Tuesday, July 9, 2013

ဗုဒ္ဓဂါယာ လက်လုပ်ဗုံးခွဲ တရားခံဟု ယူဆရသူ တစ်ဦးအား စစ်ဆေးနေ

ဗုဒ္ဓဂယာ လက်လုပ်ဗုံးခွဲ တရားခံဟု ယူဆရသူတစ်ဦးအား စစ်ဆေးနေ

 ဗုဒ္ဓဂါယာနှင့် မဟာဗောဓိစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ရည်ရွယ်ဖောက်ခွဲခဲ့သည့် ဗုံးများ ဖေါက်ခွဲ မှုနှင့်ပတ်သက်၍ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းအရ ဗုံးထောင်သူ နှစ်ဦးအား တွေ့ရှိခဲ့ပြီး တစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု ဒေသတွင်း ရဲအရာရှိများအား ကိုးကား၍ ရေးသားထားခြင်း ဖြစ်သည်။

  Vinod Mistri ဆိုသူ လူတဦးကို ဗုဒ္ဓဂယာ ပဒေသာ ဗုံးများ ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားပါတယ် ဟု ရဲအရာရှိ S.K. Bharadwaj က နယူးဒေလီသတင်းတစ်ရပ်၌ပြောကြားထားသည်။
 Mistri ဆိုသူကို မော်ဝါဒီ သူပုန်များ၏ အမာခံနယ်မြေ ဘာရာချတ္တီတွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသ မှာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ မော်ဝါဒီ လက်နက်ကိုင်တပ်များ အန္တရယ်စိုးရိမ်ရသည့် ပြည်နယ်များ အနက်တစ်ခု အပါအဝင်ဖြစ်သည်။

 ဘုရားဖူးဧည့်သည်အများအပြား လာရောက်ရာ ကမ္ဘာကျော်မြို့ ဗုဒ္ဓဂါယာနှင့် မဟာဗောဓိစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ရည်ရွယ်ဖောက်ခွဲခဲ့သည့် ဗုံးများတွင် အမိုနီယမ် နိုက်ထရိတ် နှင့် ဆာလဖာ များရောနှော ဖော်စပ်ထားခြင်းဖြစ်ပြီး ပြွန်ချောင်းငယ်များအတွင်း စနစ်တကျ သိပ်ထည့်ထားသည် လက်လုပ်ဗုံးများဖြစ်သည် ဟု ပဏာမအစီရင်ခံစာအရ သိရသည်။

 ဗုဒ္ဒဂါယာ မဟာဗောဓိစေတီတော် ပရဝုဏ်အတွင်း အင်အားပျော့ ဗုံး ၉-လုံ့း ပေါက်ကွဲပြီးနောက် ဗိမာန်တော် မုဒ်ဝတစ်ခုပျက်စီးသွားသည်ဟု အေအက်ဖ်ပီ သတင်း၌ ဖော်ပြထားပါသည်။

 စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က ဗုံးပေါက်ကွဲရာ နေရာများမှ ပစ္စည်းနမူနာများ ကောက်ယူစုဆောင်း ပြီးနောက် ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးထံသို့ အစီရင်ခံစာ တင်သွင်းရာတွင် အင်အားပျော့ ဗုံးများသည် ဒေသတွင်းမှ ရရှိသည့် ပစ္စည်းများဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်ဟန်တူကြောင်းနှင့် သာမာန်လက်တံပြဒိုင်ခွက်နာရီများ အသုံးပြု ၍ ဖောက်ခွဲသွားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

 စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ အမိုနီယမ်နိုင်ထရိတ်၊ ဆာလဖာ နှင့် ပိုတက်စီယမ် အရည်ပျစ် အတွင်း တွင် ထိခိုက်ပျက်စီးစေမည့် သံတိုသံစများကိုလည်း ထည့်သွင်းထားကြောင်းနှင့် အဆိုပါ ပေါက်ကွဲပစ္စည်းများ နှင့် ဗုံးဆံများအား စက်မှုလုပ်ငန်းသုံး သံပြွန်ချောင်းငယ်လေးများအတွင်း ထည့်သွင်းထားသည်ဟု သိရသည်။

 တနင်္ဂနွေနေ့ညနေပိုင်းတွင် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ ( National Security Guard- NSG ) သည် နမူနာပစ္စည်းများ ထပ်မံစုဆောင်းပြီးမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားထားသည်။

 ပြည်ထဲရေးဝန်ကြီးဆူရှီလ်ကူမာ ရှင်ဒေက တနင်္လာနေ့က သတင်းထောက်များအား မဟာဗောဓိ စေတီတော် ပရဝုဏ်အတွင် ဗုံး ၁၃-လုံး ထောင်ထားသည့်အနက် ၁၀-လုံးပေါက်ကွဲကာ သံဃာတော် နှစ်ပါး ထိခိုက်ဒါဏ်ရာ ရသွားကြောင်း ပြောကြားထားသည်။

 ပြည်ထဲရေးဝန်ကြီး ရှင်ဒေက ပူနေမြို့မှ ၁၀၀-ကီလိုမီတာခန့် ကွာဝေးသော တာလေဂါရုံမြို့ ဗဟိုအရန် ရဲတပ်ဖွဲ့ဆေးရုံဖွင့်ပွဲ အခမ်းအနားအပြီး၌ ပြောကြားထားခြင်း ဖြစ်သည်။

 ထောက်လှမ်းရေးအဖွဲ့က လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှစ၍ ပြည်ပတွင် အခြေစိုက်နေထိုင်သော ဘီဟာပြည်နယ်သား အကြမ်းဖက်သမား ညီအစ်ကိုနှစ်ဦး အကြမ်းဖက် တိုက်ခိုက်မှုများ ကျူးလွန်ရန် ပြည်နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြောင်း ပြည်နယ်အစိုးရထံ အသိပေး နှိုးဆော်ထားသည်ဟု အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။

အင်အားပျော့ဗုံးများအား လုပ်ငန်းသုံး သာမန်ဓါတုကုန်ကြမ်းပစ္စည်းများကို ရောစပ်သုံးစွဲထားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်မြတ်ဆုံး ဘုရားစေတီများ ဖြစ်သည့် အေဒီ ၇-ရာစုနှစ် အတွင်းက တည်ဆောက်ထားသော မဟာဗောဓိစေတီတော်မှာ ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ်သတ်မှတ်ထားသော နယ်မြေဖြစ်ပါသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိဟု သိရသည်။

ဘုရာ ပရဝုဏ်အတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရား သဗ္ဗညုတ ညာဏ်တော်ရရှိရာ ဗောဓိညောင်ပင်အား ကမ္ဘာအနှံ့ အပြားမှ ဗုဒ္ဓဘာသာဝင်အမြောက်အများ နှစ်စဉ်လာရောက် ဖူးမြှော်လေ့ရှိပါသည်။ ဘီဟာပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အဘယာ နန္ဒ က “ မဟာဗောဓိ ညောင်ပင်တော်ကြီး အား အထိအခိုက်မရှိ အန္တရာယ် ကင်းရှင်းပါတယ် ” ဟု ပြောကြားထားသည်။

 မဟာဗောဓိစေတီတော် ပရဝုဏ်အတွင်း ဗုံး ၄-လုံးပေါက်ကွဲခဲ့ပြိး၊ သတ္တဒဿမမြောက် ကမ္မပါဆရာတော်ကြီး အော့ရင် ထရင်လေ ဒေါရ်ဂျီ သီတင်းသုံးရာ တေရေဂါ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တွင် ဗုံး ၃-လုံး ပေါက်ကွဲခဲ့ပါသည်။ တိဘက် ဗုဒ္ဓဘာသာ ဂိုဏ်ကြီး လေးဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်သော ကမ္မကာဂျူဂိုဏ်း၏ ဂိုဏ်းချုပ် ဆရာတော်ကြိးသည် အခင်းဖြစ်ပွားစဉ်ကေုဒ္ဓဂါယာမြို့၌ မရှိဟု သိရသည်။

 အခြားဗုံးတစ်လုံးသည် ဥာဏ်တော် ပေ ၈၀-ရှိ ဘရားဆင်းတုတော် ခြေရင်း အနီးတွင် ပေါက်ကွဲခဲ့ ကြောင်း နှင့် နောက်တစ်လုံးမှာ အနီးတွင် ရပ်နားထားသော ခရီးသွား ဘတ်စ်ကားအလွတ် တစ်စီး အတွင်းပေါက်ကွဲ ခဲ့ကြောင်းနှင့် ဗုဒ္ဓဆင်းတုတော်အနီး နှင့် အခြားတစ်နေရာမှ မပေါက်ကွဲသေးသော ဗုံး ၂-လုံးတွေ့ရှိသဖြင့် စနက်တံအား ဖြုတ်ခဲ့ရကြောင်း ဂါယာမြို့တော်ရဲချုပ်ချန်ဒန်ကုရှ်ဝါဟာက ပြောသည်။

 ဗဟိုအစိုးရက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာသို့ နိုင်ငံတော် ထောက်လှမ်းရေး အေဂျင်စီနှင့် နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့မှ ကျွမ်းကျင်သူများအား အမြန်ဆုံး စေလွှတ် တာဝန်ပေးခဲ့သည်ဟု သိရသည်။

 ဘီဟာပြည်နယ် ဝန်ကြီးချုပ် နီတစ်ရှ် ကူမာသည် ဗုံးဖောက်ခွဲမှုများကို ပြစ်တင်ရှုံ့ချလိုက်ပြီး ပြည်နယ် မြို့တော် ပတ္တနားမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၄၀-ခန့်ကွာဝေးသော ဗုဒ္ဓဂါယာမြို့သို့ ချက်ချင်းထွက်ခွာ သွားပြီး ထောက်လှမ်းရေးဗျူရို နှင့် အခြားလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများမှ ပြည်နယ် အစိုးရထံ အသိပေး နှိုးဆော်ထားကြောင်းး ဝန်ခံပြောဆိုခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ် ကူမားက ဗဟိုအစိုးရထံ မဟာဗောဓိ စေတီတော်အတွက် ဗဟိုစက်မှုဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ (Central Industrial Security Force – CISF ) အား တာဝန်ချထားပေးရန် တောင်းဆိုမည်ဖြစ်ကြောင်းနှင့် “ အခုအချိန်မှာတော့ ဒီအဖွဲ့အစည်းက လုံခြုံရေးတာဝန် ယူဖို့ အသင့်တော်ဆုံးပါဘဲ “ ဟု ပြောကြားထားသည်။

 ပြည်နယ် ရဲတပ်ဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ် အက်စ်ကေ ဘဒ်ဝပ်က လက်ရှိ အထောက်အထား များအရ အကြမ်းဖက်အဖွဲ့အစည်း တစ်ဖွဲ့ဖွဲ့၏ လက်ချက်ဖြစ်ကြောင်းပြောကြားသော်လည်း မည်သည့် အကြမ်းဖက်အဖွဲ့အစည်းကမျှ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြော်ငြာခြင်း မရှိသေးပေ။

( ရည်ညွှန်း- နယူဒေလီနှင့် ဟင်ဒူစတန်တိုင်းမ် ၈-၇-၂-၁၃ )

No comments:

Post a Comment