မျက်တောင်မွှေ တဆုံးသာ ကြည့် ( မြင် ) သူတွေ တော်တော်များနေပါလား
ဦးပေါ်ဦး စာအုပ်ထဲမှာ တော့ မြစ်ရေ မကြီးအောင် ဘုရင်ကို ကြိမ်နဲ့ ရေပြင်းကို ရိုက်ခိုင်းတယ်
သူများတွေကို ကလေး နှစ်ယောက်ထက် ပို မမွေးရလို့ကန့်သတ်ရမယ်တဲ့
အောင်မြင်ရင်တော့ ဆက်ပြီး အမိန့်ထုတ်ခိုင်းရမယ်
ဒီကောင်တွေလဲ တော်သလင်းလဘဲ ခွင့်ပြုထားတာ ကာလလဲ ဂရုမစိုက်
နေရာလဲ မရွေး လူတွေလိုက်တုနေတယ်
ခွေးတွေ အတွက် အမိန့်ထုတ်ခိုင်းအုန်းမှ
အမိန့်ထုတ်ြ့ပီးပြီ။
အာဏာတည်အောင်လုပ်ရတော့မယ်
အိမ်တိုင်းစေ့သွား ကလေး ၂-ယောက်ကျော်တာနဲ့
ယောက်ျား ဖြတ်ပေးမလား၊ မိန်းမ ဖြတ်ပေးမလား
၂-လ၊ ၃-လတစ်ခါ ဆေးလိုက်ထိုးပေးမလား၊ စာရင်းသေချာလုပ်ထား လူနဲ့ အချိန်မမှားအောင်
ဒါမှမဟုတ် ငယ်ငယ်က ကျောင်းမှာ သံချဆေး တိုက်သလို မနက်တိုင်း ပါးစပ်တွေ ဖြဲပြီး ဆေး တစ်
လုံးစီ လိုက်ထည့်မလား၊ လျှာအောက် ကပ်မထားအောင် သေချာစစ်အုန်းနော်
အခု အော်နေတဲ့ သူတွေ စာရင်းလာပေး အဲဒီအလုပ်တွေ လုပ်ပေးဘို့
==============================
ကဲ ဒါနဲ့ မမှီလိုက်ဘူး ကောင်မ တတိယ ဗိုက်ထွက်လာပြီ
မျိုးချစ် တွေလာ အတင်းဗိုက်ကို ဝါးလုံးနဲ့ဖိချရအောင်
ဒါမှ မဟုတ် ဆေးထိုး ဆေးတိုက် ဖျက်ချရအောင်
ဒါမှမဟုတ် သားဖွားဆရာမတွေ ဆရာဝန်တွေ တာဝန်ပေးထား တတိယ ကလေးဆိုတာနဲ့
မွေးမွေးချင်း သတ်လိုက်လို့
ကျန်းမာရေး မကောင်းလို့ မိသားစု စီမံကိန်း နားလည်လို့ ဖြတ်ချင်ရင် တင်ရတဲ့လျှောက်လွှာ
တည်ဆဲဥပဒေက ဘာတွေ ပြဌာန်းထားလဲ မသိတာလား မသိချင်ယောင်ဆောင်တာလား
==============================
လုပ်ရမှာက ခိုးဝင်လာရင် ဝင်လာတဲ့ အပေါက်ပိတ်
ရောက်ပြီးသားသူတွေ ဘယ်သူ့အမိန့်နဲ့ ဘယ်သူ မှတ်ပုံတင်ပေးထားလဲ
နောက်ကြောင်းပြန် ဖိုင်တွေ ပြန်ရှာ အရေးယူ
အခြေခံ ဥပဒျေမှာ တရားဝင် လုပ်ဆောင်ချက်တွေကိုဘဲ အမွေခံရမှာ
ဥပဒေမဲ့ လုပ်ထားတာ လာဘ်စားထားတာ အလွဲသုံးစားလုပ်ထားတာတွေ ခွင့်ပြုရမယ်လို ရေးမထားဘူး
==============================
နောက်တစ်ခုက လက်ထပ်ထိမ်းမြားခြင်း ဥပဒေပြင်
ဘာသာမတူရင် လက်ထပ်ခွင့်မပြုနဲ့
အဲဒီလောက် လင်လိုချင် မယားလိုချင်နေလို့ ဘာသာတူထဲက ရှာမရရင် အပျို လူပျိုဘဝ ကတည်းက ဘာသာပြောင်းပြီးမှ လက်ထပ်ခွင့်ပြု
ဘာသာမပြောင်းဘဲ လက်ထပ်ရင် ပြင်းပြင်းထန်ထန် အရေးယူဘို့ ပြဌာန်းထား
မကျေနပ်သေးရင် ကာယကံရှင် ကို အပြစ်ပေးလို့အားမရရင် မွေးထားတဲ့ မိဘပါ အရေးယူ
ကိုယ့်သားသမီး ကိုယ်ယုံကြည်တဲ့ ဘာသာရေး သေချာ မသွန်သင်လို့
ကဲ လုပ်နိုင်ရင် လုပ်ကြ
အဲဒါကြောင့် တစ်ချို့မိဘ ကိုယ့်သားသမီး စွန့်လွှတ်ကြောင်း ကြေငြာတာပေါ့
အော် ငါကလဲ မနေနိုင် မထိုင်နိုင် ဝင်ရှာရှည်မိ ပြန်ပြီ
No comments:
Post a Comment