Thursday, June 13, 2013


အဂတိလိုက်စားမှု အမှန်တကယ် တိုက်ဖျက်ချင်ရင်၊ ပြစ်မှု ဥပဒေနဲ့ အရေးယူဖို့

ညွှန့်အောင် (မြစ်မခ)
ဇွန်လ ၁၂၊ ရန်ကုန်မြို့။

၁၀-၆-၂၀၁၃ ရက်နေ့ကနေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနမှာကျင်းပတဲ့ ပွင့်လင်းမြင်သာရေး နှင့် ဖြောင့်မတ်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ဒု-သမ္မတဒေါက်တာစိုင်းမောက်ခမ်းက အမှာ စကားပြောကြားပါတယ်။

ဒီကိစ္စ အကြောင်းနေရာတိုင်း နိုင်ငံတိုင်းမှာဆွေးနွေးကြတယ် ဥပဒေတွေ ပြဌာန်းကြပါတယ်။
ဒါပေမယ့် ကင်းတဲ့နိုင်ငံတော်တော်ရှားပါတယ်။ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒီကိစ္စ ကင်းလေလေတိုင်းပြည်ဟာညီညီမျှ တိုးတက် ဖွံ့ဖြိုးချမ်းသာလေဆိုတာပါဘဲ။

လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံရေးပြောင်းလဲမှုမှာတိုးတက်သလောက်
အုပ်ချုပ်ရေးစီးပွားရေးကဏ္ဍပြောင်းလဲမှုတွေဟာ နှေးကွေးနေတယ်လို့ နိုင်ငံတကာက
ထောက်ပြကြပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် ဖောင်ဒေးရှင်းအကြီးအကဲကိုယ်တိုင်ကဦးသိန်းစိန် ခင်ဗျားရဲ့ စီးပွားရေးကဏ္ဍကို ၁၀-ရာခိုင်နှုန်းအထိတိုးတက်အောင်လုပ်လို့ရပါသေးတယ် လို့ ပြောသွားပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နိုင်ငံတကာတွေ့ဆုံဆွေးနွေးခန်းတော်တော်များများမှာလည်း
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှု နှေးနေတာ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းပါနေတာ၊
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်လာမှု နည်းပါးနေသေးတာဟာအဂတိလိုက်စားမှုကြောင့် တစ်ခုအပါအဝင်ဖြစ်တယ်လို့ တော်တော်များများထောက်ပြ ဆွေးနွေးသွားကြပါတယ် လို့ ဒု-သမ္မတကိုယ်တိုင်ပြောသွားပါတယ်။

ဒီပြဿနာရဲ့ အစကရှာရခက်ပါတယ်။ ကြက်ဥကအရင် လားကြက်မကအရင်လားဆိုတဲ့ မေးခွန်းလိုပါဘဲ။

လက်ရှိစနစ်သစ် ဒီမိုကရေတစ် လွှတ်တော်စနစ် အစိုးရသက်တမ်း ၂-နှစ် ကျော်လာပါပြီ၊ မဲများတဲ့ပါတီကဝန်ကြီးချုပ် လုပ်တဲ့ အစိုးရဖွဲ့တဲ့စနစ်ဆိုရင် Honeymoon ကာလကျော်သွားပါပြီအတိုက်အခံပါတီကအယုံအကြည်မရှိအဆိုတင်သွင်းပြီး ဖြုတ်ချဖို့ ကြိုးစားတော့မှာပါ။
ကျွန်တော် တို့ သက်တမ်းနုပါသေးတယ်လို့ ပြောမရပါ၊ မပြောသင့်တော့ပါ။

နေရာပေးလို့ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၇-ရာခိုင်နှုန်းမျှသောလွှတ်တော်ကိုယ်စားလှယ်
တွေကဝန်ထမ်းစကားနဲ့ပြောရင်အကြံပေးအရာရှိအဆင့်ဘဲရှိပါတယ်၊ သုံးချင်တဲ့အခါ သုံးလိုက်တယ်၊ ကျန်တဲ့အချိန်မှာတော့ အကြံပေးစကားအာဏာနဲ့ ဆုံးဖြတ်ပိုင်ခွင့်မှ မရှိတာ။

အဂတိလိုက်စားမှုဟာခေတ်အဆက်ဆက်ကအမြစ်တွယ်လာတာပါ ပျောက်ချင်သလားးတွယ်နေတဲ့ အမြစ် ဘယ်လောက်မြန်မြန် ဖြတ်နိုင်သလဲဆိုတဲ့အပေါ်မူတည်ပါတယ်။

ဌာနဆိုင်ရာတွေမှာမျဉ်းနီတားတယ်ဆိုတာရှိပါတယ်။ စာရင်းဇယားကွာဟနေရင် အရင် စာရင်းရှင်းတာကရှင်းနေ၊ လက်ရှိအခြေအနေကိုစာရင်းကောက်ပြီးဒီကစစနစ်တကျလုပ်လို့ မျဥင်္းနီတားလိုက်တာပါ။

ဝန်ထမ်းတွေ အရေးယူရင် အရင်က Fundamental Rules ထဲက G- Circular 15 နဲ့ စစ်ဆေး
တာဝန်ပေါ့တာကိုဝန်ထမ်းစည်းမျဉ်းအရသတိပေး၊ လစာလျှော့၊ ပြောင်း၊ ထုတ် အငြိမ်းစားပေးစသဖြင့် အရေးယူပြီးငွေကြေးဥစ္စာ နှင့် ပတ်သက်လာလျင် သက်ဆိုင်ရာ ပြစ်မှု ဥပဒေနဲ့ အရေးယူဖို့ ဆက်လက်ဆောင်ရွက်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်ကရော၊ အခုကလေးတွေရောမိဘကနောက်မလုပ်နဲ့နော် လုပ်ရင် ရိုက်မယ်လို့ ပြောထားပြီးနောက်တစ်ခါ လုပ်မိလို့ မိဘကငါပြောထားတယ် နောက် လုပ်ရင်းရိုက်မယ်လို့ ပြောတဲ့အခါ -

ကလေးကမိဘမျက်နှာ အသာလှမ်းကြည့်တယ် တစ်ကယ် ရိုက်မဲ့ ပုံပေါ်လားလို့ တစ်ကယ် မရိုက်လောက်ဖူးထင်ရင် မျက်နှာကစပ်ဖြဲဖြဲ ဖြစ်သွားပါတယ်။

အစိုးရသစ်လက်ထက်မှာစံချိန်တင် အလွဲသုံးမှု ပေါ်တယ် အစိုးရဘယ်လိုရှင်းလိုက်သလဲ

၊မိုးယိုတဲ့ အခါ ခေါင်ကမလုံရင် ဘယ်လိုမှ မလုံတော့ဘူးတဲ့

၊ပုတီးစိပ်တဲ့ လူကြီးလာရင် ဝန်ထမ်းငယ်တွေ ပုတီးကိုယ်စီဆောင်ကြတယ်။

အရက်သောက်တဲ့လူကြီးလာရင် ဝန်ထမ်းငယ်တွေ ဘလက်လေဘယ်စုကြတယ်

ဘုရားတည်တဲ့ လူကြီးလာရင် အုတ်သယ်ဘိလပ်မြေသယ် ကုသိုလ်ယူကြတယ်

ဂေါ့ဖ် ရိုက်တဲ့လူကြီးလာရင် ဂေါ့ဖ်အိတ်တွေ စုကြတော့တာဘဲ

လမ်းသစ်ဖောက်တဲ့အခါ ရှေ့ဆုံးကတစ်ယောက် က ကိုင်းခုတ်ဒါးဆောင်ပြီးလမ်းမှာခံနေတဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ ခုတ်ဖြတ်ရပါတယ်။
နွယ်ပင်ခြုံပင်တွေ့ရင်လဲဆွဲပြီးဆက်စပ်ပါလာသလောက် ဖြတ်ရပါတယ်။

မျဉ်းနီတားသင့်ပါပြီဟိုငဲ့ ဒီငဲ့ လုပ်နေရင် သူတို့ဆီလာမဲ့ ရင်းနှီးမြုပ်နှံမှုတွေ နေရာပြောင်းသွားမှာစိုးရိမ်ပူပန်နေသူတွေရဲ့ တိုက်ကွက်တွေ အောင်သွားပါလိမ့်မယ်။

ကျွန်တော်တို့ငယ်ငယ်ကဖတ်စာထဲကလို
ဒီလိုပုံဖြင့် မိုးကြီးချုပ်လျင် ကျွန်ုပ် အိမ်ပြန်ရောက်မည် မဟုတ် ကိန်းဆိုက်သွားပါလိမ့်မည်။

No comments:

Post a Comment