Thursday, June 6, 2013

World Economic Forum East Asia 2013 News



World Economic Forum East Asia 2013 News

မန်မာ့ ကလေးငယ်များကို အာဟာရ ပံ့ပိုးရင်း ကျောင်းတွင်း ဥယျာဉ်များ  ထူထောင်ပေးမည့် အစီအစဉ်

ညွန့်အောင် ( မြစ်မခ )

         နေပြည်တော်တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ် အရှေ့အာရှ အစည်းအဝေးတွင် ပါဝင်နေကြသော ကမ္ဘာလုံးဆိုင်ရာ လူငယ် ခေါင်းဆောင်းများ အဖွဲ့ (  Young Global Leaders ) က မြန်မာနိုင်ငံမှ ကျောင်းသား ကလေးငယ်များအား အာဟာရ ဖြည့်တင်းပေးရေး အစီအစဉ်တစ်ရပ်ကို ကြေငြာ လိုက်ပါသည်။

         တေဘယ်လ်ဖော်တူး (  Table for Two ) အမည်ရ ကလေးသူငယ်များ အာဟာရ ထောက်ပံ့ရေး အစီ အစဉ် ဒါရိုက်တာ ဒယ်နီယယ်လ် ဂိုးလ်စတိန်းက “ မြန်မာနိုင်ငံက ဝင်ငွေနည်းသူတွေအတွက် အာဟာရ ပြည့်ဝတဲ့ အစားအသောက် နေ့စဉ် မှန်မှန် စားရဖို့က ကြီးလေးတဲ့ စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ကုလသမဂ္ဂ စာရင်း ဇယားများအရ လူဦးရေ ၃-သန်းခန့်သည် ရိက္ခာ မလုံလောက်ကြပါဘူး။  အသက် ၅-နှစ်အောက် ကလေးငယ်များ၏  ၃၅-ရာခိုင်နှုန်းခန့် ကြီးထွားနှုန်း နှေးကွေးနေတာဟာ အာဟာရ ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်” ဟုပြောကြားသွားပါတယ်။

         ကမ္ဘာာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များအဖွဲ့ အကြီးတန်း ဒါရိုက်တာ ဒေးဗစ် အိုက်မန်းက “  လူငယ်ခေါင်းဆောင်အဖွဲ့က ကောင်းမွန်တဲ့အနာဂတ်တစ်ခု ရှိတယ်လိုကယုံကြည်သူတွေ ဖြစ်ပါတယ်၊ ယုံကြည်တဲ့အတိုင်း လဲ အနာ၈တ်ကောင်းတွေ တည်ဆောက်နေကြပါတယ်။ ဒီအဖွဲကတွေလုပ်နေတဲ့ ကလေးသူငယ်တွေကို အာဟာရ ဖြည့်တ်ငးရေး အစီအစဉ်သည် ဂျပန်နိုင်ငံမှာ စတင်ခဲ့ပြီး အီသီအုပီးယား၊ ကင်ညာ၊ မာလာဝီ၊ ရဝမ်ဒါ၊ တန်ဇန်နီးယား နှင့် ယူဂန်ဒါ နိုင်ငံများမှ ကလေးငယ် သန်း၂၀-ခန့်အား အာဟာရ တိုက်ကျွေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုလည်း ကမ္ဘာ့ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ နှင့် ပူးပေါင်း၍ မြန်မာနိုင်င့မူလတန်းကျောင်းများတွင် အာဟာရတုက်ကျွေးရေးအစီအစဉ်များ နှင့် စဉ်ဆက်မပြတ် ပြည့်ဖြိုါ်မြဲ ကျောင်းတွင်း စိုက်ခင်းများ၊ ဥယျာဉ်များပျိုးထောင်ရေးကို အကောင်အထည်ဖော်သွားမည်” ဟုပြောကြားခဲ့ပါသည်။

         စားနပ်ရိက္ခာ နှင့် စိုကပျိုးရေး အဖွဲ့၏ မြန်မာနိုင်ငံ တာဝန်ခံ မစ္စလန်ကလည်း စမ်းသပ်ဆောင်ရွက်ရန်အတွက် လူငယ်ဂေဟာ တစ်ခုနှင့် တွဲထားသော ဘုန်းတော်ကြီးသင်စာသင်ကျောင်း တစ်ကျောင်း နှင့် မူလတန်း ကျောင်တစ်ကျောင်းအားရွေးချယ်ထားကြောင်း၊ ဝင်ငွေနည်းသော လူမှု အဝန်းအဝိုင်းဖြစ်ခြင် နှင့် ကျောင်းအတွက် စိုက်ပျိုးမြေ အလုံအလောက် ရနိုင်သော ဒေသများကို စမ်းသပ်ရွေချယ်ခြင်းဖြစ်ကြောင်း ရှင်းပြသွားပါသည်။ ကလေးငယ်များအား အာဟာရ ကျွေးခြင်းမျှသာမက ကူကလေးငယ်များကိုယ်တိုင် အစား အသောက် စိုက်ခင်းများ စားပင်များ အသီးပင်များ စိုက်မျုးခြင်းဖြင့် အာဟာရပြည့်ဝမှုကို အထောက်အကူ ပြုကြောင်းအသညာရရှိရေး၊ ကိုယ်တိုင်စိုက်မျိုးရေး အတွေ့ အကြုံများကို ပါရမည်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားသွားပါသည်။

       တေဘယ်လ်ဖော်တူး စီမ့ချက်အရ  ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နေထိုင်ကြသူများအနေဖြင့် မိမိတို့ကိုယ်တိုင် လည်း အာဟာရပြည့်ဝစွာ စားသုံးသလို ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပညာသင်ကြားနေသော ကလေးငယ်များ၏ ကျောင်းတွင်း  အာဟာရ ပြည့်ဝရေးကို အာရုံစိုက် ကူညီပေးကြရန် တိုက်တွန်းဆောင်ရွက်လျက်ရှိပါသည်။ ဤအစီအစဉ်တွင် ပါဝင်ကြသော စားသောက်ဆိုင်များ ကုမ္ပဏီ ကင်တင်းများတွင် စားသောက်ကြသူတိုင်း၏ ကျငင့်ငွေအထဲမှ သတ်မှတ်ရာခိုင်နှုန်းအတိုင်း နှုတ်ယူကာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုရှိ ကျောင်းတွင်း အာဟာရ ကျွေးမွေးမှု အစီအစဉ်သို့ လွှဲပြောင်းပေးမည်ဖြစ်ပါသည်။ ဆိုင်များအပြင် အလိုအလျောက် အစားအသောက်၊ ကော်ဖီ နှင့် အချိုရည် ရောင်းချစက်များတွင်လည်း ကျင့်သုံးနေပြီ ဖြစ်ပါသည်။
         မြန်မာပြည်တွင် စတင်စမ်းသပ်မည့် ကျောင်းများမှာ နေပြည်တော် ဇေယျာသီရိမြို့နယ်၊   ခေတ်အေး ကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်း နှင့် ဇမ္ဗူသီရိမြို့နယ် အောင်ချမ်းသာ ကျေးရွာ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းတို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စမ်းသပ်ဆောင်ရွက်ပြီးနောက် အရှေ့တောင် အာရှ အခြား နိုင်ငံများတွင်လည်း ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ပါသည်။

No comments:

Post a Comment