Wednesday, May 1, 2013

မီဒီယာ လွတ်လပ်ခွင့်

မီဒီယာ လွတ်လပ်ခွင့် ဆိုတာ

စာနယ်ဇင်း လွတ်လပ်ခွင့် တို့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်တို့ တောင်းနေလိုက်ကြတာ

ပြန်/ဆက် ဝန်ကြီးဌာနက ဦးစီးမယ်ဆိုတော့ ကက်ကက်လန် အော်လိုက်ကြတာ

မီဒီယာကို မီဒီယာ လောကကဘဲ ထိန်းမယ်တော့

အချင်းချင်းထိန်းတာကို လက်ခံမယ်လိုကထင်ကြပါသလား

အရိုက်ခံဘူးတဲ့ ကလေးလိုရိုက်မယ်ဆိုမှ ကြောက်ပြိး နာခံသလို ကိုယ့်အသိနဲကကိုယ် မထိန်းတတ်

ကြတော့ဘူးလား၊

လွှတ်ပေးတိုင်းလဲ မပြေးကြပါနဲ့ဦး၊ ပညာရှင်ဖြစ်အောင်ကြိုးစားကြပါဦ

ထိုင်နေအကောင်းသား ထမျ ကျိုးမှန်းသိဆိုသလို

နေ့စဉ် သတင်းစာတွေလွှတ်လိုက်တော့ သတင်းစာတွေ ချက်ချင်း ပေါ်လာတယ်

သတင်းစာ ဆိုတာ နေ့စဉ်ထုတ် ဂျာနယ်လားလို့ ထင်စရာ

ဖေ့ဘုတ် ပေါ်မွှေပြိး သတင်းအဖြစ် ကူးယူရေးတာတွေများနေတယ်

သက်ဆိုင်ရာ ဝန်ကြိးဌာနတွေ မိမိရဲ့ အခန်းကဏ္ဍ နှင့် အဓိက တာဝန်

ဝတ္တရားတွေ မေ့နေ မေ့ချင်ယောင်ဆောင်နေကြတာလဲ ပါမယ်

တစ်ချို့ဟာတွေ တာဝန် တိတိကျကျ မခွဲသေးတာလဲပါမယ်

ပြန်ကြားရေးကို မီဒီယာ ပုလိပ် မလုပ်ခိုင်ဘဲ သကိဆိုင်ရာ ဝန်ကြိးဌာနတွေ တာဝန်တိတိကျကျ

ပေးလိုက်ရင် အဆင်ပြေပါမယ်

သတင်းထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ကာမဂုဏ် အကြမ်းဖက်မှု ခံရတာတွေ

ကို နာမည်အတိအကျ၊ လိပ်စာအတိအကျ၊ ဓါတ်ပုံပါ ပါလိုက်သေးတယ်

ကလေးသူငယ် အခွင့်အရေးများတို့၊ ကလေးသူငယ် ဥပဒေတို့ မကြားဘူးလေရော့သလား

လူမှုဝန်ထမ်းဦးစိးဌာနက တရားစွဲဆို အရေးယူသင့်ပါတယ်

မပေါ့တစ်ပေါ် စာပေတွေ ကာမသျှတ္တရကျမ်းတွေ၊ ကို ပညာပေးလိုလိုနဲ့ အပြာစာပေကို တရားဝင်

ထုတ်ချင်တဲ့သူတွေ ညစ်ညမ်းစာပေ ပုဒ်မနဲ့ တရားစွဲ အရေူးယူသင့်ပါတယ်

စီးပွားရေးကြော်ငြာတွေမှာ အပြာကားထဲက ပုံစံတွေအတိုင်း မလုံ့တလုံ ဓါတ်ပုံတွေပါလာရင်

မော်ဒယ်ရော၊ ကင်မရာဆရာရော၊ ထုတ်ဝေသူရော၊ အယ်ဒီတာရော၊ ကြောငြာရှင်ရော

ညစ်ညမ်းဓါတ်ပုံ ပုဒ်မ နဲ့ အရေးယူတရားးစွဲတာတွေလုပ်သင့်ပါတယ်

နေရာတိုင်း လုပ်ငန်းတိုင်း လူတိုင်းမှာ ရပိုင်ခွင့်တွေ ရှိသလို တာဝန်ယူရတတွေလဲ ရှိပါတယ်

လွတ်လပ်ခွင့်တွေ ရှိသလို ကျင့်ဝတ်တွေလဲရှိပါတယ်

ပုံနှိပ် မီဒီယာ မှာ တာဝန်ရှိသလို အွန်လိုင်း မီဒီ.ယာ မှာလဲ ကျင့်ဝတ်တွေရှိပါတယ်

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆိုတာ မီဒီယာ လောကထဲက လူတစ်စု အတွက် မဟုတ်ပါ

ပြည်သူအားလုံးအတွက်ဖြစ်ပါတယ်

သူတို့ လုပ်ချင်ရာ လုပ် ရေးချင်ရာရေး တင်ချင်တဲ့ ဓါတ်ပုံတင် လုပ်လာရင်

ဘဝနောင်ရေး နှင့် ဂုဏ်သိက္ခာ အထိပါးခံရမည်း သူတွေဘက်ကလဲ

ဝန်ကြီးဌာနများကို တာဝန်ခွဲယေပေးပြီး အရေးယူသင့်ပါတယ်

ကလေးသူငယ် မုဒိန်းမှုကို ရေးတာလား နောက်လူတွေကို ဒီလိုလုပ်ပါလားလို့ မြှောက်ပေးတာလား

ခွေးစိတ်ဝင်နေတဲ့ ဖခင်တစ်ချို့ သတင်းရေးရင်း မိကောင်းဖခင် အဖေအမေတွေ သားသမီးတွေကြား

အကြည်ညိုတန်စေမဲ့ သမီးကအဖေကို သံသယဝင်စေမည့် သတင်းတွေ ဖော်ပြနေတာ

ဘယ်သူ့အကျိုးလဲ မိမိစာမျက်နှာ၊ မိမိ သတင်းစာ ဂျာနယ် အရောင်းတက်စေချင်လို့လား

လွတ်လပ်ခွင့်ဆိုတာ ဗရမ်းပတာ လုပ်ခွင့် မဟုတ်ပါ

ခွဲခြားနားလည်ကြစေလိုပါသည်။

No comments:

Post a Comment