Thursday, June 6, 2013

World Economic Forum East Asia 2013


ကမ္ဘာ့စီးပွားရေး ဖိုရမ် အရှေ့အာရှ ၂၀၁၃ သက်ဝင်လှုပ်ရှား

ညွန့်အောင် ( မြစ်မခ )

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ဟိုတယ် နှင့် ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီးများ သည် ဒေသတွင်း လွတ်လပ်စွာခရီးသွားလာခွင့် စမာ့တ်ဗီဇာ စနစ်အတွက် ပူးတွဲ ဆောင်ရွက်ရန် ယနေ့ သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာပါသည်။
ထိုသဘောတူညီချက်အား ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ် အရှေ့အာရှ ၂၀၁၃ ကျင်းပစဉ်အတွင်း ဇွန်လ ၅- ရက်တွင် သဘောတူညီချက် စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း ဖြစ်ပါသည်။

နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ဇွန်လ ၅-၇ ရက်အတွင်းကျင်းပမည့် ၂၂-ကြိမ်မြောက်  ကမ္ဘာ့စီးပွားရေး ဖိုရမ် အရှေ့အာရှ ၂၀၁၃ တက်ရောက်မည့်  ပြည်တွင်းပြည်ပမှ ဧည့်သည်တော် များ နှင့် သတင်းဌာနမှ ပုဂ္ဂိုလ်များ စတင် မှတ်ပုံတင်နေကြပြီဖြစ်သည်။

အဆိုပါ ဖိုရမ်သို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၉၀၀-ကျော် ပါဝင်တက်ရောက်နေကြပါသည်။ မြန်မာ၊ လာအို၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံတို့မှ နိုင်ငံ အကြီးအကဲများ အပါအဝင် နိုင်ငံ ၁၅-နိုင်ငံမှ ထင်ရှား ကျော်ကြားသော ပုဂ္ဂိုလ်ပေါင်း ၁၀၀-ခန့်လည်း တက်ရောက်ကြပါသည်။

နိုင်ငံတကာ ကုမ္ပဏီကြီးပေါင်း ၆၀-ကျော်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၅၅၀-ကျော်၊ ကမ္ဘာ့ လူရွယ် ခေါင်းဆောင်ပေါင်း ၃၀၀-ကျော် တို့သည် လူမှုရေးအဖွဲ့အစည်းများ၊ ပညာရှင်များ နှင့် မီဒီယာများ နှင့်အတူ အရှေ့အာရှ ဒေသ နှင့် မြန်မာ နိုင်ငံ အတွင် ရင်ဆိုင်နေရသော အခက်အခဲများ  ဖြေရှင်းရန် နှင့် စီးပွားရေး အခွင့်အလမ်းများ ဖော်ထုတ်ရန် ဝိုင်းဝန်းဆွေးနွေးကြမည် ဖြစ်ပါသည်။

ဇွန်လ ၆-ရက် ကြာသပတေးနေ့ နေ့လည် ၁၊၄၅ နာရီတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ မိန်ခွန်းပြောကြား၍ တရားဝင် ဖွင့်ပွဲ ကျင်းပမည်ဖြစ်ပါသည်။

ထိုနေ့ နံနက် ၁၁၊၀၀ နာရီတွင် စတင်ကျင်းပမည့်  မြန်မာနိုင်ငံ အနာဂတ် ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုသိန်း နှင့် ရိန်းဖောလ် မြန်မာ အဖွဲ့ တွဲဖက် တည်ထောင်သူ ဒေါ်ဇင်မာအောင်တို့ ပါဝင်ဆွေးနွေးမည့် ဆွေးနွေးပွဲကိုလည်း ဖိုရမ်တက်ရောက် လာသူများ စိတ်ဝင်စားလျက်ရှိကြပါသည်။

ထိုအစီအစဉ်အား ဖိုရမ်အဖွဲ့ နှင့် ဘီဘီစီ အသံလွှင့်ဌာနတို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပါသည်။

No comments:

Post a Comment