Wednesday, May 22, 2013
အတ္တဟိတ ပရဟိတ
အခုတလော ခြေထောက်တွေ ဖောနေလို့ ဆရာဝန်သွားပြ လေးငါးမိနစ်လောက်ကြာတဲ့ ဓါတ်ခွဲခန်း
စစ်ဆေးမှုလေးတွေ လုပ် ၃-ရက်လောက်စောင့်ပြီး ဆရာဝန်ပြန်ပြတော့ ဘာမှ မဖြစ်ပါဘူးတဲ့
ကုန်သွားတာက တစ်လလုံးရငွေရဲ့ ငါးပုံတစ်ပုံလောက်
ဒီလိုမှန်းသိရင် ဆေးခန်းမသွားပါဘူးကွာ၊ ဘာမှလဲ မရှိဘဲနဲ့ ငွေတွေ နှမြောလိုက်တာလို့
ပြောမိတော့ မိန်းမ နဲ့ သားရဲ့ အဟားခံရပါတယ်
ကုန်တာနဲ့ တန်အောင်လို့ ရောဂါ တွေ့စေချင်တာလားတဲ့
ရောဂါ မရှိတာတောံ ဝမ်းသာပါရဲ့ ငွေကုန်သွားတာတော့ -----
အိမ်နီးချင်း နိုင်ငံက ဝန်ကြီးချုပ် မမလေးရဲ့ အစ်ကို သက်ဆင် ကို စစ်တပ်အာဏာနဲ့ ဖြုတ်ချ
အာဏာအလွဲသုံးလာတ်စားမှု ၄-ခုစွပ်စွဲ
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် နာမည်တောင်ကြားလိုက်သေး
ဘန်ကောက်မြို့က မြေကွက် သူကမိန်းမကို ဈေးလျှော့ ရောင်းတယ်လို့ စွဲချက်တင် ထောင်ဒဏ်
၂-နှစ် မျက်ကွယ်မှာချလိုက်တယ်
အခု အတိုက်အခံပါတီဖြစ်နေတဲံ အဘီဆစ် အစိုးရ က သက်ဆင်
လာဘ်စားကြောင်း နိုင်ငံပိုင် ငွေ တွေ ခိုးကြောင်း ထပ်ခါတလဲလဲ စွပ်စွဲပေမယ် ပြည်သူအများစု က
သက်ဆင်ကို အချစ်အခင်မပျက်ကြပါဘူး
ပြည်သူ့ ဆန္ဒ စစ်တမ်းကောက်ယူတော့ ဖြေကြပါတယ်
နိုင်ငံရေးသမားတိုင်း သူခိုးချည်းပါဘဲတဲ့
သူများတွေက ခိုးလို့ရသမျှ အကုန်ယူတုန်း
သက်ဆင်က ပြည်သူတွေ ဘတ်-၃၀ ( မြန်မာငွေ ၁၀၀၀ အောက် ) နဲ့ ဆေးကုသရအောင်
လုပ်ပေးခဲံတယ်တဲ့ ၊ အဲဒီတော့ သက်ဆင်ကိုဘဲ ကြိုက်ပါတယ်တဲ့
အဲဒီအရှိန်နဲ့ သက်ဆင်ညီမ နိုင်ငံရေးသမား အသစ်ချပ်ချွတ်လေး ကို မျက်စိမှိတ် မဲပေးခဲ့ကြပါတယ်
လွန်ခဲ့သော နှစ်ပေါင်းများစွာ တိုင်းပြည် ချောက်ထဲ မရောက်အောင်ကယ်ခဲ့သော ပုဂ္ဂိုလ်ကြီးများ
သူတို့လဲ သားသမိး မြေးမြစ် အစဉ်အဆက် ရွှေတွင်း ငွေတွင်း
ပတ္တမြားတွင်း ကျောက်စိမ်းတွင်း ဆောက်လုပ်ရေး ကုမ္ပဏီတွေ ကုန်တိုက်ကြိးတွေ ပိုင်ဆိုင်ပြီး
ရဲတိုက်ကြီးတွေဆောက်။ နယူရော့ထက်တန်တဲ့ မြေကွက် ကြီးတွေ အများကြိး ပိုင်ဆိုင်ထားတာ
လက်တွေ့ပါဘဲ
ဘယ်မှာလဲ နိုင်ငံတော်က တာဝန်ယူတဲ့ အခမဲ့ကျန်းမာရေး ဝန်ဆောင်မှု
ဘယ်မှာလဲ အများပြည်သူ ကျန်းမာရေး အာမခံ စနစ်
ရွေးကောက်ပွဲ နီးရင်တော့ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး ခွဲစိတ်၊ကုပေးပါလိမ့်မယ်
ကျန်းမာရေး ဆိုတာ လူ့အခွင့်အရေးပါ မဖြစ်မနေ လုပ်ပေးရမှာပါ
သာဓုခေါ်မှ၊ ကျေးဇူတင်မှ လုပ်ပေမယ် ဆိုတာမျိုးမဟုတ်ပါ
နိုင်ငံတော်က ရသင့်တဲ့ အကျိုးအမြတ် နိုင်ငံ တော်က အကုန်ယူပါ
ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းမှ အလကားမတ်တင်းခွဲပေးစရာ မလိုပါဘူး
နိုင်ငံတော်က ရတဲ့ဝင်ငွေနဲ့ နိုင်ငံသားတိုင်း ရှေ့မှာ နောက်မှာ ဘာဝိသေသနမှ မပါဘဲ
တန်းတူညီမျှ ပညာရေး ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနိုင်ကြပါစေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment