ဗုဒ္ဓဂါယာ ဗုံးကွဲမှုများအတွက် အိန္ဒိယ မူဂျာဟစ်ဒင်များအား
စစ်ဆေးနေ
ညွန့်အောင် ( မြစ်မခ )
အကြမ်းဖက်မှု တိုက်ဖျက်ရေး
စုံစမ်းစစ်ဆေးသူများသည် လက်လုပ်ဗုံး ၁၃-လုံးအသုံးပြုခဲ့ကြောင်း နှင့် ၎င်းတို့အနက်
၃-လုံးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဗုံးများအား
တစ်လုံးလျင် ၂.၅ ကီလိုဂရမ်စီ အလေးချိန်စီးသော အယ်လ်ပိဂျီဓါတ်ငွေ့ဆလင်ဒါ
၁၃-လုံးအတွင်းသို့ တစ်လုံးလျင် အမိုနီယမ် နိုက်ထရိတ် ၂-ကီလိုမီတာ နှင့် ဒိတိုနေတာ
များ အသီးသီး ထည့်သွင်းထား ကြောင်း အခင်းဖြစ်ပွားရာနေရာများမှ နမူနာများ
စုဆောင်နေသည့် နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ဈေးပေါသော လိုတပ်စ် ( ကြာပန်း )
တံဆိပ် နှိုးစက်နာရီများအား အချိန်ကိုက်ခွဲရန် အသုံးပြုထားပြီး ဆလင်ဒါအိုးပေါ်တွင်
ဖောက်ခွဲမည့် နေရာများကို အူရဒူဘာသာ နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်
စာတမ်းများ ကပ်ထားကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့သည် အလားတူ
ဓါတ်ငွေ့ဆလင်ဒါများသုံး၍ ၂၀၀၈-ခုနှစ်ကလည်း အာမက်ဒဘတ်မြို့တွင်
ဗုံးဖောက်ခွဲခဲ့ဘူးပါသည်။ အကြမ်းဖက် ဖောက်ခွဲရေးသမားများသည် စုစုပေါင်းအလေးချိန်
၆၅-ကီလိုဂရမ်ခန့်လေးသော ဗုံး ၁၃-လုံးအား ရဲ နှင့် အကြမ်းဖက် နှိမ်နင်းရေး ဆိုင်ရာ
တပ်ဖွဲ့ ဝန်ထမ်း ၂၂-ဦး တာဝန်ကျနေသော ဘုရားပရဝုဏ် အတွင်းသို့ ခိုသွင်းခဲ့ခြင်း
ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားပါသည်။
သင်္ကန်းများ၊ ဒါးမြှောင် တစ်ချောင်း
နှင့် လျှပ်စစ်ဝါယာတိပ်ခွေ များထည့်ထားသော အိတ်တစ်လုံ့း နှင့် ဗီနော့ မစ်စ်ထရီ
အမည်ပါ မဲပေး မှတ်ပုံတင်ကတ်ပြားတစ်ခုအား အခင်းဖြစ်ပွားရာနေရာမှ တွေ့ရှိခဲ့ပြီး၊
ထိုသူအား မေးမြန်းစစ်ဆေးရာတွင် မှတ်ပုံတင်ကတ်ပြားကို လွန်ခဲ့သော ၃-ရက်ခန့်က
ပျောက်ဆုံး သွားပြိး ဘုရားဝင်းအတွင်း မည်ကဲ့သို့ ရောက်ရှိနေသည်ကို မသိကြောင်း
အက်စ်အက်စ်ပီ ဂနက်ရှ်ကူမာက ပြောကြားပါသည်။
စေတီတော်ပရဝုဏ်အတွင်းတပ်ဆင်ထားသော
စီစီတီဗွီ ၁၆-လုံးအနက်မှ ၁၅-လုံးမှာ ဗွီဒီယိုမှတ်တမ်း များရိုက်ကူးထားသော်လည်း
အရည်အသွေး ညံ့ဖျင်းသဖြင့် စုံစမ်းစစ်ဆေးရေးကို နှောင့်နှေးစေ ကြောင်း နှင့် အဓိက
သံသယရှိသူများမှာ မကြာခင်က ခြိမ်းချောက်မှုများ ပြုလုပ်ထားသည့် အိန္ဒိယ မူဂျာဟစ်ဒင်များ
ဖြစ်သော်လည်း ရှုထောင့် ပေါင်းစု့မှ စုံစမ်းစစ်ဆေးလျက်ရှီကြောင်း နိုင်ငံတော် စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ
အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားပါသည်။
အဆိုပါအဖွဲ့ တည်ထောင်သူ မော်လာနာ
အန်ဝါ နှင့် ဒေါက်တာ ယူနပ်စ် တို့သည် ငွေရေးကြေးရေး ထောက်ပံ့ရေးလမ်းကြောင်းများ
စိစဉ်ဆောင်ရွက်ရန် လန်ဒန် နှင့် ဆော်ဒီအာရေဗျသို့ ခရီးသွားလျက် ရှိကြောင်း
အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားပါသည်။
ထောက်လှမ်းရေး အစီရင်ခံစာများအရ
နူးရ် ဘတ်ရှာ အမည်ရ ပါကစ္စတန် အခြေစိုက် အယ်လ်ကိုင်ဒါ အဖွဲ့ဝင်တစ်ဦးသည်
ဖောက်ခွဲရေး သင်တန်းများပေးရန် ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့
သွားရောက်ခဲ့ကြောင်း သိရပါသည်။
လွန်ခဲ့သော အောက်တိုဘာလကတည်းက
ဖမ်းဆီးထးသေအိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် နှစ်ဦး ဖြစ်သော အာဆဒ်ခန်း နှင့် ဆိုင်ယက်
မက်ဘူးလ်တို့အားစစ်ဆေးရာတွင်လည်း အဖွဲ့ခေါင်းဆောင် ရီယတ်ဇ် ဘတ်ကားလ် က ၎င်းတို့အား
မဟာဗောဓိ စေတီတော်ဝင်းအတွင်း ဖောက်ခွဲမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း
ဝန်ခံသည်မှလွဲ၍ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရပါသည်။
ဘင်္ဂလားပြည်နယ် ချင်နားဆွာမိ
အားကစားကွင်း ဖောက်ခွဲမှုနောက် တိမ်းရှောင် သွားသော အိန္ဒိယ မူဂျာဟစ်ဒင်
အဖွဲ့ခေါင်းဆောင် ဘတ်ကားလ်၏ လက်ထောက် တာရှင် အက်တာ အားလည်း သံသယ ရှိသူအဖြစ်
သတ်မှတ်ထားပါသည်။
( ရည်ညွှန်း - ဟင်ဒူစတန်
တိုင်းမ်စ် ၉-၇-၂၀၁၃)
No comments:
Post a Comment