Thursday, June 6, 2013

World Economic Forum East Asia 2013 News


World Economic Forum East Asia 2013 News

နောက်ပြန် မလှည့်နိုင်ဘူး ဆိုတာ မရှိပါ

ညွန့်အောင် ( မြစ်မခ )

         မြန်မာနိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး သည် ရှေ့သို့သာ သွားမည်ဖြစ်ပြီး အခြားနိုင်ငံများကလည်း ထိုသို့ လက်ခံသဘောတူကြောင်း ပြည်ထောင်စု ဝန်ကြိး ဦးစိုသိန်း၏ အပြောကို
 နိုင်ငံရေးတွင် နောက်ကြောင်း ပြန်မသွားတော့ဆိုတာမရှိကြောင်း  ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားရင်း ပြုပြင်ပြောင်းလဲရေး ကိစ္စများတွင် ပြည်သူများ ကိုယ်တိုင်ကိုယ်ကျ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်မှသာ လက်ရှိနိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ နောက်ကြောင်းပြန်မလှည့်နိုင်ဘဲ ရှေ့သို့ဆက်လက်သွားမည့် အာမခံချက် ရရှိမည်ဖြစ်ကြောင်း ဆက်လက် တိုက်တွန်းလိုက်ပါသည်။
          
မဇင်မာအောင်ကမူ ကာတွန်းရုပ်ပြောင် တစ်ခုကို ကိုးကားလျက် ရှေ့လဲမတိုး နောက်လဲမဆုတ် ပတ်ခြာလည်နေကြောင်း ပြောကြားပါသည်။

         နေပြည်တော်တွင် ဇွန်လ ၆-ရက်နေ့က ဆက်လက်ကျင်းပနေသော  ကမ္ဘာ့ စီးပွားရေး ဖိုရမ်အတွင်း ဘီဘီစီ အသံလွှင့်ဌာန နှင့် ပူးတွဲ ဆောင်ရွက်သော မြန်မာပြည်၏ အနာဂတ် ဆွေးနွေးပွဲ အစီအစဉ်တွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ အင်န်အယ်လ်ဒီ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရိန်းဖောမြန်မာ အဖွဲ့ ပူးတွဲ တည်ထောင်သူ မဇင်မာအောင် တို့ပါဝင်ဆွေးနွေးကြပါသည်။

         လက်ရှိတရားစီရင်ရေးစနစ်အကြောင်း ဆွေးနွေးရာတွင်လည်း ဦးစိုးသိန်းက လက်ရှိတရားစီရင်ရေးစနစ် သည် မျှတလာပြီဖြစ်ကြောင်း၊ အရင်ကစစ်တပ်သည် ကြိုက်တာ လုပ်နိုင်ကြောင်း၊ ယခု ဥပဒေစည်းမျဉ်းများအတိုင်းလိုက်နာဆောင်ရွက်နေကြောင်း  ပြောကြားသော်လည်း
 ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးချုပ် နှင့် တရားရေးအဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတက ရွေးချယ် ခန့်အပ်ခြင်းအားဖြင့် တရားစီရင်ရေးစနစ်သည် အုပ်ချုပ်ရေး အဖဲ့၏ လွှမ်းမိုးမှု အောက်တွင် ရှိနေသေးကြောင်း ငြင်းဆိုသွားပါသည်။

         ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက အများသဘောတူ လျင် ပြောင်းနိုင်ကြောင်း ပြောကြားသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြောင်းရန်အတွက် ဖွဲ့စည်းပုံပြောင်းသင့်ကြောင်းလက်ခံလာအောင် ပြောင်းလဲရဦးမည်   ဖြစ်ကြောင်း နှင့် မဇင်မာအောင်ကမူ ဖွဲ့စည်းပုံပြောင်းလဲရေးတွင် ပြည်သူ့ကိုယ်စားလှယ် စုစုပေါင်း ၇၅-ရာခိုင်နှုန်းထက် တပ်မတော် ကိုယ်စားလှယ် ၂၅-ရာခိုင်နှုန်းက ဗီတိုအာဏာ ရထားသလိုဖြစ်နေသဖြင့် သဘာဝမကျကြောင်း ပြောကြားပါသည်။

        တပ်မတော် နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို မိမိကဏ္ဍကို မိမိ ကျွမိးကျင် ပိုင် နိုင်သည့် အတတ်ပညာရှင် ပီပီသသ ( highly professional ) ဖြစ်စေလိုသည့် စေတနာရှိပါကြောင်း ၊ထို့အတူ ရည်ရွယ်ချက် ထား၍ ဖွဲ့စည်းထားသော အဖွဲ့ ( Institutions ) များသည် မိမိ တာဝန် ရည်မှန်းချက် များကို ပေါက်မြောက်အောင် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းများ ဖြစ်လာရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားပါသည်။

        နီဂုံးချုပ်အနေဖြင့် ဘီဘီစီမှ မစ္စတာနစ်ဂိုဝင်က တက်ရောက်နားထောင်ကြသော ပရိသတ် ၅၀၀-ကျော် အား နိုင်ငံတော်မှ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍  နောက်ပြန် လှည့်မည်ဟု ( အဆိုးမြင်သူများ ) လက်ထောင်ရန် ပြောရာ ၅-ယောက် ခန့်သာ လက်ထောင်ပြီး နောက်ပြန် မလှည့်တော့ဟု ( အကောင်းမြင်သူများ ) အားလက်ထောင်ရန် 
 ပြောရာတွင် အများအပြား လက်မြှောက်ခြင်းဖြင့် ယုံကြည်မှုာကို ပြသခဲ့ကြပါသည်။

No comments:

Post a Comment