World
Economic Forum East Asia 2013 News
ဖွံ့ဖြိုးရေးအတွက် အိမ်နီးချင်း နိုင်ငံများ
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပုဂ္ဂလိက ကဏ္ဍ
ပါဝင်မှုလိုအပ်
ညွန့်အောင်
( မြစ်မခ )
မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေသော ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစဉ်များတွင် အိမ်နီးချင်း နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ
အသိုင်းအဝိုင်းများ နှင့် ပုဂ္ဂလိက ကဏ္ဍများသည် အခြား လုပ်ဖော်ကိုင်ဖက်များနှင့် အတူ
လက်တွဲပါဝင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံတွင် ကျင်းပနေသော ကမ္ဘာ့စီးပွားရေး
ဖိုရမ် အရှေ့အာရှ အစည်းအဝေး တရားဝင် ဖွင့်ပွဲ အခမ်းအနားတွင် အဆိုပါ အဖွဲ့
တည်ထောင်သူ နှင့် အမှုဆောင် ဥက္ကဌ မစ္စတာကလော့စ် ရှဝပ်ဘ် ကပြောကြားပါသည်။
မစ္စတာ ရှဝပ်ဘ် က “ မိမိတို့သည် မြန်မာနိုင်ငံမှ လောလောဆယ် ဆောင်ရွက်နေသော
နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင်
လုပ်ဖော်ကိုင်ဖက်များ အဖြစ် ရောက်ရှိနေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်
ပြောင်းလဲရေး လုပ်ငန်းစဉ်သည် အရှိန်အဟုန်ရလာပြီ ဖြစ်သဖြင့်
နောက်ကြောင်းပြန်လှည့်တော့မည် မဟုတ်ကြောင်း ” မြန်မာနိုင်ငံ၏ သမိုင်းဝင် အခမ်းအနား
ဖွင့်ပွဲတွင် သုံးသပ်ပြောဆိုပါသည်။
အဆိုပါ အခမ်းအနားအား နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ
အဖွင့်မိန့်ခွန်းပြောကြား ဖွင့်လှစ်ပေးပြီး ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ
ငုယင်တန်ဒေါင် နှင့် လာအိုနိုင်ငံ
ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်း သမ်မာဗွန် တို့လည်း ဖိုရမ် အမှုဆောင် နှင့် အတူ
တက်ရောက်ကြပါသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဗဟိုချုပ်ကိုင်သည့် အစိုးရ စနစ်မှ
လွတ်လပ်သော ဈေးကွက် စီးပွားရေး စနစ်ကို အခြေခံသည့်
စနစ်သို့ပြုပြင်ပြောင်းလဲနေကြောင်း နှင့် “ ကျွန်တော်တို့ ဒီပြုပြင်ပြောင်းလဲရေါ်
လုပ်ငန်းစဉ်ကို ဘယ်လိုနည်းဖြင့်မျှ သွေဖည်သွားမည် မဟုတ်ကြောင်း ကျွန်တော်
ကတိပေးပါတယ်” ဟု ပြောကြားပါသည်။ ဆက်လက်၍ နိုင်ငံတကာ အထူးသဖြင့် အာဆီယံ နိုင်ငံများ
နှင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း အလေးအနက် ထည့်သွင်းပြောပါသည်။ ၂၀၁၄
ခုနှစ်အတွင်း မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌ တာဝန်ထမ်းဆောင်ရာတွင်လည်း
အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းမှု လိုအပ်ကြောင်းလည်း ဖော်ပြပါသည်။
ဗီယက်နမ် ဝန်ကြီးချုပ်ကလည်း ဒေသတွင်း ပူပေါင်းဆောင်ရွက်မှုများတွင် ဗီယက်နမ်
နိုင်ငံ၏ ပူးပေါင်းမှုကို အလေးအနက်ပြောကြားရင်း အာဆီယံ တပေါင်းတစည်းတည်းဖြစ်ရေး
ရည်မှန်းချက်များ အောင်မြင်ရေး အတွက် ခွန်အားစိုက်ထုတ် ဆောင်ရွက်ရန်
အရေးကြီးကြောင်း ဖော်ပြပါသည်။ ပိုမိုကြီးမား ကျယ်ပြန့်သော လမ်းပန်းဆက်သွယ်ရေး
တည်ဆောက်မှု ခြင်းသည် အာဆီယံ ကုန်းတွင်းပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု အတွက်
အခွင့်အလမ်းကောင်းကြီး ဖြစ်ကြောင်းလည်း ဖော်ပြသွာါးပသည်။
အရှေ့-အနောက် စီးပွားရေး မျက်နှာစာတစ်လျှောက် လမ်းများဖောက်လုပ်ခြင်းဖြင့်
ကုန်စည်စီးဆင်းမှု ပိုမိုမြန် ဆန်လာစေပြီး စီးပွားရေး ဖွံ့ဖြိုးမှု ကို
ပိုမိုတိုးမြှင့်ပေနိုင်မည် ဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းများအား မိမိတိုက
အကျိုးစီးပွား၊ သက်ဆိုင်ရာ နိုင်ငံများ အကျိုးစီးပွား နှင့် ဒေသတစ်ခုလုံး
အကျိုးစီးပွားအတွက် သက်ဆိုင်ရာ
စီမံကိန်းများတွင် ဝင်ရောက် ရင်းနှီးမြုပ်နှံပေးရန်လည်း တိုက်တွန်းလိုက်ပါသည်။
လာအိုနိုင်ငံသည်လည်း
ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှုများ နှင့် ဒေသတွင်း စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှု များကြောငိ့ စီးပွားရေးတိုးတက်မှု
မျာမြန်ဆန်လာခဲ့ကြောင်းဖော်ပြရင်း လာအိုဝန်ကြီးချုပ်ကလည်း
’’
လာအိုနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံအကြား
ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံအများ ပူးပေါင်း ဆောင်ရွက်ရေး များတွင်
ကျယ်ပြန့်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ” ဟု ကတိပေးပြောကြား သွားပါသည်။
ဖိုရမ် ဥက္ကဌ မစ္စတာ ကလော့စ် ရှဝပ်ဘ်က
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရည်ညွှန်လျက်
“
သမ္မတ ဦးသိန်းစိန်၊ ခင်ဗျားအနေဖြင့် ဒီထက်မြန်မြန် ဆောင်ရွက်လို့ရပါသေးတယ်၊
ခင်ဗျားတို့ ဖွံ့ဖြိုး တိုးတက်နှုန်းကို ၁၀-ရာခိုင်နှုန်း အထိ တိုးမြှင့်ရယူနိုင်တဲ့
အခြေအနေမှာရှိပါတယ် ” ဟုလည်း တိုက်တွန်း
အားပေးခဲ့ပါသည်။
နေပြည်တော်တွင်
ဇွန်လ ၅ - ၇ ရက်အတွင်း ကျင်းပနေသော အဆိုပါ ဖိုရမ်သို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း
၁၀၀၀-ကျော် ပါဝင်တက်ရောက်နေကြပါသည်။ မြန်မာ၊ လာအို၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံတို့မှ
နိုင်ငံ အကြီးအကဲများ အပါအဝင် နိုင်ငံ ၁၅-နိုင်ငံမှ ထင်ရှား ကျော်ကြားသော ပုဂ္ဂိုလ်ပေါင်း
၁၀၀-ခန့်လည်း တက်ရောက်ကြပါသည်။
နိုင်ငံတကာ
ကုမ္ပဏီကြီးပေါင်း ၆၀-ကျော်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်ပေါင်း
၅၅၀-ကျော်၊ ကမ္ဘာ့ လူရွယ် ခေါင်းဆောင်ပေါင်း ၃၀၀-ကျော် တို့သည် လူမှုရေးအဖွဲ့အစည်းများ၊
ပညာရှင်များ မီဒီယာများ နှင့်အတူ အရှေ့အာရှ ဒေသ နှင့် မြန်မာ နိုင်ငံ အတွင် ရင်ဆိုင်နေရသော
အခက်အခဲများ ဖြေရှင်းရန် နှင့် စီးပွားရေး
အခွင့်အလမ်းများ ဖော်ထုတ်ရန် ဝိုင်းဝန်းဆွေးနွေးလျက်ရှိကြပါသည်။
No comments:
Post a Comment