Sunday, December 14, 2014

Will we enjoy killing each other အချင်းချင်း တိုက်ခိုက်ရင်းဘဲ အချိန်တွေ ကုန်နေတေျာျွ့ာလား

အော် ဘယ်သူတွေ ဘာပြောပြော

ဘယ်သူတွေ ဘယ်နာမည် ပေးပေး

ဘယ်သူတွေ ဘာတောင်တောင်း

ဖက်ဒရယ်ပြည်ထောင်စု တောင်တောင်း

ဖက်ဒရယ် တပ်မတော် တောင်းတောင်း

ဒိမြေ ဒိရေ ဒီလေ တွေ အတူတူ အသုံးချပြိး အတူတူ အသက်ရှင်သန်လာကြတာ

အချင်းချင်း စေတနာ မေတ္တာ မထားနိုင်ကြဘဲ

သူက တုတ်ကြိးကြိး နဲ့ ရိုက်လို့ ငါက ဒါးသေးသေးနဲ့ ထိုးလိုက်မယ

ဆိုပြီး အချင်းချင်း တိုက်ခိုက်နေကြရင်

စစ်တိုက်တာ တရုတ်ကားထဲကလို လက်သိးချင်းထိုး နပမ်းလုံး စီးချင်းတိုက်ကြတာ မဟုတ်ဘူး

ဖွံြံ့ဖိုးပြိး နိုင်ငံတွေက ထုတ်တဲ့ စစ်လက်နက် ပစ္စည်းတွေ ဝယ်ပြီး တိုက်နေကြတာ

အစိုးရကလဲ နိုင်ငံတော် ပိုင် သယံဇာတတွေ ရောင်း ငွေရှာပြိး လက်နက်ဝယ်

လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေကလဲ နိုင်ငံတော် ပိုင သယံဇာတတွေရောင်း

ငွရှာလက်နက်ဝယ်

အေးအေးဆေးဆေး မဟုတ်တော့ သယံဇာတတွေကို ထိုက်တန်တဲ့ဈေးခေါ်ပြီး မရောင်းနိုင်

သူခိုးဈေးနဲ့ မတန်မရာ အောက်ဈေးနဲ့ ရောင်း

ဒီကြားထဲ ရောင်းသူ ဝယ်သူ ပွဲစားတွေက ခိုးပြိး ကိုယ့်အိပ်ထဲထည့်

ဒီလိုပုံနဲ့တော့ ဘယ်တော့မှ ငြိမ်းချမ်းရေး ရမှာမဟုတ်

လူတွေလဲသေ၊ နိုင်ငံတော်လဲ ဖွတ်ဖွတ်ညက်ညက်ကြေ

ငါးတစ်ကောင် ကိုယ့်ဖာသာ တည့်အောင် မဝေနိုင်တော့ ဘေးလူက အလည်ပိုင်း ယူသွာတဲ့

ပုံပြင်ထဲကလို ငါတို့ အခုထက်ထိ သင်ခန်းစာ မယူတတ်သေး

မာနတွေ ပြိုင်ပြိး အားလုံး ငရဲပြည်သွားကြစို့။

Outsiders whatever they say,

Whatever races they named and called,

whatever demands they asked,

Federal Union,

Federal Army,

We have been living on the same land, under the same atmosphere, using the

same water body,

without compassion, empathy and mercy on each other,

Because he beat me with a big wooden stick, I stab back with a tiny knife.

If we fight each other.

War is not like in the Chinese film, neither boxing nor wrestling nor dual fight,

but using the various modern weapons produced by developing countries..

The Government sold the country's resources and purchase the weapons,

also the armed groups of the ethnics do the same.

Because of the chaotic situation, the resources never earn the right price but

under table price.

In the same time, the sellers, buyers and brokers steal much of the portion.

In this way, we will never see the PEACE,

The human beings expire, the land and its environment spoil.့

Like in the folk's tale, unable to share the FISH among ourselves, the stranger

exploits the fat middles portion of the fish, we still not take the lesson.

OH, LETS GO TO HELL ALTOGETHER , holding the wrong illogical prides.

Tuesday, July 29, 2014



စာရေးဆရာတစ်ဦး ရေးတာလား ဟောပြောတာလား မမှတ်မိတော့ပါ

ဝတ္ထု တစ်အုပ် ရေးရင်း ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကောင်တွေ ချပြီး ရေးတယ်

ရေးရင်း ရေးရင်း နဲ့ သူ့ဇာတ်ကောင် ကို သူစိတ်ကူးထားတဲ့အတိုင်း ဆက်ပြီး ကခိုင်းလို့

မရတော့ဘူးတဲ့

ဇာတ်ကောင်က သူ့ ဇာတ်ကောင်စရိုက်အတိုင်း လက်ရှိ ဇာတ်လမ်းအတိုင်းဘဲ သူ့ဖာသာသူ

ဆက်ပြီးလှုပ်ရှားကပြသွားတာ ဇာတ်လမ်းက အစက သူစိတ်ကူးထားတဲ့ အတိုင်း မဟုတ်တော့ဘဲ

ပြောင်းလဲသွားပါတယ်တဲ့။

ချစ်ခင်လေးစားအပ်ပါသော
ပြည်သူ ကြည်ဖြူသည် ဖြစ်စေ၊ မကြည်ဖြူသည် ဖြစ်စေ

တိုင်းပြည် နှင့် လူမျိုး ကံကြမ္မာ ကို ပြုပြင် ပြောင်းလဲ ဖန်တီးနိုင်သော နေရာ များကို

ပိုင်ဆိုင်ထားသော သူများ ကို မေတ္တာရပ်ခံလိုပါသည်။

နှစ်ပေါင်းများစွာ ကြိုတင် အနိုင်ကျင့် ရေးသားပြုစုထားသော

ဇာတ်ညွှန်းအတိုင်း ကပြနေမည့်အစား

တစ်ဦးတစ်ယောက်၊ တစ်စု တစ်ဖွဲ့ မျက်နှာထက်

အများပြည်သူ မျက်နှာ အထူးသဖြင့် ဆင်းရဲ နိမ့်ကျ အားကိုးရာမဲ့ သူများအတွက်

တရားမျှတမှုဖော်ဆောင်ပေးနိုင်ပါေ

ဖိနှိပ် အနိုင်ကျင့်မှုများ ကို ဖယ်ရှားပေးနိုင်ပါစေ။

အတိအကျတော့ မမှတိမိပါ ကျန်စစ်သားမင်းကဲ့သို့

လက်တစ်ဖက်ဖြင့် ပြည်သူ့ မျက်ရေ သုတ်ပေး၍

လက်တစ်ဖက်ဖြင့် အစာရေစာ လောက်ငအောင် ကျွေးမွေးနိုင်ပါစေ။

တိုင်းပြည် နှင့် လူမျိုး ချောက်ထဲ ဆင်းနေတာ မျက်ကွယ်ပြုနေမည်အစား

ဆေးမြီးတိုများ နှင့် ကုနေမည့်အစား

ကျွမ်းကျင်သူအားလုံး စုပေါင်းပြီး ကုရမည့် အချိန် ရောက်နေပါပြီ

နိုင်ငံ နှင့် လူမျိုးအတွက် အကောင်းဆုံး အကျိုးပြု ဆောင်ရွက်နိုင်ပါစေကြောင်း

အသိ နှင့် သတိကပ်ပြီး ဆုံးဖြတ်နိုင်ပါစေကြောင်း

တိုက်တွန်း နှိုးဆော်အပ်ပါသည်။

Monday, May 12, 2014

Myanmar National Disabilities Forum & Conference


Myanmar National Disabilities Forum & Conference


မြန်မာနိုင်ငံတဝန်းလုံးမှ မသန်စွမ်းသူများအားလုံးကို ကိုယ်စားပြုမည့် နိုင်ငံအဆင့် “ မြန်မာနိုင်ငံ မသန်စွမ်း သူများ ဖိုရမ် နှင့် ည်ီလာခံ ” ကို ၂၀၁၄-ခုနှစ် ဇွန်လ ၁၀-ရက်နေ့မှ ၁၂-ရက်နေ့အထိ သုံးရက်တိုင်တိုင် နေ့စဉ် နံနက် ၉၊၀၀ နာရီမှ ညနေ ၄၊၃၀ နာရီ အထိ ရန်ကုန်ျြမို့ ကမ္ဘာအေးဘုရားလမ်း ဆီဒိုနားဟော်တယ်တွင် ကျင်းပမည် ဖြစ်ပါသည်။

ဖိုရမ် နှင့် ညီလာခံ ၏ ရည်ရွယ်ချက်များ

၁။ နိုင်ငံတဝှန်းရှိ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အတားအဆီးများ နှင့် စိန်ခေါ်မှုများ ကို ဆွေးနွေးဖော်ထုတ်၍ နိုင်ငံတော် နှင့် ပြည်သူများအား အသိပေး တင်ပြရန်၊

၂။ မသန်စွမ်းသူများ၏ အခွင့်အရေးများ နှင့် လိုအပ်ချက်များကို ဗဟိုပြု ထင်ဟပ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန်၊

၃။ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ အမြန်ဆုံး အမြန်ဆုံး အကောင်အထည်ပေါ်လာရေးအတွက် တိုက်တွန်းဆောင်ရွက်ရန်၊

၎။ နိုင်ငံလူဦးရေ၏ ၁၅-ရာခိုင်နှုန်းခန့်ရှိသော မသန်စွမ်းသူများအားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စု အဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီ ဖွဲ့စည်းရန်၊

ထွက်ပေါ်လာမည့် အကျိုးရလာဒ်များ

၁။ နိုင်ငံတဝှန်းရှိ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အတားအဆီးများ နှင့် စိန်ခေါ်မှုများ ကို ဆွေးနွေးဖော်ထုတ်၍ နိုင်ငံတော် နှင့် ပြည်သူများ နှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းများသို့ အသိပေး တင်ပြနိုင်မည်။

၂။ မသန်စွမ်းသူများ၏ အခွင့်အရေးများ နှင့် လိုအပ်ချက်များကို ဗဟိုပြု ထင်ဟပ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး သက်ဆိုင်ရာ မူဝါဒဆိုင်ရာ မုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများသို့ ဆက်လက်တင်ပြနိုင်မည်။

၃။ နိုင်ငံလူဦးရေ၏ ၁၅-ရာခိုင်နှုန်းခန့်ရှိသော မသန်စွမ်းသူများအားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စု အဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီ ဖွဲ့စည်းပြီး မသန်စွမ်းသူများဆိုင်ရာ အရေးအရာများကို ရှေ့လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားနိုင်မည်။

၎။ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ အမြန်ဆုံး အမြန်ဆုံး အကောင်အထည်ပေါ်လာရေးအတွက် စုပေါင်း တိုက်တွန်းဆောင်ရွက်နိုင်မည်။

၅။ နိုင်ငံတဝန်းရှိ မသန်စွမ်းသူများ၊ မသန်စွမ်း အဖွဲ့အစည်းများ အတွင်း အချင်းချင်း ရင်းနှီးစည်းလုံးမှု၊ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်အလက် နှင့် အတွေ့အကြုံများ အပြန်အလှန် ဖလှယ်ခွင့်များ တိုးတက်ဖြစ်ထွန်းလာနိုင်မည်။

အကောင်အထည် ဖော်သည့်အဖွဲ့

မသန်စွမ်းအဖွဲ့အစည်း ၁၅-ဖွဲ့မှ ကိုယ်စားလှယ် ၃၁-ဦးဖြင့် ဖွဲ့စည်းထားသည့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မီတီ ( Working Committee for the Rights of the Persons with Disabilities ) က အကောင်အထည်ဖော် ဆောက်ရွက်ခြင်း ဖြစ်ပါသည်။

၁။ မြန်မာနိုင်ငံ မျက်မမြင် အသင်း
၂။ နားမကြား အရင်းအပြစ် စင်တာ
၃။ မန္တလေး နားမကြား လူငယ် စင်တာ
၎။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်း
၅။ ဉာဏ်ရည်မမှီ ကလေးမိဘများ ကွန်ယက်
၆။ မြန်မာနိုင်ငံ ခရစ်ယန် မျက်မမြင်များ မိတ်သဟာယ
၇။ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့
၈။ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ )
၉။ အနာဂါတ် ကြယ်ပွင့်လေးများ ဉာဏ်ရည် မသန်စွမ်း ကိုယ်အားကိုယ်ကိုးအဖွဲ့
၁၀။Challenge အဖွဲ့
၁၁။ ရန်ကုန် နားမကြားအဖွဲ့
၁၂။ မသန်စွမ်းသူများ ဘဝမြှင့်တင်ရေး အဖွဲ့
၁၃။ မြန်မာနိုင်ငံ အော်တစ်ဇင် အသင်း
၁၄။ မြန်မာနိုင်ငံ မသန်စွမ်း အမျိုးသမီးများ အသင်း
၁၅။ မေရီချက်ပ်မင်း နားမကြားသော ကလေးများကျောင်း တို့ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖိုရမ်/ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အောက်ဖော်ပြပါ ကော်မီတီ နှင့် ဆပ်ကော်မီတီများ ဖွဲ့စည်းဆောက်ရွက်လျက်ရှိပါသည်။

ဖိုရမ် / ညီလာခံ ကျင်းပရေး ဦးစီးကော်မီတီ

ဆပ်ကော်မီတီများ

၁။ ဖိတ်ကြားရေး နှင့် ပြန်ကြားရေး ဆပ်ကော်မီတီ
၂။ အခမ်ဒအနား ပြင်ဆင်ရေး နှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မီတီ
၃။ ဘဏ္ဍာငွေ စီမံခန့်ခွဲရေး ဆပ်ကော်မီတီ
၎။ ကျွေးမွေး ဧည့်ခံရေး ဆပ်ကော်မီတီ
၅။ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မီတီ
၆။ ကျန်းမာရေး ဆပ်ကော်မီတီ
၇။ ရုံးအဖွဲ့

မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖိုရမ် / ညီလာခံ ကျင်းပရေး ဆပ်ကော်မီတီ

၁။ ဦးသိန်းလွင် - ဥက္ကဌ
၂။ ဦးညွန့်အောင် - ဒု- ဥက္ကဌ
၃။ ဦးနေလင်းစိုး -အတွင်းရေးမှူး
၎။ ဦးမိုးဇင် - အဖွဲ့ဝင်
၅။ ဦးမြတ်ဦး - အဖွဲ့ဝင်
၆။ ဦးအေးကိုကို - အဖွဲ့ဝင်
၇။ ဒေါ်ခင်မျိုးစု - အဖွဲ့ဝင်
၈။ ဒေါ်ရွှေဝါသန်းနိုင် - အဖွဲ့ဝင်
၉။ ဒေါ်မေဇင်လှိုင် - အဖွဲ့ဝင်

ဖိုရမ် / ညီလာခံ တက်ရောက်မည့် အရေအတွက်

မြန်မာနိုင်ငံ အနှံ့အပြားမှ မသန်စွမ်း အမျိုးအစား အားလုံး ( ကိုယ်ခန္ဓာ မသန်စွမ်း / အမြင် အာရုံ မသန်စွမ်း / အကြားအာရုံ မသန်စွမ်း / ဉာဏ်ရည် မသန်စွမ်း ) အပါအဝင် ၆၀၀-ဦးခန့် ပါဝင်တက်ရောက်မည် ဖြစ်ပါသည်။

အဓိက ပံ့ပိုးကူညီသည့် အဖွဲ့အစည်းများ

USAID , World Learning , Malteser International

ဆက်သွယ်ရန် လိပ်စာ

အတွင်းရေးမှူး နှင့် ရုံးအဖွဲ့
မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖိုရမ်/ညီလာခံ ကျင်းပရေး ဦးစီးကော်မီတီ
အမှတ်- ၁၆ ( ဘီ )၊ ရေတွင်းကြီး လမ်းသွယ်၊ သာယာအေးလမ်း
၃-ရပ်ကွက်၊ သမိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၉ ၄၃၁၂၃၇၄၂ ၊ ၀၉-၇၃၁၉၁၇၆၃ ၊ ၀၉-၇၃၂၄၀၅၄၂

အီးမေးလ်- info.myanmarndf@gmail.com

( ဖိုရမ် / ညီလာခံ သို့တက်ရောက်လိုသော မသန်စွမ်းသူများ မည်သူမဆို အထက်ပါလိပ်စာသို့ ဆက်သွယ်၍ လျှောက်လွှာများ အခမဲ့ တောင်းခံနိုင်ပါသည် )

Change Management ( 21-50 )

1.    In human life there is constant change of fortune; and it is unreasonable to expect an exemption from the common fate. Life itself decays, and all things are changing. ( Plutarch; 46-120 )
လူ့ဘဝ၏ ကံကြမ္မာသည် အစဉ်အမြဲ ပြောင်းလဲနေပေသည်။ ကံကြမ္မာ၏ ပြုပြင်လွှမ်းမိုးမှု အောက်မှ ရုန်းထွက်ရန် ကြိုးပမ်း ခြင်းသည် သဘာဝမကျပါ။ အသက်သည် အချိန်တိုင်း ယိုယွင်းပျက်စီးနေသည်။ အရာရာတိုင်းသည် အစဉ်အမြဲ ပြောင်းလဲနေသည်သာ။ (  ပလူတာ့ခ်ျ  ၄၆-၁၂၀ )
2.    It is the greatest mistake to think that man is always one and the same. A man is never the same for long. He is constantly changing. He seldom remains  the same even for half an hour. ( George Gurdieff 1873-1949 )
လူသည် တသမတ်တည်း မပြောင်းမလဲ ခိုင်မာနေသည်ဟု ထင်မြင်ခြင်းသည့် အကြီးဆုံးအမှားတစ်ရပ် ဖြစ်ပေသည်။ လူသည် မပြောင်းမလဲ ကြာကြာ မနေနိုင်ပါ။ အစဉ်အမြဲ ပြောင်းလဲနေပေသည်။ လူတစ်ယောက်သည် နာရီဝက်မျှ မပြောင်းလဲဘဲ တည်နေနိုင်ရန်ပင် ခဲယဉ်းလှပေသည်။  ( ဂျော့ချ ဂါးဒစ်ဖ်  ၁၈၇၃-၁၉၄၉ )
3.    Security is mostly superstition. It does not exist in nature, nor do the children of man as a whole experience it. Avoidance of danger is not safer in the long run than outright exposure. Life is either a daring adventure or nothing. ( Hellen Keller 1880-1968 )
လုံခြုံစိတ်ချခြင်းဆိုသည်မှာ အယူသည်းခြင်းပင် ဖြစ်ပေသည်။ သဘာဝလောကတွင် လုံခြုံစိတ်ချမှု ဆိုတာ မရှိသလို၊ လူသားများသည်လည်း ဘယ်သောအခါမျှ ထိုအရာကို မစံစားခဲ့ရကြပါ။ အန္တရာယ်ကို ရှောင်ငြားသော်လည်း ရေရှည်မှာ ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းထက် ပို၍ ဘေးကင်းသည်ဟုသေချာ အာမ မခံနိုင်ပါ။ လူ့ဘဝဆိုသည်မှာ ရဲဝံ့သူတို့အတွက် စွန့်စားခန်း သာဖြစ်ပေသည်။ သို့မဟုတ်ပါက ဘဝသည် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ( ဟယ်လင် ကဲလား  ၁၈၈၀-၁၉၆၈ )
4.    The definition of great is mostly an imagination and zeal to re-create yourself daily.
(  Tom Peters )
ကြီးကျယ်မြင့်မြတ်ခြင်းဆိုသည်မှာ မိမိကိုယ်တိုင် နေ့စဉ် ပြန်လည် ဖန်တည်းနေရမည့် စိတ်ကူး စိတ်သန်း နှင့် အားမာန်ပင် ဖြစ်ပေသည်။ ( တွမ် ပီတာ )

5.    When the rate of change outside is greater than the rate of change inside, the end is insight. ( Jack Welch )
ပုံသဏ္ဍာန်  ( ပတ်ဝန်းကျင် ) ပြောင်းလဲမှုနှုန်းကို အနှစ်သာရ ( အတွင်းပိုင်း ) ပြောင်းလဲမှုက မလိုက်နိုင်တော့ဘူးဆိုလျင် ပျက်သုဉ်းမှု အရိပ်အယောင် သန်းလာနေပြီ ဖြစ်သည်။ ( ဂျက် ဝဲလ်ခ် )
 
6.    You must be the change that you want to see in the world. ( Mahatma Gandhi 1869-1948 )
ကမ္ဘာပေါ်မှာ မိမိမြင်တွေ့လိုတဲ့ အပြောင်အလဲတွေ ဖြစ်လာအောင် မိမိကိုယ်တိုင်က စတင်ပြောင်းလဲရပါမယ်။ ( မဟတ္တမ ဂန္ဓီ   ၁၈၆၉-၁၉၄၈ )
7.    Education is the most powerful weapon you can use to change the world.  ( Nelson Mandela     1918 - 2013 )
ပညာရေးသည် ကမ္ဘာကြီးကို ပြောင်းလဲရန်အတွက် အင်အားအကြီးဆုံး လက်နက် တစ်ရပ်ဖြစ်ပေသည်။ ( နယ်လ်ဆင် မင်ဒဲလား ၁၉၁၈ - ၂၀၁၃ )

8.    People wish to learn to swim and at the same time to keep one foot on the ground. ( Marcel Proust 1871- 1970 )
လူသည် ရေကူးလည်း သင်လိုသည်။ တစ်ချိန်တည်းမှာပင် ကြမ်းပြင်ပေါ်မှာလည်း ခြေတစ်ဖက် ထောက်ထားချင် သေးသည်။ ( မာစဲလ် ပရို့ ၁၈၇၁-၁၉၇၀ )
9.     If we want everything to remain as it is, it will be necessary to change everything. ( Giuseppe Tomasi Di Lampedusa )
အရာရာတိုင်းကို ရှိရင်းစွဲ အခြေအနေအတိုင်း ထိန်းထားလိုလျင် အရာရာတိုင်းကို ပြောင်းလဲရန် လိုအပ်ပါသည်။ ( ဂျူးဆက်ပီ တိုမာဆီ ဒီ လမ်ပေဒူဆာ )
10.  Change does not take time – it takes commitment. ( Thomas Crum ) 
ပြောင်းလဲရန်အတွက် အချိန်မလိုအပ်ပါ၊ ပြောင်းမည်ဆိုသည့် စိတ်ဆုံးဖြတ်ချက်သာ လိုအပ်ပါသည်။ ( သောမတ်စ် ကရွမ်း )
11.  Sometimes the answer to prayer is not that it changes life, but that it changes you. ( James Dillet Freeman )
ဆုတောင်းသံ၏ အဖြေသည် တခါတရံ ဘဝကိုပြောင်းလဲခြင်းမဟုတ်၊ ကာယကံရှင်ကို ပြောင်းလဲ ပေးလိုက်ခြင်းလည်း ရှိပါသည်။ ( ဂျိမ်း ဒီလက် ဖရီးမင်း )
12.  To live is to change and to be perfect is to have changed often. ( John Henry Freeman 1801-1890 )
ဆက်လက်ရှင်သန်နေရန်အတွက် ပြောင်းလဲရန် လိုအပ်သကဲ့သို့ အကောင်းဆုံးဖြစ်ရန်အတွက် မကြာခန ပြောင်းလဲရန် လိုအပ်ပေသည်။( ဂျွန် ဟင်နရီ ဖရီးမင်း ၁၈၀၁-၁၈၉၀ )
13.  God grant me the serenity to accept the things I cannot change, courage to change the things I can, and wisdom to know the difference. (  St. Francis of Assissi  1182-1226 )

ကျွန်တော် ပြောင်းလဲနိုင်စွမ်း မရှိသော အခါမှာ ဘုရားသခင်သည် ကျွန်ုပ်အား တည်ငြိမ်အေးချမ်းသော စိတ်ခွန်အားကို ပေးပါသည်။ ပြောင်းလဲနိုင်သော အခါများတွင် သတ္တိခွန်အားကို ပေးပါသည်။ ထို့အတူ  တည်င်ြမ်အေးချမ်းစွာ ရင်ဆိုင်ရမည်လား သို့မဟုတ် ရဲ့ဝန့်စွာ ပြောင်းလဲရမည်လား ခွဲခြား ဆုံးဖြတ်နိုင်သည့် ဉာဏ်ပညာခွန်အားကိုလည်းပေးပါသည်။ ( စိန့်ဖရန်စစ် ဒီအစစ်ဆီ  ၁၁၂၈-၁၂၂၆ )

14.  We cannot change, we cannot move away from what we are, until we thoroughly accept what we are. Then change seems to come about almost unnoticed. ( Carl Rogers )

မိမိတို့၏ သရုပ်အမှန်ကို အမှန်အတိုင်း သိလျက် ဝန်မခံနိုင်သမျှ ကာလပတ်လုံးမိမိတို့ ရပ်တည်နေ သော နေရာမှ တဆံချည်မျှမရွေ့ မည်သို့မျှ ပြောင်းလဲမည် မဟုတ်ပေ။ မိမိအခြေအနေကို အမှန်အတိုင်း သိနားလည်လိုက်သည်နှင့် တပြိုင်တည်းမှာပင် ပြောင်းလဲခြင်းသည် အမှတ်မထင် ရောက်နှင့်နေပေလိမ့်မည်။ ( ကားလ် ရိုဂျာ )
15.  When you’re green, you grow; when you’re ripe, you rot. ( Ray Croc, founder of Macdonalds )
အစိမ်းရောင်သမ်းစဉ် သင့်ဘဝသည် တိုးတက်ကြီးထွားနေပြီး ရင့်မှည့်လာပြီ ဆိုတာနှင့် ပုပ်ပျက်တော့မှာ အသေအချာပါ။ ( ရေး ခရော့ခ်  မက်ဒေါ်နယ်စားသောက်ဆိုင် တည်ထောင်သူ )
16.  It is not the strongest of the species that survive nor the most intelligent, but the ones most responsive to change. ( Charles Darwin 1809-1882 )
ဆက်လက် ရှင်သန် နေသော မျိုးစိတ်များသည် ခွန်အား အသန်မာဆုံးများ မဟုတ်သလို၊ အသိဉာဏ်အမြင့်ဆုံးသူများလည်း မဟုတ်ပါ။ အပြောင်းအလဲများကို အလိုက်သင့် တုန့်ပြန်နိုင်သူများသာ ဖြစ်ကြပါသည်။ ( ချားလ်စ် ဒါဝင် ၁၈၀၉-၁၈၈၂ )

17.  We can only change others by changing ourselves. No one can persuade another to change. Each of us guards a gate of change that can only be open from the inside. We cannot open the gate of another, either by argument, or emotional appeal. ( Marilyn Ferguson )
မိမိတို့ကိုယ်တိုင် ပြောင်းလဲခြင်းအားဖြင့်သာ အခြားသူများကို ပြောင်းလဲနိုင်စွမ်းရှိမည် ဖြစ်ပါသည်။
အခြားသူများအား ပြောင်းလဲရန် မည်သူမျှ ဖြားယောင်းသွေးဆောင်နိုင်စွမ်း မရှိပါ။   လူတိုင်း လူတိုင်း အတွင်းမှသာ ဖွင့်စွမ်းနိုင်သည့် ပြောင်းလဲခြင်းတခါးများကို စောင့်ကြပ်နေကြပါသည်။                
ကျွန်ုပ်တို့သည် ငြင်းခုန်ဆွေးနွေးခြင်းဖြင့် ဖြစ်စေ၊ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် တောင်းပန်တိုးလျှိုးခြင့် အားဖြင့် ဖြစ်စေ အခြားသူများ၏ ပြောင်းလဲမှု တခါးများကို ဖွင့်နိုင်စွမ်းမရှိကြပါ။ ( မာရီလင် ဖာဂူဆန် )
18.  When the wind blows, some people build the walls, others build windmills. ( Peter Hawkins )
လေတိုက်ခတ်လာလျင် လူအချို့က လေကာတံတိုင်းများ ဆောက်ကြပြီး အချို့လူများကတော့ လေရဟတ်တွေ တည်ဆောက် ( ပြီး စွမ်းအင်ကို အသုံးချကြ ) ကြပါသည်။ ( ပီတာ ဟော့ကင်း )  

          
19.  Change is exiting, fun and not too difficult if we see it as learning in a way that we want. I am more and more sure that those who are in love with learning are in love with life. For them, change is never a problem, never a threat, just another exciting opportunity. ( Charles Handy )
ပြောင်းလဲခြင်းဆိုတာ မိမိလိုလားတဲ့ လေ့လာသင်ယူမှု တစ်ခုလို့မှတ်ယူလိုက်ပါက ပြောင်းလဲခြင်းသည် စိတ်လှုပ်ရှားဖွယ်၊ ပျော်ရွှင်စရာ ကိစ္စတစ်ရပ်ဖြစ်လာပြီး ပြောင်းလဲရန် မခက်ခဲတော့ပါ။ ပြောင်းလဲခြင်းကို မြတ်နိုးသူတွေလည်း ဘဝကိုမြတ်နိုးတဲ့သူတွေ ဖြစ်ကြောင်း သာ၍ ယုံကြည်လာပါတယ်။ အကြင်ူသများအတွက် ( ထိုသို့သော သူများအတွက် ) ပြောင်းလဲခြင်းဟူသည် ပြဿနာမဟုတ်၊ ခြိမ်းခြောက်ခြင်း မဟုတ်၊ စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းအသစ်တစ်ခုသာ ဖြစပေသည်။ ( ချားလ်စ် ဟင်ဒီ )
20.  Sometimes you just have to take a leap, and build your wings on the way down. ( Kobi Yamada )
တခါတရံမှာ သင်လုပ်ရမှာက အသာ ခုန်ချလိုက်ပြီး အကျမှာ တောင်ပံတွေ သန်မာလာအောင် လေ့ကျင့် တည်ဆောက်လိုက်ရန် ဖြစ်ပါသည်။ ( ကိုဘီ ယာမာဒါ )
21.  The key to change is to let go of fear. ( Rosanne Cash )
ပြောင်းလဲခြင်း၏ အဓိကသော့ချက်သည် အကြောက်တရားကို ဖယ်ရှားရန် ဖြစ်ပါသည်။ ( ရိုဆိန်း ကက်ရှ် )
22.  Life can either be accepted or change. If it is not accepted, it must be changed. If it cannot be changed, then it must be accepted. ( Source unknown )
ဘဝမှာ ပြောင်းလဲမလား လက်ရှိအခြေအနေကို လက်ခံထားမလားဆိုတာ ရွေးချယ်ရပါသည်။ လက်ရှိ ဘဝအခြေအနေကို လက်ခံမထားနိုင်လျင် ပြောင်းလဲရပါမည်။ မပြောင်းလဲနိုင်လျင် လက်ရှိအခြေအနေကို လက်ခံယုံမှတပါး အခြားမရှိပါ။ ( ပင်ရင်း မသိ )
23.  There is a certain relief in change, even though it be from bad to worse. As I have often  found in travelling in a stagecoach, that it is often a comfort to shift one’s position, and be bruised in a new place. ( Washington Irving )
အဆိုးမှ ပိုဆိုးဝါးသည့် အခြေအနေသို့ပြောင်းလဲနေစဉ်မှာပင် သက်တောင့် သက်သာ ဖြစ်စရာတွေ ရှိနေပါသေးသည်။ ခရီးဝေးပြေးဆွဲတဲ့ မြင်းရထားဖြင့် ခရီးသွားနေကျ ဆိုတော့ ထိုင်နေစဉ်မှာပင် ပုံစံပြောင်းလိုက်လျင် တင်ပါးမှာ ထိုင်ခုံပွန်းတဲ့နေရာ အသစ်ရွှေ့ပေးလိုက်ခြင်းဖြင့် သက်သာရာ ရနိုင်တယ်ဆိုတာ ကိုယ်တွေ့ပါ။ ( ဝါရှင်တန် အာဗင် )
24.  If nothing ever changed, there would be no butterflies. ( Source unknown )
အပြောင်းအလဲဆိုတာ မရှိခဲ့လျင် လိပ်ပြာဆိုတာလည်း ဘယ်တော့မှ မရှိနိုင်ပါ။ ( အမည်မသိ )
25.  If money is your hope for independence you will never have it. The real only security that a man will have in this world is a reserve of knowledge, experience and ability. ( Henry Ford 1863-1947 )
ငွေကြေးပြည့်စုံ ကုံလုံခြင်းသည် အမှီအခိုကင်းစွာ ရပ်တည်ဖို့ မျှော်လင့်ချက် မဟုတ်ပါ။ လူတစ်ဦးသည် ဗဟုသုတ၊ အတွေ့အကြုံ နှင့် အစွမ်းအစ များ အလုံအလောက်ရှိမှသာလျင် ကမ္ဘာပေါ်တွင် လုံခြုံစွာ ရပ်တည်နိုင်မည် ဖြစ်ပေသည်။ ( ဟင်နရီ ဖို့ဒ်  ၁၈၆၃-၁၉၄၇ )
26.  Your success in life isn’t based on your ability to simply change. It is based on your ability to change faster than your competition, customers and business.( Mark Sanborn )
သင့်တွင် လွယ်ကူစွာ ပြောင်းလဲနိုင်စွမ်း ရှိရုံမျှဖြင့် ဘဝတွင် အောင်မြင်လိမ့်မည်မဟုတ်ပါ။ သင်၏ ပြိုင်ဖက်များ၊ ဖောက်သည်များ နှင့် လုပ်ငန်းအခြေအနေများ ထက်ပိုမိုလျင်မြန်စွာ ပြောင်းလဲနိုင်မှသာ အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ပေသည်။ ( မာ့က် ဆန်ဗွန် )
27.  Continuity gives us roots, change gives us branches, letting us stretch and grow, reach new heights. ( Pauline R, Kezer )
စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် အမြစ်ခိုင်မာစေပြိး ပြောင်းလဲခြင်းဖြင့် အကိုင်းအခက်များ ဝေစည်စေပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ကို ကျယ်ပြန့်ကြီးထွားစေကာ  မရောက်ဖူးသေးသည့် အမြင့်သို့ တက်လှမ်းစေပါသည်။ ( ပေါ်လင်း အာ ကေဇာ )
28.  The birds are moulting. If only man could moult also- his mind once a year of its errors, his heart once a year of its useless passions. ( James Allen )
ငှက်များသည် အမွှေးအတောင်ဟောင်းများ ကျွတ်၍ အတောင်သစ်ပေါက်လေ့ရှိပါသည်။ လူသည်သာ ထိုအခွင့်ကို ရလျင်  စိတ်ထဲမှ အမှားများကို၊  နှလုံးသားအတွင်းမှ သုံးမရသည့် အစွဲအလန်းများကို တနှစ်တခါ ချွတ်ပယ်ချင်ပါသည်။ (ဲဂျိမ်းစ် အယ်လင် )

29.  Unless you are prepared to give up something valuable you will never be able to truly change at all, because you’ll be forever in the control of things you can’t give up. ( Andy Law )
တန်ဖိုးထားသော အရာအချို့ကို စွန့်လွှတ်ရန် စိတ်ပိုင်းဖြတ် မထားလျင် သင်မစွန့်လွှတ်နိုင်သော အရာများက သင့်ကို ဆက်လက်ထိန်းချုပ်နေမည် ဖြစ်သဖြင့် မည်သည့်အခါမျှ စစ်မှန်သော ပြောင်းလဲခြင်းသို့ ရောက်မည် မဟုတ်ပေ။ ( အင်ဒီ လော )

30.  The most successful businessman is the man who holds onto the old just as long as it is  good, and grabs the new as soon as it is better, ( Robert P. Vanderpoel )

ထိပ်တန်းရောက် လုပ်ငန်းရှင်ဟူသည် အသုံးတည့်နေသ၍ အဟောင်းများကို စွဲကိုင်ထားပြီး သာ၍ကောင်းသောအရာများကို ချက်ချင်း ဆွဲကိုင်နိုင်သူများ ဖြစ်ပါသည်။ ( ရောဘတ် ပီ ဗန်ဒါပိုးလ် )

Biblical Delegation of Power

  1. သမ္မာကျမ်းစာလာ စနစ်တကျ စီမံခန့်ခွဲမှု


    စီမံခန့်ခွဲမှုသည် နေရာတိုင်း၊ အဖွဲ့အစည်းတိုင်း၊ စီးပွားရေးလုပ်ငန်း ဖြစ်စေ၊ လူမှုရေးလုပ်ငန်းဖြစ်စေ၊လိုအပ် ပါသည်။ အရေးကြီးပါသည်။ ပါဝင်ပတ်သက်နေသော သူများအားလုံး မိမိတို့လိုလားသော ချမှတ်ထားသော ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မရ။ စီမံခန့်ခွဲမှု ကောင်းမှသာ အောင်မြင်မည် ဖြစ်ပါသည်။

    စိမံခန့်ခွဲမှု ပညာရပ်နှင့် ပတ်သက်လာလျင် ပီတာ ဒရပ်ကာ၊ ဒေးလ် ကာနက်ဂျီ၊ ဟင်နရီ ဖို့ဒ် နှင့် အခြားပုဂ္ဂိုလ် များစွာတို့ သည် မိမိတို့၏ နယ်ပယ်အသီသီးတွင် စီမံခန့်ခွဲမှုကောင်းမွန်ခြင်းကြောင့် သူတို့၏ လုပ်ငန်းများ အောင်မြင်သကဲ့သို့ သူတို့၏ စီမံခန့်ခွဲမှု နည်းစနစ်များကို အများက လေ့လာပြီး လိုက်နာကျင့်သုံးခဲ့ကြပါသည်။

    လူ့သမိုင်းအစ တစ်ဦးထည်းနေစဉ်ကပင် မိမိ၏အချိန် နှင့် လုပ်အားကို အခြေအနေနှင့် လိုက်လျောညီထွေစွာ ခွဲခြားဆောင်ရွက်နေခြင်းသည်ပင် စီမံခန့်ခွဲနေခြင်းဖြစ်ပါသည်။ နောင်ကာလ မိသားစု အသွင် စုပေါင်းနေထိုင်ခြင်း၊ အိမ်ထောင်စုအများ ကျေးရွာ မြို့ပြအသွင် စုပေါင်းနေထိုင်လာသော အခါတွင် လည်းကောင်း၊ မိမိ အစားအစာ အဝတ်အစားများကို မိမိဖာသာ ရှာကြံစားသောက်နေရာမှ ကုန်စည်ချင်း ဖလှယ်ခြင်း၊ ကုန်သွယ်ခြင်း၊ မိမိအားသန်သောအရာကို အမြောက်အများ ထုတ်လုပ်ခြင်းအားဖြင့် ကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာသောအခါ စီမံခန့်ခွဲမှုသည် ပိုမိုအရေးပါလာပါသည်။

    စီမံခန့်ခွဲရေးသည် အုပ်ချု့ပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တည်ဆောက်ရေး၊ စီးပွားရေး စသည့် လုပ်ငန်းပေါင်းစုံ တွင် လိုအပ်ပါသည်။ စီမံခန့်ခွဲရေး ပညာရပ် စတင်ပေါ်ပေါက်လာမှု ကို လေ့လာဖော်ပြရန် ခက်ခဲသော်လည်း စက်မှုလုပ်ငန်းစီမံခန့်ခွဲမှုပညာရပ်ကိုမူ ပီတာ ဒရပ်ကာမှ စတင်ခဲ့သည်ဟု သိရှိရပါသည်။

    သို့သော်လည်း သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာခြင်းဖြင့် ရှေးဦးအကျဆုံး စီမံခန့်ခွဲမှု သဘောတရားကို တွေ့ရှိနိုင်ပါသည်။

    အဲဂုတ္တုနိုင်ငံမှ ထွက်ခွာလာသော ဣသရေလ လူမျိုးများ

    သမ္မာကျမ်းစာအုပ်သည် သမိုင်းစာအုပ် မဟုတ်ပါ။ သို့သော်လည်း သမိုင်းမှတ်တမ်းများ ပါဝင်ပါသည်။ သမ္မာကျမ်းစာပါ အချက်အလက် အချို့အား ရှေးဟောင်းသုတေသနပညာရှင်များ၏ တူးဖော်တွေ့ရှိချက်များ အရ အတည်ပြုထားသည်များ ရှိသကဲ့သို့ တိုက်ဆိုင်အတည်ပြုရန် လိုအပ်နေသေးသောအရာများလည်း ရှိပါသေးသည်။ ခရစ်ယာန်ဘာသာဝင်များအတွက်မှာ သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဘုရားသခင်၏ ကယ်တင်ခြင်းဆိုင်ရာ ကြိုးပမ်းမှုများကို အလေးတယူထား လိုက်နာကြခြင်းဖြစ်ပေသည်။

    လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀၊ ၄၀၀၀ ကျော်ကာလက အဲဂုတ္တု နိုင်ငံတွင် ရွှေ့ပြောင်း သွားလာရင်းရောက်ရှိ နေသော ဣသရေလလူမျိုး အမျိုးသမီး နှင့် ကလေးငယ်မျာမပါ အမျိုးသား ဦးရေ ၆-သိန်းကျော်သည် ဖိစီးနှိပ်စက်မှုကို မခံမရပ်နိုင်တော့သဖြင့် ဘုရားသခင် စီစဉ်သည့်အတိုင်း မောရှေ၏ ဦးဆောင်မှုဖြင့် အဲဂုတ္တုပြည်မှ ထွက်ခွာလာကြပါသည်။
    ထိုလူအုပ်စုကြီးအား ဘုရားသခင်၏ တာဝန်ပေးမှုဖြင့် မောရှေက ခေါင်းဆောင်လျက် လမ်းပြခေါ်ဆောင်လာ ပါသည်။ ထိုသတင်းကိုကြားရသဖြင့် မောရှေ၏ ယောက္ခမဖြစ်သူ ယေသရောမှ လာရောက်တွေ့ဆုံရင်း ကြုံတွေ့ ရသော အဖြစ်အပျက်မှ သင်ခန်းစာယူ ထားခြင်းဖြစ်ပါသည်။

    ထွက်မြောက်ရာကျမ်း အခန်းကြီး ( ၁၈ )

    ၁၃ - နက်ဖြန်နေ့၌ မောရှေသည် တရားစီရင်ခြင်းငှာထိုင်လေ၏။ နံနက်မှစ၍ ညဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာနေကြ၏။
    ၁၄ - မောရှေသည် လူများတို့အားပြုသမျှကို ယောက္ခမ မြင်လျင်၊ ဤလူများတို့အား ပြုသောအမှုသည် အဘယ် သို့နည်း။ သင်သည် တယောက်တည်းထိုင်လျက် လူအပေါင်းတို့သည် နံနက်မှစ၍ ညဦးတိုင်အောင် သင့်ရှေ့ မှာ နေရကြသနည်းဟုဆို၏။
    ၁၅ - မောရှေကလည်း ဤသူတို့သည် ဘုရားသခင်၏ အယူတော်ကိုခံလို၍ ကျွန်ုပ်ထံသို့လာသောကြောင့် ဤသို့ ဖြစ်၏။
    ၁၆ - သူတို့သည် အမှုရှိလျင် အကျွန်ုပ်ထံသို့ လာ၍ သူတို့၏အမှုကို ကျွန်ုပ် ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ ပညတ်တရားများကို သင်ချရ၏ ဟုယောက္မအား ပြောလျင်၊
    ၁၇ - ယောက္ခမက သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။
    ၁၈ - သင်မှစ၍ သင်၌ပါသော ဤလူများ တို့သည် အမှန်အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌အလွန်လေး၏။ တယောက်တည်း မတတ်နိုင်သော အမှုဖြစ်၏။
    ၁၉ - ငါ့စကားကို နားထောင်လော့၊ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့်မည်။ သင်သည်ဘုရားသခင်နှင့်ဆိုင်သော အမှု၌ လူများတို့၏ အမှုကိုစောင့်လျက် ဘုရားသခင်အထံတော်သို့ ဝင်၍လျှောက်ရမည်။
    ၂၀ - သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာလမ်း၊ ပြုရသောအမှုကိုလည်း ပြရမည်။
    ၂၁ - ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင် ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သော သူတို့ကို လူအပေါင်းတို့ အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အရာ၌ ခန့်ထားရမည်။
    ၂၂ - ထိုသူတို့သည် ခပ်သိမ်းသော အချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏ အယူကို ခံကြစေ။ ငယ်သောအမှုကို အလိုလိုစီရင်ကြစေ။ သို့ဖြစ်လျင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည် သက်သာလိမ့်မည်။
    ၂၃ - ထိုသို့ဘုရားသခင် အခွင့်နှင့် ပြုလျင် သင်သည်ခိုင်ခန့်လိမ့်မည်။ လူအပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ်ဝပ်စွာ သွားကြလိမ့်မည်ဟု ပြောဆို၏။

    အထက်ဖော်ပြပါ ကျမ်းစာလာအချက်များကို ပိုင်းခြားလေ့လာပါမည်။

    ၁၃-၁၆ အထိ ဖော်ပြချက်များအရ မောရှေသည် လူအများ၏ အမှုများ ပြဿနာများကို အချိန်ပေးလျက် စေတနာဖြင့် ကြား နာ ဆုံးဖြတ်ပေးလျက်ရှိသည်မှာ အသေအချာဖြစ်ပါသည်။ သို့သော်လည်း အမှုရှိသောသူများ များပြားလှသဖြင့် မောရှေရော လူအများပါ အချိန်ကုန် လူပမ်းစောင့်ဆိုင်းရသည်ကို တွေ့မြင်ရပေသည်။ ဝန် နှင့် အား၊ မြှား နှင့် လေး မမျှလျင် အဆင်မပြေ ဖြစ်ခြင်း၊ အကျိုးထိခိုက်ခြင်းကို ဖော်ပြနေပေသည်။

    စေတနာဖြင့် ထမ်းဆောင်လင့်ကစား လုပ်ဆောင်ချက် မှားယွင်းလျင် အပြစ်တင်ခံခြင်းနှင့် မလွတ်ပေ။ တာဝန်ကို မိမိတစ်ဦးတည်း သိမ်းကြုံးထမ်းဆောင်ခြင်း၊ လုပ်ငန်းတာဝန် အငန်းအတာကို သင့်တင့်လျောက်ပတ် စွာ ခွဲစေမပေးတတ်ခြင်းသည် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းပင်ဖြစ်ပေသည်။ တစ်ယောက်တည်း မတတ်နိုင်သော အလုပ် တာဝန်ကို လူအများ ဝိုင်းဝန်း ပါဝင်လာအောင် ဆောင်ရွက်ခြင်းမှာလည်း စီမံခန့်ခွဲမှု ထိရောက် အောင်မြင်ရေးအတွက် အဓိက အရေးပါသော အချက် ဖြစ်ပေသည်။

    ၂၀ - သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာလမ်း၊ ပြုရသောအမှုကိုလည်း ပြရမည်။

    စီမံခန့်ခွဲမှုတွင် အရေးကြီးသည်မှာ လူတိုင်းလူတိုင်း တရားဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းရှင်းလင်းလင်း သိနားလည်ထားကြရန် လိုအပ်ပါသည်။ ဥပဒေအရ တရားဥပဒေကို မသိသဖြင့် ကျူးလွန်မိပါသည် ဟု ဆင်ခြေပေးသော်လည်း အပြစ်မှ ကင်းလွတ်ခွင့် မရှိဟု ပြဌာန်းထားခြင်းမှာ မသမာသူများ ဆင်ခြေ ပေး၍ ရုန်းထွက်မသွားစေရန် သတ်မှတ်ထား သည်မှာ မှန်ကန်သော်လည်း တရား ဥပဒေကို သိထားရန် လူတိုင်းမှာ တာဝန်ရိသည်ဟု မျက်နှာလွဲ ခဲပစ် မကျင့်သုံးသင့်ပါ။ တရားဥပဒေကို လူတိုင်းနားလည်အောင် ပြုလုပ်ရမည့်တာဝန်မှာ စီမံခန့်ခွဲသူများယူရမည့် အရာ ဖြစ်ကြောင်း ညွှန်ပြနေပါသည်။

    နောက်တစ်ချက်ကတော့ အသိုင်းအဝိုင်း၊ အဖွဲ့အစည်းတစ်ခုအတွင်းမှာ ပါဝင်နေသော သူများ ပြည်သူများသည် မိမိတို့ သွားမည့်လမ်း မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း တိတိကျကျ သိနားလည်ထားရန် လိုအပ်ခြင်းပင်ဖြစ်ပါသည်။ ရည်မှန်းချက် ကို နှစ်ရှည်၊ နှစ်လတ်၊ နှစ်တို၊ နှစ်စဉ် ရည်မှန်းချက်များအဖြစ်ခွဲခြား သိထားမှသာ မတိမ်းမစောင်း သွားနိုင်ကြမှာ ဖြစ်ပါသည်။ မှားသွားလျင်လည်း မှားမှန်းသိလျက် လမ်းကြောင်း အမှန်ပေါ်သို့ အချိန်မနှောင်းမီ ပြန်လည်တည့်မတ် ပြုပြင် သွားနိုင်မည် ဖြစ်ပါသည်။

    သတ်မှတ်စည်းမျဉ်း၊ စည်းကမ်း၊ တရားဥပဒေများ၊ ရည်မှန်းချက် ပန်းတိုင်များကို သေချာသိနားလည်ပြီး နောက်မှာ ပါဝင်သောလူတိုင်းလူတိုင်း လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်၊ အတိုင်းအတာ၊ တိတိကျကျ နားလည် သိရှိထား၇န်လည်း အရေးကြီးပါတယ်။ လူတိုင်းလူတိုင်း မိမိတာဝန် နှင့် မိမိ၊ လုပ်ဆောင်နေဖို့လိုအပ် ပါတယ်။ ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ အင်္ဂလိပ်ဖတ်စာအုပ်မှာ ခွေးအလုပ် ခွေးလုပ်၊ မြင်းအလုပ် မြင်းလုပ် ဆိုတာ အရေးကြီးပါတယ်။ လှေလှောတဲ့သူကလှော်၊ ပဲ့ကိုင်တဲ့သူကကိုင်၊ လှော်တက်တွေ ညီဘို့ ဗုံတီးတဲ့သူကတီး

    သူ့နေရာနဲ့သူ တာဝန်ကျေဘို့အရေးကြီးပါတယ်။ တစ်ခါတစ်ချ ဟွန်းကလွဲရင် အကုန်မြည် တဲ့ မော်တော်ကား ဆိုသလို မိမိရဲ့ပင်မအလုပ်ကလွဲရင် ကျန်တဲ့နေရာတကာပါနေတဲ့ ဌာနတွေ၊ လူတွေ တွေ့နေရတာ အမြင်မတော်သလို ရှုတ်ထွေးမှုတွေကို ဖိတ်ခေါ်သလို ဖြစ်နေတာတွေ တွေ့ရတတ်ပါတယ်။

    ၂၁ - ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင် ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သော သူတို့ကို လူအပေါင်းတို့ အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊
    ငါးဆယ်အုပ်၊ တဆယ်အုပ် အရာ၌ ခန့်ထားရမည်။

    ဒီကျမ်းချက်မှာတော့ လုပ်ပိုင်ခွင့် အာဏာတွေ တာဝန်တွေ ခွဲဝေအပ်နှင်းဖို့ လူရွေးချယ်ရာမှာ လိုက်နာသင့်တာတွေကို ဖော်ပြထားတာတွေ့ရပါမယ်။

    - ဘုရားသခင်ကို ကြောက်ရွံ့လျက် ဆိုရာဝယ် ဟီရိ၊ သြတ္တပ္ပတရား မကောင်းမှု လုပ်ရမှာ ရှက်တတ်သူ၊ မကောင်းမှု လုပ်ရမှာ ကြောက်တတ်သူတွေကို ဆိုလိုပါတယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊ ကောင်းတာလုပ် ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ ကံ နှင့် ကံ၏ အကျိုးတရားတွေကို နှစ်နှစ်ကာကာ ယုံကြည်သူတွေ ဖြစ်ရပါမယ်။ လုပ်ချင်တာလုပ် ယတြာကောင်းရင် ပြီးရော ဆိုသူတွေ၊ အကုသိုလ်ကို ကုသိုလ် နဲ့ပေးချေမယ်ဆိုတဲ့သူမျိုးတွေ ရှောင်ရပါမယ်။

    - သစ္စာ နှင့် ပြည့်စုံလျက် ဆိုရာမှာ၊ မှန်ကန်မှု၊ တရားမျှတမှုတွေကို လေးစားလိုက်နာသူတွေ ဆိုလိုပါတယ်။ မိမိကို ပေးအပ်ထားတဲ့တာဝန် ဝတ္တရာ လုပ်ပိုင်ခွင့်အာဏာတွေကို မှန်မှန်ကန်ကန် ကျင့်သုံးသူတွေ ကို ဆိုလိုပါတယ်။ ဒီနေရာမှာ တာဝန်ယူခြင်း၊ ပွင့်လင်းမြင်သာရှိခြင်းဆိုတာတွေပါ ပါဝင်ပါတယ်။ မိမိပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ အပြောတမျိုး အလုပ်တမျိုးမလုပ်ဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်တတ်ခြင်း ဖြစ်ပါတယ်။

    - လောဘကို ရွံ့ရှာလျက်ဆိုရာမှာ၊ လူတိုင်းချမ်းသာချင်တာ ကြီးပွားချင်တာ ငွေရှာတာ မမှားပါဘူး။ မှားတာက မရသင့် မရထိုက်တဲ့ စည်းစိမ် ဓန ငွေကြေးတွေကို ၊ မယူထိုတ်တဲ့အရာတွေကို လိုချင်တပ်မက်တာ၊ ခိုးယူတာ ၊ အလွဲသုံးစားလုပ်တာတွေကို ကိုယ်တိုင်လဲ မလုပ်၊ သူတစ်ပါးလုပ်တာလဲ မကြိုက်၊ ခွင့်မပြု ခြင်းကို ဆိုလိုပါတယ်။ မိမိ၏ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်၊ အချင်းချင်း ဆီပေးဆန်ယူ။ နည်းအမျိုးမျိုး နဲ့ မိန်းမ သားသမီး ဆွေမျိုးသားချင်းနာမည်တွေနဲ့ မရသင့်တဲ့၊ မယူသင့်တဲ့ စည်းစိမ်တွေ ရှာထားပြီး ကျွန်တော်တို့ မဟုတ်တာ မလုပ်ပါဘူး၊ မတရားတာ မလုပ်ပါဘူးဆိုတဲ့ လူမျိုးတွေ တာဝန်ပေးမိရင် ငါးပါးသာမက သံဃာစင်ပါမှောက်မယ် ဆိုတာမျိုးကို ဆိုလိုတာပါ။

    - နောက်ဆုံးတစ်ခုကတော့ တတ်စွမ်းနိုင်သော သောသူကို ရွေးချယ်တာဝန်ပေးခြင်းဆိုတာ လူမှန် နေရာမှန်ဆိုတာ ရှိပြီးသားပါ။လိုက်နာကျင့်သုံးမှုဘဲ အားနည်းနေတာပါ။ ကရိုနီဆိုတာ စီးပွားရေးလောကမှာသာမက ဝန်ထမ်းလောကမှာလည်း အမျာကြီးပါ၊ အထက်ပိုင်းရာထူးတွေ နေရာမှာ ကျွမ်းကျင် လုပ်သက်ရင့် ဌာနတွင်း ငယ်မွေးခြံပေါက်တွေရာထူးတိုးပေး ခန့်ထားရမည့် အစား အထက်အထက်က ပုဂ္ဂိုလ်များ၏ အိမ်တော်ပါ ငယ်မွေး ခြံပေါက်တွေဘဲ ခုန်ခုန်ချလာတာ ယနေ့ထက်တိုင်လဲ မြင်နေရပါသေးတယ်။

    ၂၂ - ထိုသူတို့သည် ခပ်သိမ်းသော အချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏ အယူကို ခံကြစေ။ ငယ်သောအမှုကို အလိုလိုစီရင်ကြစေ။ သို့ဖြစ်လျင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည် သက်သာလိမ့်မည်။

    စီမံခန့်ခွဲရေးမှာ ကြီးသောအမှုလား၊ ငယ်သောအမှုလား ချင့်ချိန်နိုင်မှုသည် အရေးကြီးပါသည်။ သာမန် အမှုလေးဟုထင်ပြီး သတ်မှတ်ပြီး အောက်ခြေ အဆင့်မှ ဉာဏ်မီသလောက်ရှင်းလိုက်သဖြင့်၊ လျစ်လျူရှုလိုက်သဖြင့် ဒေသအဆင့် ပြဿနာမှ နိုင်ငံတော်အဆင့် ပြဿနာ၊ အပြည်ပြည်ဆိုင်ရာ အဆင့် ပြဿနာဖြစ်သွားတာတွေ၊ တိုင်း နှင် ဒေသကြီး အဆင့်မှာ ဖြစ်နေသော ဖြစ်ရိုးဖြစ်စဉ် ပြဿနာအခက်အခဲ ကို နိုင်ငံတော်အဆင့်မှ အောက်ဆင်းကိုင်တွယ် ဖြေရှင်းနေရခြင်းများသည် စီမံခန့်ခွဲမှု အားနည်းခြင်းကို ဖော်ပြနေပါသည်။

    ဝိုင်းညီ၍ အမှုထမ်းရာတွင်လည်း ပြိုင်တူတွန်းလျင် ရွေ့နိုင်သည်မှာ မှန်သော်လည်း လေးဘက်လေးတန်မှ လားရာကို မသိဘဲ သတိမထားဘဲ ဝိုင်းတွန်းနေကြလျင်ဖြင့် သက်ရောက်ရာအားအချင်ချင်း ချေဖျက်ပြီး မရွေ့သည့်အပြင် ချွေးတလုံးလုံးထွက်သည်သာ အဖတ်တင်မှာကိုလည်း သတိပြုသင့်ပါသည်။

    ၂၃ - ထိုသို့ဘုရားသခင် အခွင့်နှင့် ပြုလျင် သင်သည်ခိုင်ခန့်လိမ့်မည်။ လူအပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ်ဝပ်စွာ သွားကြလိမ့်မည်ဟု ပြောဆို၏။

    စီမံခန့်ခွဲမှု မှန်ကန် တော်တည့်လျင် စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ရင်း တောင်ကိုရီးယား နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ ရောက်သွားပါပြီ။ သယံဇာတ မရှိ၊ သောက်ရေကိုပင် အိမ်နီးချင်း နိုင်ငံမှ ဝယ်သောက် နေရသော၊ သဘာဝ မတူသော လူမျိုးများ ပေါင်းစည်းနေထိုင်သည့် စင်္ကာပူ နိုင်ငံသည် နွားတင်းကုတ် နှင့် သက်ကယ်မိုး ခေါက်ဆွဲဆိုင်များ သာ ရှိသော ဆိပ်ကမ်းမြို့လေးသာသာမှ အပြည်ပြည်ဆိုင်ရာမှ လေးစား အားကျရသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ အဖြစ်ရောက်သွားပါပြီ။

    တရုတ်ပြည်မကြီးမှ ဘယ်အချိန်လာတိုက်မလဲ ဘာလာလုပ်မလဲ စိုးရိမ်ထိတ်လန့်နေရသော တိုင်ဝမ်ကျွန်းသည် အာရှ၏ အစောဆုံး ကျားဖြစ်သွားပါပြီ။

    ကျွန်တော်တို့သည်လည်း မိမိပန်းတိုင် မိမိမြင်လျက်၊ မိမိ အငန်းအတာ မိမိသိလျက်၊ မိမိလမ်းကြောင်း မိမိ မျက်ဝါးထင်ထင် သိမြင်လျက် ဘုရားသခင်ကိုကြေက်ရွံ့လျက်၊ လောဘကိုရွံရှာလျက်၊ မိမိတတ်စွမ်းသလောက် ဝိုင်းညီလျက် တွန်းကြလျင်ဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ဖြောင့်ဖြောင့်တန်းတန်း ရောက်ရှိနိုင်ကြမည် ဖြစ်ပါသည်။
    Like ·  · 

Saturday, April 26, 2014

ကြက်ရိုးစူး သေပါစေတော်



ဝမ်းသာစရာသတင်းကောင်းလေးပါ။
မင်းသမီလေးကျေးရွာက ရွာသူရွာသားတွေ မူလနေရာ မဟုတ်ပေမဲ့ အနီအနားမှာ
ဘဲ ပြန်လည်နေထိုင်ခွင့် ရကြပြိ / ရကြတော့မယ်။
အာဏာရ ပါတီကြီးက ကျပ်ငွေ သိန်းပေါင်းများစွာ အကုန်အကျ ခြံ့ပီး မြေဝယ်၊
မြေပြုပြင်၊ လမ်းဖောက်၊ လျှပ်စစ်မီးသွယ် ၊ အိမ်ဆောက်ပေးပြီး ပြန်လည် နေရာ
ချပေးတာတဲ့။
ကျေးဇူးတင် ဝမ်းမြောက်စရာ သတင်းပါ။
နှင်ထုတ်သူ နှင်ပေမဲ့ ပြန် အစားပေး လှူဒါန်းတဲ့သူ ပေါ်လာတော့
တော်သေးတာပေါံနော် ။ ဒီလိုမလုပ်ပေးရင် သူတို့ ခမြာ ဝေးဝေးလံလံ နယ်စပ်
အထိရောက်သွားကြမှာ ။
စကားမစပ် ကျွန်တော်ငယ်ငယ်က ၁၉၆၀ ရွေးကောက်ပွဲ မဲမပေးရသေးပေမဲ့
နည်းနည်းမှတ်မိနေတယ်။
အမတ်လောင်းတွေက ထမင်းတွေ ကျွေးမွေးကြတယ်။ ဘယ်အမတ်လောင်းက
ဝက်သား ဘယ်နှစ်ပိဿာ ၊ ဘယ်အမတ်လောင်းကြိုကက်သား ဘယ်နှစ်ပိဿာ
ကုန်တယ်ပေါ့။
နောက်မဲရေတွက်ပြီးတော့ အရွေးမခံရတဲ့ အမတ်လောင်းကတော်က ငါ့ယောက်ျား
ကျွေတဲ့ ထမင်းစားပြီး ငါ့ယောက်ျား မဲမထည့်တဲ့သူတွေ ကြက်ရိုးစူး သေပါစေတော် လို့
ကျိန်စာတိုက်ဆိုဘဲ။ ငယ်ငယ်က ကြားဖူးတာပါ။
အခုလဲ ထူးဆန်းတယ်နော်၊ နှင်တဲ့သူက နှင် ၊ ပြန်ပေးတဲ့သူက ပေး။
ဒီလို ပြည်သူတွေကို ပြန်လည် နေရာချပေးတာကို နိုင်ငံတော် အစိုးရက
နိုင်ငံတော် ဘတ်ဂျက်နဲ့ ဘာလို့ လုပ်မပေး နိုင်တာလဲ။
နိုင်ငံတော်က ပြည်သူတွေ အပေါ် ပါတီက မေတ္တာထားသလို မထားနိုင်တာလား။
နိုင်ငံတော်က ပါတီလောက် ငွေကြေး မချမ်းသာလို့လား။
စိတ်ဝင်စားစရာ ကောင်းတယ် နော်၊ ဘယ်သူပိုင်တဲ့မြေကို ဘယ်သူက ဘယ်လောက်
အကုန်အကျ ခံပြီး ဝယ်ပေးတာလဲ။
နေရာချပေးထားတဲ့ ရွာသူရွာသားတွေကို ချက်ချင်း မြေရာ ဂရံ နဲ့ အိမ်ပိုင်ဆိုင်မှု
ချက်ချင်းပေးသလား၊ တစ်ခြမ်းဘဲ အရင်ပေးမှာလား၊ ရွေးကောက်ပွဲ ပြီးမှ ကျန်
တစ်ခြမ်းကို ပေးမှာလား။
ရွေူကောက်ပွဲ ကော်မရှင် ဥက္ကဌ ကြီး စေတနာနဲ့ ပေးတာလား
ရွေးကောက်ပွဲ အမှီ ကြိုတင်ပြီး ငွေကြေး၊ ရာထူး၊ အခွင့်အရေး နဲံ လပ်ထိုးမဲဝယ်
တာလားဆိုတာ စုံစမ်း စစ်ဆေး သင့်ပါတယ်။
အဲ သိပြီးသားလို့ မပြောနဲ့နော် ဥက္ကဌက ပါတီနဲ့ လင်မယားတော်တယ် အပြောခံ
နေရအုန်းမယ်။
နောက်မှ ကြက်ရိုးစူး သေပါစေ ကျိန်စာ မတိုက်ကြေးနော်။

Friday, April 25, 2014

Change Management 1 - 20


Change Management  အပြောင်းအလဲအား စီမံခန့်ခွဲခြင်း

1.    The one unchangeable  certainty is that nothing is unchangeable or certain. ( John Kennedy; 1917-1963 )
ဘယ်တော့မှ မပြောင်းမလဲ သေချာတာ တစ်ခုကတော့ ဘယ်တော့မှ မပြောင်းလဲတဲ့အရာ သို့မဟုတ် သေချာမှု ဆိုတာ မရှိခြင်းပါဘဲ။ ( ဂျွန်ကနေဒီ ၊ ၁၉၁၇-၁၉၆၃ )

2.    The thing that lies at the foundation of positive change, the way I see it, is serve a fellow human being. ( Lech Walesa )
ကျွန်တော် မြင်တဲ့အတိုင်းဆိုရင်တော့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေရဲ့ အခြေခံ အုတ်မြစ်က လူသား အချင်းချင်း တစ်ဦးတစ်ယောက်အား အလုပ်အကျွေးပြုခြင်းပင် ဖြစ်ပါတယ်။ ( လက် ဝါလေဆာ )

3.    The art of progress is to preserve order amid change and to preserve change amid order. ( Alfred North Whitehead, 1861-1948 )
တိုးတက်မှု စွမ်းရည် ဆိုတာ ပြောင်းလဲမှုတွေကြားထဲမှာ စည်းကမ်းစနစ်တကျရှိမှုကို ထိန်းသိမ်းခြင်း နှင့် စည်းကမ်းစနစ်တကျ ရှိမှုကြားထဲမှာ ပြောင်းလဲမှုကို ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ ( အဲလ်ဖရက် နော့သ် ဝှိုက်ဟက်၊ ၁၈၆၁-၁၉၄၇ )

4.    Everybody talks about wanting to change things and help and fix things, but ultimately you can do is fix yourself. And that’s a lot. Because if you can fix yourself, it has a ripple effect. ( Rob Reiner )
လူတိုင်းက အရာခပ်သိမ်းကို ပြောင်းလဲချင်တဲ့ ကူညီ ပြုပြင်ပေးချင်တဲ့ ဆန္ဒတွေ အကြောင်း ပြောနေကြတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် သင်လုပ်နိုင်တာက မိမိဖာသာ ပြုပြင်ပြောင်းလဲရန်သာ ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းကိုက အကြီးအကျယ် အောင်မြင်မှု တစ်ရပ်ပါ။ ဘာကြောင့်လဲ ဆိုတော့ ထိုပြုပြင်ပြောင်းလဲ လိုက်ခြင်းမှာ ဂယက်ရိုက်မှု အကျိုးတရားတွေ ရှိလို့ပါဘဲ။ ( ရော့ဘ် ရေနာ )

5.    All human life has its seasons and cycles, and no one’s personal chaos can be permanent. Winter, after all, gives way to spring and summer, though sometimes branches stay dark and the earth cracks with ice, one thinks they will never come, but they do, and always. ( Truman Capote, 1924-1964 )
ခပ်သိမ်းသော လူသားအပေါင်းတို့၏ ဘဝတွင် ကိုယ်ပိုင် အချိန် နှင့် လည်ပတ်ရာ စက်ဝန်း လမ်းကြောင်း ရှိ၏။ အဘယ်သူမျှ ပရမ်းပတာ အခြေအနေထဲတွင် ရာသက်ပန် နစ်မွန်း မနေကြရ။ ဆောင်းတွင်းကာလပြီးနောက် နွေဦးရာသီ နှင့် နွေရာသီသို့ ကူပြောင်းမြဲပင်။ တစ်ခါတစ်ရံ သစ်ကိုင်းတွေ ရေခဲကိုက်ခံရလို့ မဲတူးပြိး မြေသားထုတွေလဲ ရေခဲတွေ ဖုံးလွှမ်းလို့  ပတ်ကြားအက်နေတာတွေ မြင်တော့ ဘယ်တော့မျှ ဆောင်းမကုန်တော့ဘူးလို့ စိတ်ဆင်းရဲစွာ ခံစားထင်မြင်နေသော်လည်း ရာသီဥတုက အချိန်တန်လျင် သာယာလာစမြဲပါ။ အစဉ်အမြဲ မှန်ကန်နေတဲ့ နိယာမတရားပါ။ ( ထရူးမင်း ကာပို့တ်၊ ၁၉၂၄-၁၉၆၄ )

6.    Take a chance! All of life is a chance. The person who goes furthest is the one willing to do and dare. The sure-thing boat never gets far from shore. ( Dale Carnegie )
အခွင့်အလမ်းကို ဆုပ်ကိုင်လိုက်ပါ။ ဘဝတစ်ခုလုံးဟာ အခွင့်အလမ်းတွေချည်းပါ။ အဝေးဆုံး ခရီးပေါက်တဲ့သူ ကတော  သွားချင်တဲ့ ဆန္ဒပြင်းပြစွာဖြင့် သွားရဲတဲ့သူတွေဘဲ ဖြစ်ကြပါတယ်။ သေချာတာကတော့ လှေဆိုတာ ( လှော်မည့်သူ မရှိလျင် ) ကမ်းနားကနေ ဘယ်တော့မှ ဝေးဝေး မရောက်နိုင်ပါဘူး။ ( ဒေးလ် ကာနေဂျီ )

7.    The laws of nature are such that things at their peak must decline and those at their lowest point must rise up, just as the sun and the moon follow one another ceaselessly through the skies. Man must also follow these laws. ( I Ching 1150 BC )
သဘာဝတရား၏ နိယာမအရ ထိပ်ဆုံးရောက်နေသည့် အရာတိုင်း အောက်ကိုဆင်းပြီး အနိမ့်ဆုံး ရောက်နေသည့် အရာတိုင်း အပေါ် ပြန်တက်ရစမြဲပင်။ ကောင်းကင်ပေါ်မှာ လည်း နေ နှင့် လ တို့သည်လည်း အစဉ်အမြဲ အလှည့်ကျ ဆင်း တက် နေကြပါသည်။  လူသားများမှာလည်း ဤနိယာမ အတိုင်း လိုက်လျှောက်ရမည်သာ။ ( အီချင်  ဘီစိ ၁၁၅၀ )

8.    Every phase of evolution commences by being in a state of unstable force and proceeds through organization to equilibrium. Equilibrium having been achieved, nofurther development is possible without once more oversetting the stability and passing through a phase of contending forces. (  Kabbalah 1200 BC )
ဆင့်ကဲဖြစ်စဉ်၏ အဆင့်ဆင့်တိုင်းတွင် မတည်ငြိမ်သော အင်အားစုများ၏ လှုပ်ရှားမှုဖြင့် စတင်ပြီး အချင်းချင်း ထိန်းညှိလျက် ညီမျှခြေရောက်သည်အတိ တိုးတက် ဖွံ့ဖြိုးလာလေ့ရှိပါသည်။ ညီမျှခြေသှို့ ရောက်ရှိလာသော အခါတွင် အခြေကျ ငြိမ်သက်မှုကို စွန့်လွှတ်ကာ ယှဉ်ပြိုင်လှုပ်ရှားနေသော အင်အားစုများကို နောက်တစ်ကြိမ် ဖြတ်သန်းခြင်း မပြုနိုင်လျင် နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှုကို မရနှိုင်ပါ။ ( ကာဘာလာ ဘီစီ ၁၂၀၀ )

9.    You cannot step twice into the same river, for other waters are always flowing on to you. ( Heraclitus 535-475 BC )
သင်သည် အဘယ်သော အခါမျှ မြစ်တစ်စင်းအတွင်းသို့ နှစ်ခါခြေမချနိုင်ပါ။ အသစ်သော ရေအလျဉ်များ သည် သင့်ထံသို့ ဦးတည်လျက် အမြဲစီးဆင်းလာနေပါသည်။ ( ဟီရာ ကလိုက်တပ်စ် ၅၃၅-၄၇၅ ဘီစီ )

10.  Everything changes, nothing remains without change. ( The Buddha  568-488 BC )
အရာ ခပ်သိမ်းတို့သည် ပြောင်းလဲနေသည်။ မပြောင်းလဲသော အရာ မရှိ။ ( ဗုဒ္ဓမြတ်စွာဘုရား ၅၆၈-၄၈၈ ဘီစီ)

11.  We must adjust to changing times and still hold to unchanging principles.(Jimmy Carter)
ကျွန်တော်တို့သည် ပြောင်းလဲနေသည့် အချိန်နှင့် လိုက်လျောညီထွေစွာ ပြောင်းလဲ ပြုပြင်နေစဉ်မှာပင် မပြောင်းလဲသည့် ကိုယ်ကျင့်တရားများကို ဆုပ်ကိုင်ထားရပါမည်။ ( ဂျင်မီကာတာ )

12.  One change leaves the way open to the introduction of others. ( Niccolo Machiavelle 1469-1527 )
အပြောင်းအလဲတိုင်းသည် အခြားအပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် လမ်းစ ဖွင့်ထားမြဲ ဖြစ်သည်။ ( နစ်ကိုလို မာခီယာဗဲလေ )

13.  We must all obey the great law of change; it is the most powerful law of nature. ( Edmund Burke; 1729-1797 )
ကျွန်တော်တို့ အားလုံး သဘာဝ တရား၏ စွမ်းအားအကြီးမားဆုံး နိယာမတစ်ရပ်ဖြစ်သော ပြောင်းလဲခြင်း မဟာနီယာမ ၏ စီမံခန့်ခွဲမှုကို နာခံကြရပေမည်။ (  အက်ဒ်မွန် ဘာ့ဂ် ၁၇၂၉-၁၇၉၇ )

14.  It isn’t the incompetent who destroy an organization. It is those who achieved something and want to rest upon their achievement who are forever clogging things up. ( Charles Sorenson )
အဖွဲ့အစည်းတစ်ခုကို ဖျက်ဆီးနေတာ အရည်အချင်း မပြည့်ဝသည့် သူတွေမဟုတ်။ တစ်ချိန်က အောင်မြင်ခဲ့ပြီး အဆိုပါအောင်မြင်မှုများအပေါ်ယစ်မူးနေကာ အရာရာကို ပိတ်ဆို့ နေတဲ့ လူတန်းစားတွေကြောင့် ဖြစ်ပါတယ်။

15.  That little packet of responsibility ( the job description ), rewarded in accordance with a fixed formula ( pay level ), and a single reporting relationship ( place in the chain of command ) is a roadblock on the highway of change. ( William Bridges )
လုပ်ငန်း တာဝန် ဝတ္တရား သတ်မှတ်ချက် ဟု ခေါ်သော တာဝန်ဝတ္တရား စာရွက်အထပ်ကလေး၊ လစာ အဆင့် ဟုခေါ်သော ပုံသေနည်းဖြင့် တွက်ချက်ထားသည့် ဆုပေးစနစ် နှင့်  လုပ်ပိုင်ခွင့် အာဏာ ကွင်းဆက် အတွင်းမှ နေရာ အဆင့်တစ်ခုမျှသာ ဖြစ်သော တစ်လမ်းသွား သတင်းပို့ အစီရင်ခံမှု စနစ် များသည် ပြောင်းလဲမှု လမ်းမကြီးပေါ်တွင် ရွေ့လျားမှုကို ပိတ်ဆို့နေသော အရာများ ဖြစ်ပါတယ်။ ( ဝီလီယမ် ဘရစ်ဂ်ျ  )

16.  Two basic rules of life. 1. change is inevitable. 2. everyone resists changes. Remember this; when you are through changing, you’re through. ( Source Unknown )
အပြောင်းအလဲ ဆိုတာ ရှောင်လွဲလို့မရဘူး ဆိုတာရယ် လူတိုင်းက အပြောင်းအလဲကို ဆန့်ကျင်တယ် ဆိုတာ ဘဝရဲ့ အခြေခံ စည်းမျဉ်း နှစ်ခုဖြစ်ပါတယ်။ သင်ဟာ အပြောင်းအလဲလမ်းကြောင်းပေါ် ရောက်နေပြီဆိုရင် သင်ဟာ ပြောင်းလဲပြီဆိုတာ ယုံကြည်လိုက်ပါ။  ( အမည်မသိ အရင်းအမြစ် )

17.  If you always do what you’ve always done, you’ll always get, what you’ve always got.
( Ed Foreman )
သင်လုပ်ဖူးပြီးသား အရာတွေကိုသာ အမြဲ လုပ်နေမယ်ဆိုရင် သင်ရဖူးပြီးသားတွေကိုဘဲ အမြဲတမ်း ရနေမှာ ဖြစ်ပါတယ်။ ( အက်ဒ် ဖိုမင် )

18.  Some people change their ways when they see the light, others when they feel the heat. ( Caroline Schroeder )
လူအချို့က အလင်းရောင်ကို မြင်တာနဲ့ သူတို့ လမ်းကြောင်းကို ပြောင်းကြတယ်။ အခြားသူတွေကတော့ အပူရှိန်ကို ခံစားမိမှ လမ်းကြောင်းပြောင်းကြတယ်။ ( ကယ်ရိုလင်း ရှရိုဒါ )

19.  Though I might travel afar, I will meet only what I carry with me, for every man is a mirror. We see only ourselves reflected in those around us. Their attitudes and actions are reflection of our own. The whole world and its condition has its counter parts within us all. Turn the gaze inward. Correct yourself and the world will change. ( Kirstem Zambucka )
လူသားတိုင်းက ကြေးမုံပြင် အသွင် ဖြစ်သဖြင့် ခရီးဝေးလံ သွားခဲ့လျင်သော်မှ ကျွန်တော် တွေ့ရမှာက မိမိနှင့်အတူ ပါလာသမျှကိုသာ တွေ့ဆုံရမှာပါ။ မိမိတို့ ပတ်ဝန်းကျင်မှာ ထင်ဟပ်နေသည့် မိမိရောင်ပြန်ကိုသာ မြင်တွေ့စမြဲပင်။ အကြင်သူများ၏ အတွေးအမြင် ခံယူချက် နှင့် လုပ်ဆောင်မှုများ သည် ကျွန်ုပ်တို့ နှင့် ထပ်တူမျှသာ ဖြစ်ပေသည်။ ကမ္ဘာကြီးတစ်ခုလုံး နှင့် အခြေအနေတွေ အားလုံးသည် ကျွန်တော်တို့ အဇ္ဈတ သဏ္ဍာန် ( အတွင်းစိတ် သဘော )၏ အဆင့်တူ အရည်အသွေးတူများသာ ဖြစ်ကြပါသည်။ မိမိ၏ အကြည့်ကို အတွင်းဖက် လှည့်လိုက်ပါ ( မိမိဖာသာ ပြန်လည် သုံးသပ်ကြည့်ပါ ) ။ မိမိအမှားတွေ မိမိဖာသာ အမှန်ရောက်အောင်ပြင်လိုက်ပါ။ ကမ္ဘာကြီး ပြောင်းလဲသွားပါလိမ့်မယ်။ ( ကာ့စ်တင်မ် ဇမ်ဘတ်ကာ )

20.  The psychic task which a person can and must set for himself is not to feel secure, but to be able to tolerate insecurity. ( Erich Fromm )

မိမိ၏ အတွင်းစိတ် စွမ်းအားနှင့် ပတ်သက်၍ လူတိုင်း ပြောင်းလဲသင့် ပြောင်းလဲနိုင်သည်မှာ လုံခြုံစိတ်ချရမှုကို ရှာကြံရန်မဟုတ်၊ စိတ်မလုံခြုံမှု အခြေအနေကို ခံနိုင်ရည်ရှိရေး အားထုတ်ရန် ပင်ဖြစ်ပေသည်။ ( အဲရစ် ဖရွမ် ) 

Friday, January 31, 2014


သားသမီးတွေကို ဖိအား သိပ်မပေးကြပါနဲ့ နော်

ဖိစီးမှုတွေများလွန်းလို့ သမီးလေး သတ်သေသွားတာပါ


ညွန့်အောင် ( မြစ်မခ )

အသက် ၁၉-နှစ်အရွယ် နယူးဂျာဆီ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် ကျောင်းသူ နာမည်ကြီး အပြေးမယ် မိန်းမချောလေး ဟာ နာမည်ကျော် တက္ကသိုလ်ကျောင်းမှာ အမှတ်ကောင်းတွေ မရနိုင်လို့ သောကတွေ များပြီး အထပ်မြင့် ကားရပ်နားရာ စခန်းပေါ်ကနေ ခုန်ချသတ်သေသွားတာပါ ဟု သူမ၏ ဖခင်ဖြစ်သူက ပြောကြားလိုက်ပါတယ်။

“ အထက်တန်းကျောင်းအောင်ပြီးစ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် သွားခါနီးတုန်းက သမီးလေးက ကမ္ဘာပေါ်မှာ အပျော်ဆုံး မိန်းခလေးပါ။ အထက်တန်းကျောင်းမှာတုန်းက သူမအနေနဲ့ အေးအေးဆေးဆေး အကုန်လိုက်နိုင်ပါတယ် ” ဟု သေဆုံးသူ မေဒိဆင် ဟိုလာရန် ၏ ဖခင် အသက် ၅၂-နှစ်အရွယ် ဂျိမ်းစ်က အလင်ဒေးလ် ရှိ မိသားစု နေအိမ်တွင် ပြောကြားပါသည်။

“ တက္ကသိုလ်ရောက်တော့ သင်ခန်းစာတွေက ခက်လာပါတယ်။ သမီးလေးဟာ ပုံမှန် ပျော်ပျော်ရွှင်ရွှင် မေဒိဆင်လေး မဟုတ်တော့ပါဘူး၊ စိတ်ပူပင်မှုတွေ ဖိအားတွေ အပြည့် နဲ့ မိန်းခလေးတစ်ယောက်ြ
ဖစ်သွားပါပြီ ”ဟု နှလုံးကြေကွဲနေသူ ဖခင်က မျက်ရည်သုတ်ရင်း ပြောပါသည်။

တဆက်တည်းမှာပင် “ စိတ်ဖိစီးမှုတွေက ဘယ်သူမှပေးတာမဟုတ်ပါဘူး။ သူ့ဖာသာ မွေးယူတာပါ။ ကျွန်တော်တို့ သူ့ သောကတွေ ပျောက်သွားအောင် ကုသပေးပေမဲ့ ကလေးမက သူ့သောကတွေ ဘယ်လောက် ပြင်းထန်သလဲဆိုတာ အခြားလူတွေ မသိအောင် မြိုသိပ် ဖုံးဖိထားခဲ့ပါတယ် ” ဖခင်ဖြစ်သူက ဆက်လက် ပြောကြားပါသည်။

မေဒိဆင်သည် သားသမီး ၅-ယောက်အနက် အလတ်ဖြစ်ပြီး လွန်ခဲ့သော ဒီဇင်ဘာလက သူမ သတ်သေချင်လောက်အောင် စိတ်ညစ်နေကြောင်း မိဘများအား ရင်ဖွင့် ပြောကြားခဲ့ပြီး ကျွမ်းကျင်သူ စိတ်ကုဆရာဝန်များထံ ကုသမှု ခံယူနေဆဲ ဖြစ်ပါသည်။

“ သမီးလေး အကူအညီလိုနေတာ ကျွန်တော်တို့ သိပါတယ်။ သူမကိုယ်တိုင်လဲ သိပါတယ်။ ကျောင်းစာဖက်မှာ သူမဖာသာ ယုံကြည်မှု ကင်းမဲ့နေသလို၊ အားကစားဖက်မှာလည်း သူမစွမ်းအင်တွေ ပျောက်နေပါတယ် ” ဟု ဂျိမ်းကပြောရင်း လွန်ခဲ့သော သောကြာနေ့က ဆရာဝန်နှင့် တွေ့ဆုံရန် တိုက်တွန်းပြောကြားရင်း ဆရာဝန်က စိတ်ဖိစီးမှု သက်သာစေမည့် ဆေးဝါးများ ပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု ဖြည့်စွက် ပြောကြားပါသည်။

“ ကျွန်တော် သမီးအတွက် စိတ်ပူလို့ ဆရာဝန်နဲ့ သေသေချာချာ သွားတွေ့ဖို့ ဖုန်းသတင်းပေးပြီး တိုက်တွန်းတော့ သွားတွေ့မှာပါလို့ ပြန်ပြောခဲ့ပါသေးတယ် ” ဖခင်က ပြောပါသည်။
မေဒိဆန်သည် သတ်မသေမီ မော်တော်ယာဉ် ရပ်နားစခန်း ခေါင်မိုးပေါ်တွင် မိဘများအတွက် စာတစ်စောင် နှင့် လက်ဆောင်ပစ္စည်းများ ထားခဲ့ပါသေးးသည်။ သို့သော်လည်း မိဘများက စာတွင် ပါဝင်သော အချက်အလက် များ နှင့် လက်ဆောင်ပစ္စည်း အမျိုးအစားများကို ဖော်ပြရန် ငြင်းဆိုကြပါသည်။

သမီးဖြစ်သူက ပင်ဆယ်ဗေးနီးယား တက္ကသိုလ်မှ အခြား ကျောင်းသို့ ပြောင်းရန် မိဘများနှင့် ဆွေးနွေး တိုင်ပင်ခဲ့သော်လည်း ဂျိမ်းစ်က သူ့သမီး သတ်သေရခြင်းနှင့် ပတ်သက်၍ တက္ကသိုလ်မှ တင်းကြပ်ခက်ခဲ့သော ပညာရေးစနစ်ကို အပြစ်တင်ပြောကြားခြင်း မရှိပါ။ ဖခင်တစ်ဦးအနေဖြင့် သူ့သမီး သေဆုံးရခြင်း အကြောင်းကို အလားတူ အခြေအနေမျိုး တွေ့ကြုံရင်ဆိုင်နေရသော မိသားစုများအတွက် သတိထားစရာ အတွေ့အကြုံတစ်ရပ်ကို ဝေငှခြင်းသာ ဖြစ်ကြောင်းပြောကြားပါသည်။

မေဒိဆင် ဟိုလာရန် သည် ကားရပ်နားစခန်း မှ ခုန်မချမီ တစ်နာရီခန့်က ရစ်တန်ဟောက်စ် ရင်ပြင်မှ နေဝင်ရှုခင်း ဓါတ်ပုံတစ်ပုံအား သူမ၏ အင်စတာဂရမ် အကောင့်မှ တဆင့် လွှင့်တင်ခဲ့ပါသေးသည်။
ဖီလာဒဲလ်ဖီယာ ရဲတပ်ဖွဲ့က ဟိုလာရန်အား ဂျက်ဖာဆင် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ညနေ ၇၊၁၇ နာရီတွင် သေဆုံးသွားခဲ့ကြောင်း ပြောကြားပါသည်။

ဟိုလာရန်သည် ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် ပြေးခုန်ပစ် အသင်း နှင့် အလင်ဒေးလ် အထက်တန်းကျောင်း ကျောင်းသူတစ်ဦးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နယူးဂျာစီ ပြည်နယ်၏ မီတာ-၈၀၀ ချန်ပီယန်ဆု ဆွတ်ခူနိုင်ခဲ့ပါသည်။ သူမတွင် အသက် ၂၆၊ ၂၀ နှင့် ၁၆ နှစ်အရွယ် ညီအစ်မများ နှင့် ၁၅-နှစ် အရွယ် မောင်ငယ် တစ်ယောက် ရှိပါသည်။

ဟိုလာရန်သည် လွန်ခဲ့သော တစ်လမပြည့်မီကာလက သူ့အစ်မ ယောက်ျားလေးတစ်ဦး မွေးဖွားပြီးနောက် “ တစ်သက်တာလုံးမှာ အကောင်းဆုံး နှစ်သစ်ကူး လက်ဆောင်ရပြီဟေ့၊ ဒီနေ့ ငါ အဒေါ် ဖြစ်သွားပြီ၊ ပျော်စရာ နှစ်သစ်ပါ မိတ်ဆွေတို့ ” ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့ပါသေးသည်။

( ရည်ညွှန်း - နယူးရောက်ပို့စ် ၂၀-၁-၂၀၁၄ အွန်လိုင်း )


ဗယ်လင်တိုင်းနေ့ နှင့် မြည်းပါအုန်း ကိုကို မောင်မောင်ရဲ့

ညွန့်အောင် ( မြစ်မခ )

ဗယ်လင်တိုင်း အထိမ်းအမှတ်နေ့ ရောက်လာပါတော့မယ်

တရားဝင် လက်ထပ်မင်္ဂလာ ဆောင်နှင်းပြီး အိမ်ထောင်ပြုချင်တဲ့ ချစ်သူတွေကို

အုပ်ချုပ်သူတွေ တားမြစ်ချက် ဖောက်ဖျက်ပြီး တရားဝင် လက်ထပ်မင်္ဂလာ

ဆောင်နှင်းပေးလို့ သေဒဏ်အပြစ်ပေးခံခဲ့ရတဲ့ အသက်စွန့် ခဲ့တဲ့ သာသနာ့ ဝန်ထမ်း

တစ်ဦးကို အောက်မေ့ ဂုဏ်ပြု ထားတဲ့ နေ့ရက်ပါ

ချစ်သူတွေ တရားမဝင် လိုင်စင်မရှိ အလွဲသုံးစား လုပ်ရမည့် နေ့ မဟုတ်ပါဘူး

အပေါစား ရွှေတု၊ ပလတ်စတစ် သတ္ထုစပ် လက်ဝတ်ရတနာတွေကိ လမ်းဘေးမှာ

ပလတ်စတစ်စ အခင်းလေးပေါ်တင် ရောင်းပါတယ်

နည်းနည်းအဖိုးတန်ရင် မှန်ရှိုးကေ့စ်လေးထဲ ထည့် ရောင်းပါတယ်

သိပ်အဖိုးတန်တဲ့ စိန် ပတ္တမြား ကျောက်မျက်ရတနာတွေကျတော့ အောက်ခံ

ကတ္တပါစ အခင်း၊ လှပတဲ့ မီးရောင် စပေါ့လိုက်လေး ထိုးပြီး ခမ်းခမ်းနားနား တင်

ရောင်းပါတယ်

သူအချိန်အခါနဲ့ ဈေးကွက်တင် ဝတ်ဆင်ရတဲ့ ရတနာတွေပိုင်တဲ့ သမီးလေးတွေ

မိမ်ရတနာကို ဘယ်လိုနည်းနဲ့ ဈေးကွက်တင်မှာလဲ ဟင်

အိမ်ထောင်ရေး သာယာမှု အောင်မြင်မှုဆိုတာ ကာမဂုဏ်တစ်ခုတည်း မဟုတ်မေမဲ့

ကာမဂုဏ် ကိစ္စကလည်း အရေးကြီး နေရာမှာယူထားပါတယ်

ယောက်ျားလေးတော်တော် များများက မဝယ်ခင် အမြည်းစားချင်ပေမယ့်

အမြည်းစားပြီးတော့ အော် ဒါများ ဘာများထြူးခားလို့လဲ ဆိုပြီး ပိုင်ဆိုင်ဖို့ မဝယ်ဘဲ

လှည့်ပြန်သွားတတ်ကြသလို

အိမ်ထောင်သက်ကြာသွားတဲ့အခါ လမ်းဘေးက အလွယ်တကူ ကောက်လာတဲ့ ပန်းလား

တခမ်းတနား တန်ဖိုးထား ခူးလာရတဲ့ ပန်းလား ဆိုပြီး အမြတ်တနိုးတန်ဖိုးထားမှု ကွာခြား

သွားတတ်ပါတယ်။

အိမ်ထောင်သက်ကြာတဲ့ အခါ မိမိတို့ ရဲ့ ပထမ နဲ့ နှိုင်းယှဉ်ပြီး မိမိအိမ်သူ

သက်ထားကို ဘယ်ကအကောင်နဲ့ ပန်းခြံထဲ ကမြင်းနေတာလဲ၊ ဘယ်တည်းခိုခန်းက

ပြန်လာတာလဲ ဘယ်ချောင်က တိုးလာတာလဲလို့ ပြောကြ ဆဲကြ သမုတ်ကြ စွပ်င်္စွဲကြ

တာတွေ ကြားရမြင်ရတတ်ပါတယ်

အော် ဒါလေးများ ဇီဝဗေဒ သဘောအရ ခန္ဒာကိုယ် လိုအပ်ချက်တစ်ခုဘဲလို

သဘောထားသူတွေ အတွက် ဘာမှ မပြောလိုပါ

အမျိုးကောင်း သားသမီးပီပီ တန်ဖိုးထားတဲ့ သမီးကောင်း

ရတနာများ အတွက် အမြီးပြတ်နေသူတွေ အမြီးဖြတ်ခိုင်းတာတွေ

စီးပွားရေး သမားတွေ ဖြားယောင်းတာတွေ

လောလောဆယ် အသက်လဲသေရ သိက္ခာလဲ ကျရတဲ့ အဖြစ်မျိုး သင်ခန်းစာ ယူပြီး

ထိုးမုန့် ကရေကယာ ရောင်းသလို မြည်းပါုအုန်း မောင်လေးရဲ့ မြည်းပါအုန်း အကိုရဲ့

မလုပ်မိကြဘဲ အဖိုးတန် ရတနာကို သော့အထပ်ထပ် ခပ်လို့ မြတ်မြတ်နိုးနိုး

တန်ဖိုးထား ပန်ဆင်သူ လက်ထဲ အပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။