ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု
ဗုဒ္ဓဂါယာမြို့
ဗုဒ္ဓဘာသာအထွဋ်အမြတ် နေရာများ၌ ဗုံးပေါက်ကွဲခဲ့သည့် ကိစ္စနှင့်ပတ်သက်၍
ပေါက်ကွဲသည့် အကြောင်းအရင်းအား သေချာစစ်ဆေးလျက်ရှိပြီး
လုံခြုံရေးကျိုးပေါက်သည့် နေရာများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ
ဖော်ထုတ် စစ်ဆေး သွားမည်ဟု သိရသည်။
ဗုဒ္ဓဘာသာဝင်များ၏
အထွတ်အမြတ် မဟာဗောဓိစေတီတော် တည်ရှိရာ ကမ္ဘာကျော် သတ္တသတ္တာ ဟအဝင်
ပရိဘောဂစေတီတော်များ တည်ရှိရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာမြို့၌
ဇူလိုင်လ(၇)ရက်နေ့ နံနက် မြန်မာစံတော်ချိန် ၆၊၃၀ နာရီမှ ၆၊၅၈ နာရီ (
အိန္ဓိယစံတော်ချိန် နံနက် ၅၊၃၀ နာရီမှ ၅၊၅၈ နာရီအတွင်း ဗုံး ၉-လုံး
အချိန်ခြား၍ ဆက်တိုက် ပေါက်ကွဲခဲ့သည်။
ကမ္ဘာကျော်
ဗုဒ္ဓဘာသာစေတီ ပုထိုးများတည်ရှိရာ ဗုဒ္ဓဂါယာမြို့တွင် မဟာေောဓိစေတီတော်ဝင်း
အတွင်း ဗုံး ၄-လုံးအပါအဝင် စုစုပေါင်း ဗုံး ၉-လုံးပေါက်ကွဲခဲ့ရာ
တစ်မြို့လုံးနီးပါး တုန်လှုပ်ချောက်ခြား ခဲ့သလို ထိုပေါက်ကွဲသံများကြောင့်
သံဃာတော် ၂-ပါး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
သတင်းများအရ
မဟာဗောဓိစေတီတော် ပရဝုဏ်အတွင်း ဗုံး ၄-လုံး၊ ကမ္မပါ ဘုန်းတော်ကြီး
ကျောင်းဝင်းအတွင်း ၃-လုံး၊ ဥာဏ်တော်အမြင့်ပေ- ၈၀ ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး
အနီးတွင် ၁-လုံး နှင့် လမ်းဘေးဘတ်စ်ကား မှတ်တိုင်အနီး၌ ၁-လုံး စုစုပေါင်း
ဗုံး ၉-လုံ့း ပေါက်ကွဲခဲ့ခြင်းဖြစ်ပါသည်။
သက်ဆိုင်ရာ
အာဏာပိုင်များက ဗုံးများသည် ဒေသတွင်း ရရှိနိုင်သော ပစ္စည်းများဖြင့်
ပြုလုပ်ထား သော လက်လုပ်ဗုံးများ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်ဟု
ဒေသခံ ရုပ်သံသတင်းများ၌ ဖော်ပြထားသည်။
ဗုံးများအား
နံနက်လင်းအားကြီးအချိန်တွင် ဖောက်ခွဲခဲ့သဖြင့် လူသူထိခိုက်မှု အနည်းဆုံး
ဖြစ်ခဲ့ ကြောင်းနှင့် မဟာဗောဓိစေတီတော်ကြီးအား တစုံတရာမျှ
ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။
မဟာဗောဓိစေတီတော်ကြီးသည်
ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ် ဘုရားဖူးရာ နေရာများတွင်
တစ်ခုအပါအဝင်ဖြစ်ပြီး ဘီဟာပြည်နယ်၏ အရေးအပါဆုံး ကမ္ဘာ့ခရီးသွားများအား
ဆွဲဆောင်ရာ နေရာ တစ်ခုလည်း ဖြစ်ပါသည်။
သတင်းများ
အဆိုအရ ဗုဒ္ဓဂါယာအား အထူးဦးစားပေးဒေသအဖြစ် သတ်မှတ်ထားပြီး တစ်နှစ်ပတ်လုံး
လုံး လုံခြုံရေး လုံလောက်စွာ ချထားလေ့ရှိကြောင်း နှင့် ခရီးသွား
ဘုရားဖူးများအား သေချာစွာ စစ်ဆေးပြီးမှသာ ပရဝုဏ်အတွင်းသို့
ဝင်ရောက်ခွင့်ပြုထားကြောင်း သိရသည်။
လွန်ခဲ့သော
သြဂုတ်လ ၁-ရက်နေ့က ပူနေးမြို့တွင် မအောင်မြင်သော ဗုံးဖောက်ခွဲမှုအတွက်
စွပ်စွဲဖမ်းဆီးခံရသော အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များကလည်း
မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် ကျူးလွန်မှုများအတွက်
ကလဲ့စားချေသည့် အနေဖြင့် ဗုဒ္ဓဘာသာ ဘာသာရေး ဆိုင်ရာ အထွတ်အမြတ်နေရာများတွင်
အသေခံ ဗုံးဖောက်ခွဲမှုများ ပြုလုပ်ရန် ဗုဒ္ဓဂါယာဒေသတွင် စူးစမ်းလေ့လာမှုများ
ဆောင်ရွက်ထားကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် သက်ဆိုင်ရာ ထောက်လှမ်းရေး
အဖွဲ့မှ ပြည်နယ်အစိုးရထံ သတိပေးထားကြောင်းလည်း သိရပါသည်။
ရည်ညွှန်: အေအင်န်အိုင် နယူးဒေလီ ၇-၇-၂-၁၃
No comments:
Post a Comment