သက်စွန့် ကြိုးပမ်း ပရဟိတ ဝန်ထမ်း
အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော
အဖွဲ့အစည်း ဝန်ထမ်း ဒါဏ်ရာရ သေဆုံး
ညွန့်အောင် ( မြစ်မခ )
လွန်ခဲ့သော
ရက်သတ္တပတ်အတွင်း ဒါဖာဒေသ မြို့ပြမှာဖြစ်ပေါ်သည့် တိုက်ခိုက်မှု ကြား လက်ပစ်ဗုံး
ထိမှန်သဖြင့် ရရှိသော ဒါဏ်ရာများကြောင့် ဆူဒန်နိုင်ငံသာ ဝေါလ်ဗွီရှင်
ဝန်ထမ်းတစ်ဦး သေဆုံး သွား ကြောင်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ
အဖွဲ့အစည်းများထံမှ သိရပါသည်။
အခြား အလားတူ ဝန်ထမ်းတစ်ဦးလည်း
ကြာသပတေးနေ့က နိုင်ယာလာ မြို့တွင် တိုက်ပွဲဖြစ်ပွားစဉ် သေဆုံးခဲ့ပါသေးသည်။
အဆိုပါတိုက်ပွဲသည် ဒါဖာတောင်ပိုင်း မှ အရာရှိများက လုံခြုံရေးတပ်ဖွဲ့များ အတွင်း
သဘောထားကွဲလွဲမှုကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း ပြစ်တင်ပြောကြးပါသည်။
“ ကြာသပတေးနေ့က ဖြစ်ပွားတဲ့
တိုက်ပွဲကြောင့် သူခေါင်းမှာ
ဒါဏ်ရာရပါတယ်။ ၂-ရက်အကြာမှာတော့ ဒီ ဒါဏ်ရာ နဲ့ဘဲ သူဆုံးသွားပါတယ်” ဟု
အမည်မဖော်လိုသူ လူမှုရေး အဖွဲ့ ဝန်ထမ်းတစ်ဦးကပြောပါသည်။
ဆူဒန်နိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံး
အကြိးအကဲ မစ္စတာ အလီ အယ်လ် ဇာတာရီ က သတင်း ထုတ်ပြန်ချက် တစ်ရပ်တွင်
လူသားချင်းစာနာမှု ဆိုင်ရာ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ ဝေါလ်ဗွီရှင် အဖွဲ့၏
ဝန်ထမ်း ဆူဒန်နိုင်ငံသား နှစ်ဦး သေဆုံးသွားကြောင်း အတည်ပြု ဖော်ပြထားပါသည်။
" တတိယမြောက် ဝေါလ်ဗွီရှင် ဝန်ထမ်းတစ်ဦးလည်း
အပြင်းအထန် ဒါဏ်ရာ ရထားပါသေးတယ်", ဟု
ဇာတာရီက ဆက်ပြောပါသေးသည်။
အကူအညီ ပေးရေးလုပ်ငန်းများ
ဆောင်ရွက်နေသော ဝေါလ်ဗွီရှင် အဖွဲ့ ရုံးသည် တိုက်ခိုက်ရေးသမားများ အပြန်အလှန်
ပစ်ခတ်မှု အတွင်း ကြားညှပ်သွားခြင်း ဖြစ်ကြောင်း သိရပါသည်။
လူမှုရေး အဖွဲ့အစည်း
ဝန်ထမ်ူတစ်ဦးက “ လောင်ချာဗုံးသီး တစ်လုံး
ဝေါလ်ဗွီရှင်ရုံး ခေါင်မိုးကို ထိမှန်ပြီး မြေပြင်ပေါ် လိမ့်ကျလာရာက ပေါက်ကွဲလို့
ထိမှန်သွားတာပါ” ဟုပြောပါသည်။
ဤဖြစ်ရပ်သည် ဆူဒန်
အနောက်ပိုင်းဒေသတစ်ခုလုံးတွင် လုံခြုံရေး အခြေအနေဆိုးဝါးလာကြောင်း ဖော်ပြချက်ကို
ထပ်လောင်း အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။
ဒါဖာဒေသတွင် အစိုးရ နှင့်
သူပုန်များအကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၁၀-နှစ်ကျော်ကြာမြင့်ခဲပြီ
ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစု အချင်းချင်း တိုက်ခိုက်မှုများ၊
လူပြန်ပေးဆွဲမှုများ၊ ကားဗုံးထောင်မှုများ နှင့် အခြား အစိုးရနှင့် အဆက်အသွယ်ရှိသော
လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ကျူးလွန်သည်ဟု
သံသယဖြစ်ဖွယ်ရာ ပြစ်မှုများကြောင့် အခြေအနေများမှ
ပိုမိုရှုတ်ထွေးနေခြင်း ဖြစ်ကြောင်း သိရပါသည်။
နိုင်ယာလာမြို့တွင်
ဖြစ်ပွားသောတိုက်ပွဲများသည် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအဖြစ်လည်း တာဝန်ယူထား သည့်
နာမည်ဆိုးဖြင့် ကျော်ကြားသော ဒေသခံ ဓါးပြတစ်ဦး အသတ်ခံရရာမှ စတင်ဖြစ်ပွားလာခြင်း
ဖြစ်ကြောင်း သိရပါသည်။
နိုင်ယာလာမြို့တွင် အခြေအနေများ
တင်းမာလျက်ရှိပြီး သောကြာနေ့အထိ ပစ်ခတ်သံများ ကြားနေရသေးကြောင်း နောက်ထပ် လူမှုရေး
အဖွဲ့အစည်းတစ်ခုက ပြောပါသည်။
တိုက်ပွဲများအတွင်း မြို့ပေါ်ရှိ
အကောင်းဆုံး ဟိုတယ်ပျက်စီးသွားကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
“
ဒါဖာဒေသရဲ့ လူဦးရေ အများဆုံး မြို့တစ်မြို့မှာ တိုက်ပွဲ တွေ
ဖြစ်ပွားနေခြင်းဟာ ဒေသရဲ့ လုံခြုံရေး အခြေအနေ မတည်ငြိမ်သေးဘူး ဆိုတာကို
မီးမောင်းထိုး ဖော်ပြနေတာပါ “ ဟု ဇာတာရီက ဆက်လက် ပြောကြားခဲ့ပါသည်။
“ ကျွန်တော်တို့ ဝန်ထမ်းတွေ နဲ့
လုပ်ဖော်ကိုင်ဖက် တွေအတွက် ဘေးအန္တရာယ် မကင်းတော့၊ မလုံခြုံတော့လို့
လူသားချင်းစာနာရေး အထောက်အပံ့လုပ်ငန်းတွေ ဆုတ်ခွာသွားရရင် ဒါဖာဒေသကလူအမြောက်အများ
ဒုက္ခ ပိုရောက်ကြမှာပါ ” ဟု လည်းဆက်လက်ပြောကြားပါသည်။
အမေရိကန်ပြည်ထောင်စု ၏ ဆူဒန်
နိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲ ဂျိုးဇက် စတက်ဖို့ဒ် ကလည်း ဆူဒန်အစိုးရ နှင့်
လက်နက်ကိုင်သူပုန်တပ်ဖွဲ့များအကြား ပဏ္ဍိပက္ခများ နှင့် လုံခြုံရေး အခြေအနေများ
ပိုမို ဆိုးဝါးလာခြင်းကို စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ဆယ်နှစ်ကြာ ပဏ္ဍိပက္ခများကြောင့်
ဒါဖာဒေသခံ ၁.၄ သန်းခန့် စစ်ပြေး ဒုက္ခသည်များအဖြစ် စခန်းများတွင်
ခိုလှုံလျက်ရှိကြောင်း သိရပါသည်။
( ရည်ညွှန်း- ဖောက်စ် နယူး
ဝက်ဘ်ဆိုက် - ၇-၇- ၂၀၁၃ )
No comments:
Post a Comment