ဧကထောင်ကျော် မိုလိုင်းတောအုပ်အား နှစ်(၃၀)အတွင်း ကိုယ့်ခြေကိုယ့်လက်ဖြင့် ပျိုးထောင်ခဲ့သူ ဂျာဒေ့ဗ်ပါယန်
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup on 11 Mar, 2013
by Myit Makha Mediagroup on 11 Mar, 2013
ဂျာဒေ့ဗ်ပါယန်သည် ဗြဟ္မပုတ္တရ မြစ်လယ်ရှိ ဟက်တာ-
၅၅၀ ကျယ်ဝန်းသည့်သောင်ပြင်ပေါ်တွင် လွတ်လွတ်လပ်လပ်
ကျယ်ပြန့်တိုးပွားလာနေသောသစ်တောတစ်အုပ်ကိုသူ တစ်ဦးထည်းလုပ်အားဖြင့်သာ
စိုက်ပျိုး ပြုစုခဲ့ပါသည်။
ယခုအချိန်တွင် ဤသစ်တောအတွင်း အနည်းဆုံး ကျား
၅-ကောင် အပါအဝင်မျိုးတုံးမည့် အန္တရာယ် ရင်ဆိုင် နေရသော
တိရစ္ဆာန်များနေထိုင်ကျက်စားလျက်ရှိနေပြီ ဖြစ်ပါသည်။ ကျားမတစ်ကောင်မှာ
မကြာမီကာလကသားပေါက်လေး ၂-ကောင် မွေးဖွားခဲ့ပါသည်။
ထိုတောအုပ်သည် ဂူဝါဟတီမြို့တော်မှ
မော်တော်ယာဉ်လမ်းအတိုင်း ၃၅၀-ကီလိုမီတာအကွာ ဂျော်ဟတ်ဒေသ အတွင်း တည်ရှိပြိး
ဆန်းဒေးတိုင်း သတင်းအဖွဲ့အနေဖြင့်ထိုနေရာသို့ရောက်ရှိနိုင်ရန် ခက်ခက်ခဲခဲ
ကြိုးစား အားထုတ်ခဲ့ရပါသည်။
ဒေသခံလူများက ပါယန်း၏ ချစ်စနိုး နာမည်ပြောင် မိုလိုင်းကို အစွဲပြု၍မိုလိုင်းပိုင်သစ်တော ( Molai’s Kathoni ) ဟု ခေါ်ကြပါသည်။
ဤအဖြစ်အပျက်များမှာ ၁၉၇၉- ခုနှစ်အတွင်း
ရေလွှမ်းမိုးမှုကြောင့်မြွေပေါင်းမြောက်များစွာ သောင်ပြင်ပေါ် လာတင်ရာမှ
အစပျိုးခဲ့ခြင်းဖြစ်သည်။ရေကျသွားသောအခါတွင် ထိုစဉ်အခါက အသက် ၁၆-နှစ်သား
ပါယန်က မြွေသေတွေကိုအစုလိုက် အပြုံလိုက်တွေ့လိုက်ရပါသည်။ ထိုမြင်ကွင်းက
သူ့ဘဝကိုအလှည့်အပြောင်း ဖြစ်သွားစေခဲ့သည်။
“
မြွေတွေဟာ သစ်ပင်ရဲ့ အရိပ်အာဝါသ မခိုရဘဲ နေပူလို့ သေကုန်ကြတာပါ။
အဲဒီမြွေအသေကောင်တွေကို ကြည့်ရင်း ကျွန်တော်
ထိုင်ငိုမိပါတယ်။ဒါအစုအပြုံလိုက် သတ်ပွဲကြီးပါ။ ကျွန်တော်
ဒီအဖြစ်အပျက်ကိုသစ်တောဌာနသို့ အကြောင်း ကြားပါတယ်၊ ဒီနေရာမှာ
သစ်ပင်စိုက်ပေးနိုင်မလားလို့မေးပါတယ်။ ဒီသောင်ပြင် မှာ ဘာအပင်မှ ပေါက်မှာ
မဟုတ်ဘူး လို့ ဖြေပါတယ်။ကျွန်တော့်ကိုလည်း ဝါးပင်တွေ စမ်းစိုက်ကြည့်ပါလား
လို့ ခိုင်းပါတယ်။အတော်လေးတော့ ပင်ပန်း ဆင်းရဲ ပါတယ်၊ ဒါပေမဲ့ ကျွန်တော်
လုပ်ခဲ့ပါတယ်။ဘယ်သူမှ ကူတဲ့လူ မရှိဘူး။ ဘယ်သူမှလည်း စိတ်မဝင်စားပါဘူး ” ဟု
ယခု အသက်၄၇-နှစ်အရွယ် ပါယန်က ပြောပြပါသည်။
သူ့ကျောင်းနှင့် အိမ်ကို စွန့်ခွာပြိး
သောင်ပြင်ပေါ်မှာပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ရော်ဘင်ဆင် ကရူးဆိုး နှင့်
မတူတာ ကတော့ သူကတစ်ယောက်တည်း အထီးကျန် နေရတာကို နှစ်နှစ်ခြိုက်ခြိုက်
လက်ခံခဲ့ခြင်းဖြစ်ပါ သည်။ သူ့မှာ ကူမည့်သူ မရှိပါ။ သူ့အပင်များကို
နေ့ရောညပါ ရေလောင်းပေါင်းသင်အမြဲပြုစုပါသည်။ နှစ် အနည်းငယ်အကြာတွင်
သဲသောင်ပြင်မှာဝါးတောအသွင် ပြောင်းလာပါသည်။
“ အဲဒီတော့ ကျွန်တော် သင့်တော်တဲ့  အပင်တွေစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အပင်တွေ
လိုက်ရှာပြီး ပြောင်းစိုက်ပါတယ် ။ကျွန်တော် ပုရွက်ဆိတ်အနီတွေကို ရွာကနေ
သောင်ပြင်ပေါ်အထိ သယ်လာတယ်။ ခဏခဏအကိုက်ခံရတယ်။ ပုရွက်ဆိတ်တွေက မြေသားရဲ့
အရည်အသွေးကို ပြောင်းပေးပါတယ်။ဒါ ကိုယ်တွေ့ပါ ” ဟု ပါယန်က ရယ်ရယ်မောမော
ပြောပါတယ်။
မကြာမီ ကာလအတွင်းမှာပင် သောင်ပြင်ပေါ်မှာ
အပင်မျိုးစုံ၊ တိရစ္ဆာန်မျိုးစုံတွေ့မြင်လာရပါသည်။ ဦးချို တစ်ချောင်း
ကြံ့နှင့်တော်ဝင်ဘင်္ဂလားကျားအပါအဝင် မျိုးတုံးပျောက်ကွယ်လုနီး
တိရစ္ဆာန်များပင် ပါလာတတ်ပါသည်။
‘’
၁၂- နှစ်လောက်အကြာမှာ ကျွန်တော်တို့ လင်းတတွေကို
ပြန်မြင်လာရတယ်။ရွှေ့ပြောင်းငှက်တွေလည်း အုပ်စုလိုက် ဒီမှာ ခိုဝင်လာကြပါတယ်။
သမင် နဲ့ကျွဲ၊ နွား၊ ဆိတ်တွေ ကလည်း သားစား တိရစ္ဆာန်တွေကို ဆွဲ ဆောင်ပါတယ်။
’’ ဟုပါယန်က ပြောပြပါသည်။ ဆက်လက်၍ ဒေသခံများက ဤသစ်တောအတွင်း တွေ့ရ
သောကြံ့တစ်ကောင်ကို ဆစ်ဆဂါး ခရိုင်အတွင်းရှိ
သစ်တောအတွင်းမှာသတ်လိုက်ကြောင်း ပြောကြားပါ သည်။
ပါယန်းက လေ့ကျင့်ထားသော သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တစ်ဦးကဲ့သို့ ဆက်လက် ပြောကြားရင်း မေးခွန်းထုတ်လိုက်ပါသေးသည်။ ” သဘာဝကအစာကွင်းဆက်တစ်ခု
ဖန်တီးပေးထားတာပါ။ ကျွန်တော်တို့လို အဆင့်မြင့်သတ္တဝါတွေက တိရိစ္ဆာန်တွေကို
အမဲလိုက်သတ်ဖြတ်နေရင် သူတို့ကို ဘယ်သူ တွေကကာကွယ် စောင့်ရှောက်ကြမှာလဲ ။
”
အာသံပြည်နယ် သစ်တောဦးစီးဌာနသည် ၂၀၀၈ ခုနှစ်
အတွင်းမှသာ အကောင် ၁၀၀ခန့်ပါသော တော ဆင်ရိုင်း အုပ်တစ်အုပ်က
အနီးအနားဝန်းကျင်မှ ရွာများအတွင်းလှည့်လည်ဝင်ရောက် စားသောက်ပြီး ထို
သစ်တောအတွင်း ဝင်ရောက်သွားမှသာထိုသစ်တောအုပ် တည်ရှိမှုကို
သတိပြုမိလာခဲ့ပါသည်။ ထိုဆင်အုပ်သည် ပါယန်၏ တဲအိမ်လေးကိုလည်း
ဖျက်ဆီးသွားခဲ့ကြပါသေးသည်။
ထိုကိစ္စကြောင့်သာ လက်ထောက် သစ်တောထိန်းသိမ်းရေး အရာရှိ ဂူနင်ဆိုင်းကီယာ ကပါယန်အား ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။
“
သောင်ပြင်ပေါ်မှာ ဒီလို ထူထပ်စိမ်းလန်းနေတဲ့
တောအုပ်ကိုတွေ့လိုက်ရတော့ကျွန်တော်တို့ အရမ်းအံ့အား သင့်ခဲ့ မိပါတယ်။
တောဆင်ရိုင်းတွေရဲ့ဖျက်ဆီးမှုကို ခံလိုက်ရတဲ့ ရွာသားတွေက သစ်တောကို ခုတ်ထွင်
ရှင်းလင်းပစ်လိုက်ချင် ကြတယ်။ ဒါပေမဲ့ ပါယန်က သူ့အသက်သာ
အသေခံမယ်ဆိုတာဖော်ပြခဲ့ပါတယ်။ ပါယန်က သစ်ပင်တွေနဲ့ တိရိစ္ဆာန်တွေကို
သူ့ရင်သွေးတွေလိုသဘောထား စောင့်ရှောက်တာပါ။ ဒါကို မြင် တွေ့ရတော့
ကျွန်တော်တို့လဲမနေနိုင်တော့ဘဲ ဝင်ရောက် ကာကွယ်စောင့်ရှောက်ပေးဖို့
ဆုံးဖြတ်ချက်ချလိုက်တာပါ။ ” ဟု ဆိုင်းကီယာက ပြောပါသည်။ ပြီးတော့
ယခုကဲ့သို့မှတ်ချက်ပြုသည်။
“ ကျွန်တော်တို့
ပါယန်ကို အရမ်းအံ့သြ ပါတယ်။ သူက ဘဝကို ဒီသစ်တောထဲမှာနှစ်ပေါင်း ၃၀
မြုပ်နှံ ထားခဲ့တာပါ။ အခြားနိုင်ငံမှာသာဆိုရင်
သူ့ကိုသူရဲကောင်းတစ်ယောက်အဖြစ် ချီးမြှင့်ခံရမှာ သေချာပါတယ်။ ”Face Book ထဲမှ Inspiring Stories, Interesting InfoMarch 5, 2013 ထံမှရှယ်ထားပါသည်။ မူရင်းမှာ Sunday Times ဖြစ်ပါသည်။
No comments:
Post a Comment