Friday, June 7, 2013

ဟိုတွေး ဒီတွေး


                               ဒေါ် အောင်ဆန်းစုကြည် နှင့်  ဖွဲ့စည်းပုံ ပြင်ဆင်ရေး



ဒေါ်အောင်ဆန်းစုကြည် မနေ့က ညနေပိုင်း မှာ သမ္မတ ဖြစ်ချင်ပါတယ် ဆိုတဲ့ စကားကို ရှင်းပြပါတယ်

သတင်းဌာန တစ်ခုနဲ့ တွေ့တုန်းက  သမ္မတ မဖြစ်ချင်ဘူးလားလို့မေးပါတယ်တဲ့

မကွယ်မဝှက် ပွင့်ပွင့်လင်းလင်း ဖြေတတ်တဲ့ ဒေါ်စုက သမ္မတ ဖြစ်ချင်ပါတယ်လို့ ဖြေလိုက်ပါတယ်

သူများတွေလို ပြည်သူတွေ အလိုရှိရင် ပါတီက တာဝန်ပေးရင် လုပ်ပါမယ်လို့ ဒေါ်စု ဝေ့လည်ကြောင်ပတ် မဖြေခဲ့ပါဘူး၊ သူ သမ္မတ မဖြစ်အောင် သေချာ ဆွဲထားတဲ့ ဖွဲ့စည်းပုံဘဲ ဒေါ်စု မသိရှိပါ့မလား။

ပါတီတစ်ခုထူထောင်ရင် တိုင်းပြည် နဲ့လူမျိုးအတွက် ပေါ်လစီတွေုထုတ်ပြန်ပြီး ဘာလုပ်မယ် ညာလုပ်မယ် ကြေငြာကြတာဘဲလေ

နိုင်ငံအတွက် တစ်ကယ်လုပ်နိုင်တာ အစိုးရ အဖွဲ့ပါဘဲ

လက်နက်ကိုင် သူပုန်တွေ ဘယ်လောက်ဖျက်ဖျက် ၊ အဝေးရောက်တွေ ဘယ်လောက် အော်အော် သမန်းရှ သလောက်ဘဲ ရှိတာပါ

အစိုးရ ပေါ်လစီ မှားတော့ အနှစ် ၂၀-ကျော် အကြာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းသွင်းပေးဖို့ ကိုယ်တိုင် တောင်းဆိုခဲ့ရတယ်

နောက်ထပ် နှစ်ပေါင်း ၂၀-အကြာမှာ သစ်တောပြုန်းတီးမှု ကမ္ဘာ့ အဆင့် ဝင်သွားတယ် ပြည်သူပြည်သား တွေလဲ နိုင်ငံတကာထွက်ပြီး အများစု က အဆင့်နိမ့်အလုပ်တွေလုပ်ကြရတယ် ကိုယ့်ထက် သမိုင်းကြောင်း  နိမ့်တဲ့သူတွေရဲ့ အနိုင်ကျင့် စော်ကားတာခံကြရတယ်

ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီး ရာထူးက နားတော့ ဟောပြောပွဲတွေ လိုက်ဟောတော့ ညာဏ် ပူဇော်ခ များစွာ ရတယ်တဲ့။

ဒေါ်စု အရည်အချင်း၊ အတတ်ပညာ၊ အတွေ့အကြုံ၊ ကျော်ကြားမှုတွေနဲ့ ပြင်ပနိုင်ငံတွေမှာ ဟောပြောနေရင် ဝင်ငွေ အများကြီးရမှာပါ
ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေမှာ ရာထူး ဝင်ယူရင် လဲရတာဘဲ

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်က ထွက်တဲ့ ကျောက်ရိုင်းတုံး ကို ပြည်ပက အကွက်ဖော်သွေးပြီး အရောင်တင်ပေးထားတဲ့ ကျောက်ရိုင်းတုံးပါ။

ပြည်ပကို အများကြီးထွက်ကြတယ်၊ သူလိုတော်တတ်လာတဲ့သူ နည်းနည်းလေးပါ
မျိုးရိုးဗီဇ ကောင်းပါရဲ့ ပြည်တွင်းမှာနေရင်း တိမ်ကောသွားတဲ့သူတွေ အများကြီး
ပင်ကိုယ်အရည်အသွေးရော လေ့ကျင့်ပျိုးထောင်မှုရော ကောင်းတဲ့ လူတော်လူကောင်းတစ်ယောက်ပါ

လူအများစုက ဒေါ်စု တော်မှန်း လက်ခံတယ်၊ ကောင်းမှန်းလက်ခံတယ်၊ ခေါင်းဆောင်အဖြစ်နဲ့ လက်ခ့ကြတယ်

မကောင်းတဲ့လူတစ်စုက ဒေါ်စု အရောင်တောက်ပြောင်လွန်းတော့ အမျိုးမျိုး ကြိုးစားပြီး သိက္ခာကျအောင်၊ အကြည်ညိုပျက်အောင် လုပ်နေကြတယ်

ကျွန်တော်တို့ မျောက်အုန်းသီး ရသလိုဖြစ်နေကြပြီလား

အနှစ်နှစ်ကာလက ပြဿနာပေါင်းစုံ နဲ့ ပွေလီရှုတ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးရှင်းပေးနိုင်တာ ဒေါ်စုက 
လွဲရင် ဘယ်သူရှိမလဲ၊

ဒေါ်စုလောက် တိုင်းပြည်ကို လူသိများအောင်၊ နေရာလေးတစ်ခုပြန်ရအောင် လုပ်နိုင်တာ ဘယ်သူရှိလဲ

အသေးအမွှားတွေမှာ ဆန္ဒတွေ ထုတ်ဖော်နေတဲ့ ပြည်သူတွေ ဒေါ်စု သမ္မတ ဖြစ်နိုင်တဲ့ အထိ 

ဖွဲ့စည်းပုံ ပြင်ဖို့ ဘာတွေများ ဆန္ဒ ဖော်ထုတ်ကြပါသလဲ

ကိုယ့်ပိုင်ဆိုင်မှု ထုတ်ဖော်ကြေငြာဖို့ သဘောမတူရဲတဲ့ သူတွေ ပြင်ပေးမယ် ထင်လို့စောင့်နေတာလား

အရည်အချင်းရှိတဲ့ ထိုက်တန်တဲ့သူကို လုပ်ပိုင်ခွင့်ပေးမှ တိုင်းပြည် အမြန် တိုးတက်မှာပါ

ဦးစိုးသိန်းပြောသွားပါတယ်၊ နှစ်ပေါင်းများစွာ လိမ်ရှုတ်နေတဲံ့ ကြိုးထုံးကြီးကို ဖြည်ရတာ နဲနဲတောံ ကြာမှာပေါ့တဲ့  ဖြည်ရင်းဖြည်ရင်း နောက်ထပ် နှစ်၂၀ ကြာသွားအုန်းမှာလား

မြန်မာပြည်မှာ တစ်ခါပြောင်းဖို့  ၂၅ နှစ်လောက်ကြာတတ်ပါတယ်

၁၉၆၂-၁၉၈၈  / ၁၉၈၈ - ၂၀၁၁   နောက်ထပ် နှစ် ၂၀ ကြာရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အလိုလို ပြောင်းသွား အောင်စောင့်ကြတာပေါ့

၆-ရက်နေ့က ဒေါ်ဇင်မာအောင် ပြောသွားတယ်  ၂၅-ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များက ၇၅-ရာခိုင်နှုန်းသော အရပ်သားကိုယ်စားလှယ်များထက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ဗီတို အာဏာရထားတယ်တဲ့

ဟုတ်သားဘဲနော်

၁၉၄၈ ဖွဲ့စည်းပုံ ဗိုလ်ချုပ်ကြီး နေဝင်း ဖျက်ပေးတယ်

၁၉၇၄ ဖွဲ့စည်းပုံ ဗိုလ်ချုပ်မှူးကြီး စောမောင် ဖျက်ပေးတယ်

၂၀၀၈ ဖွဲ့စည်းပုံကို လက်ရှီ ကာချု့ပ်က  မိမိ ဆန္ဒ အလျောက် တပ်မတော်သား ပါဝင်မှုကို နောက်ဆုတ်ပေးရင်း ပြင်ပေးရင် ကောင်းမှာဘဲနော်။

No comments:

Post a Comment