင်းသားဘဝတုန်းက
လက်ရေးကလဲသပ်သပ်ရပ်ရပ်၊ ဆရာခိုင်းတာလည်း လုပ်ပေးချင်၊ မိမိကိုလည်း
သူများအသိအမှတ် ပြုစေချင်၊ အဲလို ကလေးအတွေးနဲ့ အလယ်တန်းကျောင်းနံရံကပ်
စာစောင် ဒီဇိုင်နာ၊ ပုံနှိပ် ထုတ်ဝေသူလုပ်ခဲ့ပါတယ်။
မင်ထည့်ရတဲ့ ဖောင်တိန် ခဲတံရောင်စုံတွေ
အကူအညီနဲ့ ဆရာရွေးချယ်ပေးတဲ့ စာတွေကိုဟိုတုန်းကတော့ လျှောက်လွှာ စာရွက်
အခုတော့ လီဂယ်ဆိုက် ခေါ်မလား ၈-မျက်နှာ အရွယ် စာရွက်ကြီး ၂-ရွက်ပေါ်မှာ
ကြည့်လို့ လှအောင် ပန်းချီဝါသနာပါတဲ့ သူငယ်ချင်းတွေ၊ လက်ရေး လှတဲ့
သူငယ်ချင်းတွေနဲ့ စုပေါင်း ပြီးတစ်လတစ်ကြိမ် ကပ်နိုင်အောင်
အားထုတ်ခဲ့ဘူးပါတယ်။
သစ်သားထူထူထဲထဲတွေနဲ့ လုပ်ထားတဲ့
ဘုတ်မှာကပ်ထားတဲ့ စာစောင်ကိုမိမိတို့ဖာသာထပ် ခါတလဲလဲဖတ်ရင်း အရသာ
ခံခဲ့တာပေါ့။ အသက်က ၁၁-၁၂ နှစ်အရွယ်၊ သူများစာတွေ တင်ဆက် ပေးရင်း
ကိုယ်တိုင်လည်းဖန်တည်းသူ ဖြစ်ချင်လာတော့ သင့်ဘဝဂျာနယ် (
နောက်ပိုင်းအတော်ကြာမှာ သင့်ဘဝအောင်မြင်ရေးမဂ္ဂဇင်းဖြစ်လာ ) က ပညာရေးနဲ့
ပတ်သက်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကူးယူရေးထည့်လိုက်မိပါတယ်။ အဲဒီကာလက
အလယ်တန်းအဆင့်မှာ မဂ္ဂဇင်း၊ လုံးချင်းဝတ္ထုတွေ ဖတ်နေပါပြီ။ ကလေးအတွေးဆိုတော့
သူများသိမှာကိုထည့် မစဉ်းစားမိပါဘူး။ ဒါပေမယ့် တာဝန်ယူတဲ့ ဆရာကတွေ့တာနဲ့
တန်းပြီးသိပါတယ်။
အလယ်တန်းကျောင်းသား ၆-တန်းအရွယ်မှာဘဲ
ယုံကြည်လို့ တာဝန်ပေးထားတာကို ဖောက်ဖျက်ပြီး ဆရာမသိဘဲ
မိမိစာကိုမိမိသဘောနဲ့ မိမိထည့်လိုက်တဲ့ အလွဲသုံးစားမှု၊ သူများစာကို
မရိုးမသားခိုးချမှုတွေအတွက် ဆရာရဲ့ ဆူပူဆုံးမခြင်းကို ခံလိုက်ရပါတယ်။
လွယ်လွယ်လေးစဉ်းစားပြီးကူးယူဖော်ပြလိုက်တဲ့
မိမိရဲ့ အပြုအမူကိုခိုးချတယ်လို့ အပြောခံလိုက်ရတဲ့ အချိန်မှာဗုဒ္ဓဘာသာရဲ့
သွန်သင်မှု အောက်မှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ရဲ့
စိတ်ထဲမှာရှက်ကြောက်ခြင်း၊ ထိတ်လန့်ခြင်းတွေ ခံစားလိုက် ရပါတယ်။
အဲဒီအရွယ်ကတည်းက ပေးအပ်ထားတဲ့ တာဝန်ကိုအလွဲသုံးစားပြုခြင်းနဲ့
သူတစ်ပါးစာကိုခိုးချ ခြင်းဆိုတာ မကောင်းမှုရယ်လို့ ခပ်နင့်နင့်လေး
အသိပညာရခဲ့ပါတယ်။
နောက်တစ်ခါ ပြည်ပတက္ကသိုလ်မှာ မဟာဘွဲ့အဆင့်
သွားရောက်သင်ကြားခွင့် နိုင်ငံတော်ကပေးအပ်လို့ ရခဲ့တော့ ဘွဲ့ယူ
ကျမ်းတင်သွင်းတဲ့အခါမှာ သူတပါးရဲ့ စကား၊ စာသား၊ စကားလုံး၊ အတွေးအခေါ်၊
အယူအဆ၊ အချက်အလက်၊ ကိန်းဂဏန်းစတာတွေကို
ဖော်ပြတဲ့အခါမှာကာယကံရှင်ကိုဖော်ပြဖို့၊
မိမိအသုံးပြုတာကိုကောက်နှုတ်ချက်လုပ်ပုံလုပ်နည်း၊ ရည်ညွှန်းချက်
ဖော်ပြပုံဖော်ပြနည်းစတာတွေကို အလေးအနက် သင်ကြားပေးပြီး၊ လိုက်နာဖို့
ပျက်ကွက်လျင် ဘွဲ့ယူကျမ်းကိုလက်မခံခြင်း၊ ပယ်ဖျက်ခြင်း၊
ကျောင်းထုတ်ခြင်းခံရမယ်လို့ ကြိုတင် သတိပေးတော့ အော် ပညာတတ်
အသိုင်းအဝိုင်းရဲ့ သိက္ခာစောင့်စည်းမှု တစ်ရပ်အဖြစ် တိတိကျကျ လိုက်နာပြီး
လုပ်ငန်းအရသက်ဆိုင်တဲ့အခါ လိုက်နာပြီးကျန်တဲ့အချိန်တွေမှာ
မေ့မေ့ပျောက်ပျောက် နေခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ကဘန်ကောက်ပို့စ်
သတင်းစာထဲမှာသူတို့နိုင်ငံကစားနပ်ရိက္ခာနဲ့ သက်ဆိုင်တဲ့ အဆင့်မြင့်
အရာရှိတစ်ဦး ပြည်ပတက္ကသိုလ် တစ်ခုမှာပါရဂူဘွဲံ့အတွက်
ကျမ်းပြုစုတင်ပြတုန်းက ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေရဲ့
ပင်ရင်းအရင်းအမြစ်ကို မဖော်ပြဘဲခိုးချခဲ့လို့ သက်ဆိုင်ရာပါရဂူဘွဲ့ကို
ပြန်လည်ရုပ်သိမ်းခံရလို့ အကြီးအကျယ် ဂယက်ရိုက်တာ ဖတ်ရတဲ့အခါ တစ်ခါ
ဒီကိစ္စကို ပြန်လည် သတိရခဲ့ပါတယ်။
ပညာရေးလောကမှာသာမကနောင် ဘဝထဲမှာပါ နောက်ဆက်တွဲ ဂယက်ရိုက်လာတဲ့ အထိ ကြီးမားတဲ့ ပြဿနာ ဆိုတာသတိထားမိခဲ့ပါတယ်။
ဒီလိုသူများစာခိုးချခြင်းကို Plagiarism လို့
ခေါ်ပါတယ်။ မူပိုင်ခွင့် ဖောက်ဖျက်ခြင်းနဲ့ဆင်ပေမယ့် ရာဇဝတ်မှု တရားမမှု
ထိုက်သင့်တဲ့အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပညာရေးလောကမှာတော့
အထက်ကအဖြစ်အပျက်မှာ ပါတဲ့အတိုင်း အလွန်ကြီးလေးတဲ့ ပညာရှင် ကျင့်ဝတ်
ဖောက်ဖျက်ခြင်းအဖြစ်သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူပါတယ်။
မီဒီယာလောကမှာတော့
မီဒီယာကျင့်ဝတ်ဖောက်ဖျက်ခြင်း နှင့် ယုံကြည်ကိုးစားမှု၊ အကျင့်
သိက္ခာဖောက်ဖျက်မှု အဖြစ် သတ်မှတ်ပြီး
မီဒီယာအဖွဲ့အစည်းအတွင်းမှာဘဲဖြေရှင်းကြပါတယ်။ မူပိုင်ခွင့် ဥပဒေနဲ့ငြိလာရင်
စီးပွားရေးနဲ့ ပတ်သက်လာရင်တော့ ရာဇဝတ်မှု နဲ့ရောတရားမမှု တွေနဲ့ ပါ
အရေးယူမှုတွေ ရှိပါတယ်။
ဒီမှာတော့ ပညာရေးအသိုင်းအဝင်းနဲ့
မီဒီယာလောကမှာသတ်မှတ်ထားတဲ့ ခိုးချမှု အကြောင်းကိုဆွေးနွေချင်ပါတယ်။
မိဒီယာမှာလဲစာပေနဲ့ ပတ်သက်တာဘဲဆွေးနွေးပါမယ်။ သီချင်း၊ရုပ်ရှင်၊ စတဲ့ ကျန်
အနုပညာရပ်တွေပါ ဆိုရင် အရမ်းကျယ်ပြန့် သွားမှာမို့ပါ။
Merriam Webster Dictionary defines the word “
plagiarize as :to steal and pass off (the ideas or words of another) as
one's own : use (another's production) without crediting the source.”
မာရီယန်ဝက်ဘ်စတာအဘိဓာန်မှာ plagiarize ဟူသောစကားလုံးကို“
သူတစ်ပါး၏ အတွေးအမြင် အယူအဆ နှင့် စကားလုံးများကိုခိုးယူ၍
မိမိပိုင်ကဲ့သို့ ဟန်ဆောင်ဖော်ပြသည်၊ သူတစ်ပါး၏ ဖန်တည်းမှု ကြိုးစားအားထုတ်
မှုကိုပင်ရင်းအရင်းအမြစ်အားထိုက်သင့်သည့်ဂုဏ်ပြု
လေးစားချီးမွမ်းဖော်ပြခြင်းမပြုဘဲအသုံးချခြင်း ” ဟုအဓိပ္ပါယ်
ဖွင့်ဆိုထားပါသည်။
From Wikipedia, the free encyclopedia
Plagiarism is the "wrongful appropriation" and "purloining and
publication" of another author's "language, thoughts, ideas, or
expressions," and the representation of them as one's own original work.
Plagiarism is considered academic dishonesty and a breach of journalistic ethics. It is subject to sanctions like expulsion.
Plagiar ism
is not a crime per se but in academia and industry it is a serious
moral offence, and cases of plagiarism can constitute copyright
infringement.
ဝီကီပေဒီယာအခမဲ့ စွယ်စုံကျမ်းကတော့ Plagiarism ကို“အခြားသူ၏
စကားအသုံးအနှုန်း၊ အတွေးအမြင်၊ အတွေးအခေါ် နှင့်
ဖော်ပြချက်များကိုမှားယွင်းမလျော်ကန်စွာအပိုင်စီးအသုံးပြုခြင်း၊
ခိုးချခြင်း၊ ပုံနှိပ် ဖြန့်ဝေခြင်း နှင့် မိမိကိုယ်ပိုင်းမူရင်းကဲ့သို့
တဆင့်ပြန်လည်တင်ပြခြင်း“ ဟုအဓိပ္ပါယ် ဖွင့်ဆိုပါသည်။
ဆက်လက်၍လည်းပိုင်ရှင်ဖော်ပြခြင်းမရှိဘဲထိုသို့ကူးယူခိုးယူဖော်ပြခြင်းကိုပညာရေးဆိုင်ရာမရိုးသားမှု
ကလိန်ကျမှု အဖြစ် လည်းကောင်း၊ ဂျာနယ်လစ်ဆိုင်ရာကျင့်ဝတ် သိက္ခာဖောက်ဖျက်မှု
အဖြစ်လည်းကောင်း သက်မှတ်ကြောင်းဖော်ပြထားပါသည်။ ထိုသို့ကျူးလွန်
ဖောက်ဖျက်မှုများကို သက်ဆိုင်ရာအသိုင်းအဝိုင်းမှ
နှင်ထုတ်ခြင်းဝိုင်းပယ်ခြင်းအားဖြင့် အရေးယူကြပါသည်။
ပိုင်ရှင်ဖော်ပြခြင်းမရှိဘဲကူးယူခိုးယူဖြော်ပခြင်းသည်
ပင်ကိုယ်အားဖြင့် သူ့ချည်းသက်သက် ရာဇဝတ်မှု မမြောက်သော်လည်း ပညာရေးလောက
နှင့် မီဒီယာလောကတွင် ပြင်းထန်သော လေးနက်သော ကိုယ်ကျင့်တရားဆိုင်ရာ
လူ့ကျင့်ဝတ်ဆိုင် ရာစော်ကားမှု ပြစ်မှု ဖြစ်ပြီး၊ ထိုမှတဆင့် မူပိုင်ခွင့်
ချိုးဖောက်မှု အဖြစ်ရောက်ရှိကာရာဇဝတ်မှု / တရာမမှု
စွဲဆိုမှုများအထိဖြစ်သွားနိုင်ကြောင်း ဖော်ပြထားပါသည်။
Writing Tutorial Services, Indiana University, Bloomington, IN, explains as follows;
What is Plagiarism and Why is it Important?
In college courses, we are continually
engaged with other people’s ideas: we read them in texts, hear them in
lecture, discuss them in class, and incorporate them into our own
writing. As a result, it is very important that we give credit where it
is due. Plagiarism is using others’ ideas and words without clearly
acknowledging the source of that information.
How Can Students Avoid Plagiarism?
To avoid plagiarism, you must give credit whenever you use
• another person’s idea, opinion, or theory;
• any facts, statistics, graphs, drawings—any pieces of information—that are not common knowledge;
• quotations of another person’s actual spoken or written words; or
• paraphrase of another person’s spoken or written words.
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊
ဘလူမင်တန်၊ အင်ဒီယာနာတက္ကသိုလ်၊ စာရေးခြင်းဆိုင်ရာ ကျူတိုရီယယ် ဝန်ဆောင်မှု
ဌာန မှ အောက်ပါအတိုင်းဖော်ပြထားပါသည်။
“ အဆင့်မြင့် ပညာရေးဆိုင်ရာအတန်းများတွင် မိမိတို့သည် အခြားသူများ၏ အတွေးအခေါ်များ
နှင့် အမြဲတမ်းထိတွေ့နေရ ပါသည်၊ ပြဌာန်းစာအုပ်များတွင် ဖတ်ရှုရသည်၊
စာသင်ခန်းတွင် ဟောပြောပို့ချမှုများကို ကြားရသည်၊ အတန်းတွင်းတွင်
ဆွေးနွေးကြရသည်၊ ထိုမှတဆင့် ထိုအတွေးအခေါ် များကိုမိမိတို့က
ပြန်လည်စုစည်းကာရေးသားတင်ပြကြရပါသည်။ သို့အတွက်ကြောင့် မိမိတို့သည် ဂုဏ်ပြု
ဖော်ပြ သင့်သူများကိုထိုက်သင့်သည့် ဂုဏ်ပြုလေးစားဖော်ပြမှုများ ပြုလုပ်ရန်
အလွန်အရေးကြီးပါသည်။
ခိုးယူကူးယူခြင်းဆိုသည်မှာသူတစ်ပါး၏
အတွေးအခေါ် နှင့် စကားလုံးများကို အရင်းအမြစ်ကိုထင်ရှားရှင်းလင်းစွာ
အသိအမှတ်ပြု ဖော်ပြခြင်းမပြုဘဲ အသုံးပြုခြင်း ဖြစ်သည်”ဟု ဖွင့်ဆိုပါသည်။
ထိုသို့ကျူးလွန်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက်လည်းအကြံပြုချက်များကိုအောက်ပါအတိုင်းဆက်လက် ဖော်ပြထားပါသည်။
• သူတစ်ပါး၏ အတွေးအခေါ်များ၊ ထင်မြင်ချက်များ၊ သီအိုရီများ
• အများထင်ရှားသိရှိပြိးမဟုတ်သောအကြောင်းအရာအချက်အလက်များ၊
ကိန်းဂဏန်းအချက်အလက်များ၊ ပုံပြမျဉ်းများ၊ ပုံကြမ်းများစသည် မည်သည့်
သတင်းအချက်အလက်များ
• သူတစ်ပါးပြောဆိုဆွေးနွေးမှုများ နှင့် ရေးသားဖော်ပြမှုများကိုတိုက်ရိုက် ကောက်နှုတ် ဖော်ပြချက် ကိုးကားချက်များ
• သူတစ်ပါးပြောဆိုဆွေးနွေးမှုများ နှင့် ရေးသားဖော်ပြမှုများကိုမိမိအရေးအသားအနေဖြင့် ပြန်လည် ရေးသားဖော်ပြချက်များ
ပြုလုပ်သည့် အခါတိုင်းမူရင်းပိုင်ရှင်ကိုသိသာထင်ရှားစွာဖော်ပြပေးရပါမည်။
မြန်မာနိုင်ငံသည်
အခန်းကဏ္ဍအသစ်တစ်ရပ်ကိုဖော်ဆောင်နေပါသည်။ လူဦးရေအားဖြင့် နှိုင်းယှဉ်လျင်
ကမ္ဘာ နိုင်ငံများတွင် အဆင့် ၂၆ ခန့်တွင်လည်းကောင်း၊
ဧရိယာအကျယ်အဝန်းအားဖြင့် နှိုင်းယှဉ်လျင် အဆင့် ၄၀ ခန့်တွင်
ရှိကြောင်းမှတ်သား ရဘူးပါသည်။ နိုင်ငံငယ်လေးမဟုတ်ပါ။ ဘာသာ၊ စာပေ နှင့်
ယဉ်ကျေးမှုအားဖြင့်လည်းကိုယ်ပိုင်များဖြင့်
နှစ်ထောင်ပေါင်းများစွာသမိုင်းကြောင်းရှိသော နိုင်ငံဖြစ်ပါသည်။
နိုင်ငံကြီးသားပီသကြပြီလား။
ပညာရေးလောကကိုတော့ ဆရာဂိုဏ်းသင့်မည်စိုး၍
လည်းကောင်း၊ တရားဝင် မဟုတ်သောကောလဟာလ သတင်းများကိုကိုးကား၍
လည်းကောင်းမဆွေးနွေးလိုသဖြင့် ချန်လှပ်ခဲ့ပါသည်။ ဂျာနယ်လစ်လောကတွင်တော့
သတင်းတစ်ခု၊ ဆောင်းပါးတစ်ခု၊ စာအုပ်တစ်အုပ်ကိုအမြီးဖြတ်၊ ခေါင်းဖြတ်၊
ခြေဖြတ်၊ လက်ဖြတ်ပြီးဟိုဆက်ဒီဆက်လုပ်တာတွေ၊ အတတ်ပညာဖြင့်
ပြုပြင်ဖန်တည်းတာတွေ၊ ဗြောင်ခိုးချတာတွေ တွေ့နေရပါပြီ။ လူမိသွားလို့
တောင်းပန်ရတာတွေ၊ တိုးတိုးတိတ်တိတ် ပေးလျော်လိုက်တာတွေ ကြားနေရပါတယ်။
အွန်လိုင်းဝက်ဘ်ဆိုက်မှာလည်းအိုင်တီအတတ်ပညာအားကိုး
နှင့် ဘလော့ဂ် တစ်ခုဖွင့်ပြီး သူတစ်ပါးအင်အားစိုက်ထုတ်
ကြိုးစားပမ်းစားဖန်တည်းထားတာတွေကိုအမြည်းပေး၊ လင့်ခ် ဖော်ပြတာ
မဟုတ်ဘဲအစအဆုံးကော်ပီအင် ပေ့စ် လုပ်၊ ပိုင်ရှင် နှင့်
မူရင်းကိုစာလုံးသေးသေး နှင့် မထင်မရှားဝိနည်းလွတ် ဖော်ပြပြီးမိမိဘလော့ဂ်
အဝင်များအောင်လုပ် ကြော်ငြာရှာစားနေသူတွေ အများအပြားတွေ့နေရပါပြီ။
ကိုယ်ချင်းစာကြပါ။ ထိုက်သင့်တဲ့
သူကိုထိုက်သင့် သလိုနေရာပေးလေးစားဂုဏ်ပြုကြပါ၊ နိုင်ငံကြိးသားပီသကြပါ။
စာခိုးတာလဲအဒိန္တွာဒါနကံထိုက်တယ်ဆိုတာကိုလည် သတိပြုကြရင်း လူရိုသေရှင် ရိုသေ ဂုဏ်သိက္ခာကျင့်ဝတ်နဲ့ ညီအောင် ပြုမူနေထိုင် ကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
No comments:
Post a Comment