1. In human life there is constant
change of fortune; and it is unreasonable to expect an exemption from the
common fate. Life itself decays, and all things are changing. ( Plutarch;
46-120 )
လူ့ဘဝ၏ ကံကြမ္မာသည် အစဉ်အမြဲ ပြောင်းလဲနေပေသည်။
ကံကြမ္မာ၏ ပြုပြင်လွှမ်းမိုးမှု အောက်မှ ရုန်းထွက်ရန် ကြိုးပမ်း ခြင်းသည် သဘာဝမကျပါ။ အသက်သည်
အချိန်တိုင်း ယိုယွင်းပျက်စီးနေသည်။ အရာရာတိုင်းသည် အစဉ်အမြဲ ပြောင်းလဲနေသည်သာ။
( ပလူတာ့ခ်ျ ၄၆-၁၂၀ )
2. It is the greatest mistake to
think that man is always one and the same. A man is never the same for long. He
is constantly changing. He seldom remains
the same even for half an hour. ( George Gurdieff 1873-1949 )
လူသည် တသမတ်တည်း မပြောင်းမလဲ ခိုင်မာနေသည်ဟု
ထင်မြင်ခြင်းသည့် အကြီးဆုံးအမှားတစ်ရပ် ဖြစ်ပေသည်။ လူသည် မပြောင်းမလဲ ကြာကြာ မနေနိုင်ပါ။
အစဉ်အမြဲ ပြောင်းလဲနေပေသည်။ လူတစ်ယောက်သည် နာရီဝက်မျှ မပြောင်းလဲဘဲ တည်နေနိုင်ရန်ပင်
ခဲယဉ်းလှပေသည်။ ( ဂျော့ချ ဂါးဒစ်ဖ် ၁၈၇၃-၁၉၄၉ )
3. Security is mostly superstition.
It does not exist in nature, nor do the children of man as a whole experience it.
Avoidance of danger is not safer in the long run than outright exposure. Life
is either a daring adventure or nothing. ( Hellen Keller 1880-1968 )
လုံခြုံစိတ်ချခြင်းဆိုသည်မှာ အယူသည်းခြင်းပင်
ဖြစ်ပေသည်။ သဘာဝလောကတွင် လုံခြုံစိတ်ချမှု ဆိုတာ မရှိသလို၊ လူသားများသည်လည်း ဘယ်သောအခါမျှ
ထိုအရာကို မစံစားခဲ့ရကြပါ။ အန္တရာယ်ကို ရှောင်ငြားသော်လည်း ရေရှည်မှာ ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းထက်
ပို၍ ဘေးကင်းသည်ဟုသေချာ အာမ မခံနိုင်ပါ။ လူ့ဘဝဆိုသည်မှာ ရဲဝံ့သူတို့အတွက် စွန့်စားခန်း
သာဖြစ်ပေသည်။ သို့မဟုတ်ပါက ဘဝသည် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ( ဟယ်လင် ကဲလား ၁၈၈၀-၁၉၆၈ )
4. The definition of great is mostly
an imagination and zeal to re-create yourself daily.
(
Tom Peters )
ကြီးကျယ်မြင့်မြတ်ခြင်းဆိုသည်မှာ မိမိကိုယ်တိုင်
နေ့စဉ် ပြန်လည် ဖန်တည်းနေရမည့် စိတ်ကူး စိတ်သန်း နှင့် အားမာန်ပင် ဖြစ်ပေသည်။ ( တွမ်
ပီတာ )
5. When the rate of change outside
is greater than the rate of change inside, the end is insight. ( Jack Welch )
ပုံသဏ္ဍာန် ( ပတ်ဝန်းကျင် ) ပြောင်းလဲမှုနှုန်းကို အနှစ်သာရ
( အတွင်းပိုင်း ) ပြောင်းလဲမှုက မလိုက်နိုင်တော့ဘူးဆိုလျင် ပျက်သုဉ်းမှု အရိပ်အယောင်
သန်းလာနေပြီ ဖြစ်သည်။ ( ဂျက် ဝဲလ်ခ် )
6. You must be the change that you
want to see in the world. ( Mahatma Gandhi 1869-1948 )
ကမ္ဘာပေါ်မှာ မိမိမြင်တွေ့လိုတဲ့ အပြောင်အလဲတွေ
ဖြစ်လာအောင် မိမိကိုယ်တိုင်က စတင်ပြောင်းလဲရပါမယ်။ ( မဟတ္တမ ဂန္ဓီ ၁၈၆၉-၁၉၄၈ )
7. Education is the most powerful
weapon you can use to change the world.
( Nelson Mandela 1918 - 2013 )
ပညာရေးသည် ကမ္ဘာကြီးကို ပြောင်းလဲရန်အတွက်
အင်အားအကြီးဆုံး လက်နက် တစ်ရပ်ဖြစ်ပေသည်။ ( နယ်လ်ဆင် မင်ဒဲလား ၁၉၁၈ - ၂၀၁၃ )
8. People wish to learn to swim and
at the same time to keep one foot on the ground. ( Marcel Proust 1871- 1970 )
လူသည် ရေကူးလည်း သင်လိုသည်။ တစ်ချိန်တည်းမှာပင်
ကြမ်းပြင်ပေါ်မှာလည်း ခြေတစ်ဖက် ထောက်ထားချင် သေးသည်။ ( မာစဲလ် ပရို့ ၁၈၇၁-၁၉၇၀ )
9. If we want everything to remain as it is, it
will be necessary to change everything. ( Giuseppe Tomasi Di Lampedusa )
အရာရာတိုင်းကို ရှိရင်းစွဲ အခြေအနေအတိုင်း
ထိန်းထားလိုလျင် အရာရာတိုင်းကို ပြောင်းလဲရန် လိုအပ်ပါသည်။ ( ဂျူးဆက်ပီ တိုမာဆီ ဒီ
လမ်ပေဒူဆာ )
10. Change does not take time – it
takes commitment. ( Thomas Crum )
ပြောင်းလဲရန်အတွက် အချိန်မလိုအပ်ပါ၊
ပြောင်းမည်ဆိုသည့် စိတ်ဆုံးဖြတ်ချက်သာ လိုအပ်ပါသည်။ ( သောမတ်စ် ကရွမ်း )
11. Sometimes the answer to prayer is
not that it changes life, but that it changes you. ( James Dillet Freeman )
ဆုတောင်းသံ၏ အဖြေသည် တခါတရံ ဘဝကိုပြောင်းလဲခြင်းမဟုတ်၊
ကာယကံရှင်ကို ပြောင်းလဲ ပေးလိုက်ခြင်းလည်း ရှိပါသည်။ ( ဂျိမ်း ဒီလက် ဖရီးမင်း )
12. To live is to change and to be
perfect is to have changed often. ( John Henry Freeman 1801-1890 )
ဆက်လက်ရှင်သန်နေရန်အတွက် ပြောင်းလဲရန်
လိုအပ်သကဲ့သို့ အကောင်းဆုံးဖြစ်ရန်အတွက် မကြာခန ပြောင်းလဲရန် လိုအပ်ပေသည်။( ဂျွန် ဟင်နရီ
ဖရီးမင်း ၁၈၀၁-၁၈၉၀ )
13. God grant me the serenity to
accept the things I cannot change, courage to change the things I can, and
wisdom to know the difference. ( St.
Francis of Assissi 1182-1226 )
ကျွန်တော် ပြောင်းလဲနိုင်စွမ်း မရှိသော
အခါမှာ ဘုရားသခင်သည် ကျွန်ုပ်အား တည်ငြိမ်အေးချမ်းသော စိတ်ခွန်အားကို ပေးပါသည်။ ပြောင်းလဲနိုင်သော
အခါများတွင် သတ္တိခွန်အားကို ပေးပါသည်။ ထို့အတူ
တည်င်ြမ်အေးချမ်းစွာ ရင်ဆိုင်ရမည်လား သို့မဟုတ် ရဲ့ဝန့်စွာ ပြောင်းလဲရမည်လား
ခွဲခြား ဆုံးဖြတ်နိုင်သည့် ဉာဏ်ပညာခွန်အားကိုလည်းပေးပါသည်။ ( စိန့်ဖရန်စစ် ဒီအစစ်ဆီ ၁၁၂၈-၁၂၂၆ )
14. We cannot change, we cannot move
away from what we are, until we thoroughly accept what we are. Then change
seems to come about almost unnoticed. ( Carl Rogers )
မိမိတို့၏ သရုပ်အမှန်ကို အမှန်အတိုင်း
သိလျက် ဝန်မခံနိုင်သမျှ ကာလပတ်လုံးမိမိတို့ ရပ်တည်နေ သော နေရာမှ တဆံချည်မျှမရွေ့ မည်သို့မျှ
ပြောင်းလဲမည် မဟုတ်ပေ။ မိမိအခြေအနေကို အမှန်အတိုင်း သိနားလည်လိုက်သည်နှင့် တပြိုင်တည်းမှာပင်
ပြောင်းလဲခြင်းသည် အမှတ်မထင် ရောက်နှင့်နေပေလိမ့်မည်။ ( ကားလ် ရိုဂျာ )
15. When you’re green, you grow; when
you’re ripe, you rot. ( Ray Croc, founder of Macdonalds )
အစိမ်းရောင်သမ်းစဉ် သင့်ဘဝသည် တိုးတက်ကြီးထွားနေပြီး
ရင့်မှည့်လာပြီ ဆိုတာနှင့် ပုပ်ပျက်တော့မှာ အသေအချာပါ။ ( ရေး ခရော့ခ် မက်ဒေါ်နယ်စားသောက်ဆိုင် တည်ထောင်သူ )
16. It is not the strongest of the
species that survive nor the most intelligent, but the ones most responsive to
change. ( Charles Darwin 1809-1882 )
ဆက်လက် ရှင်သန် နေသော မျိုးစိတ်များသည်
ခွန်အား အသန်မာဆုံးများ မဟုတ်သလို၊ အသိဉာဏ်အမြင့်ဆုံးသူများလည်း မဟုတ်ပါ။ အပြောင်းအလဲများကို
အလိုက်သင့် တုန့်ပြန်နိုင်သူများသာ ဖြစ်ကြပါသည်။ ( ချားလ်စ် ဒါဝင် ၁၈၀၉-၁၈၈၂ )
17. We can only change others by
changing ourselves. No one can persuade another to change. Each of us guards a
gate of change that can only be open from the inside. We cannot open the gate
of another, either by argument, or emotional appeal. ( Marilyn Ferguson )
မိမိတို့ကိုယ်တိုင် ပြောင်းလဲခြင်းအားဖြင့်သာ
အခြားသူများကို ပြောင်းလဲနိုင်စွမ်းရှိမည် ဖြစ်ပါသည်။
အခြားသူများအား ပြောင်းလဲရန် မည်သူမျှ
ဖြားယောင်းသွေးဆောင်နိုင်စွမ်း မရှိပါ။ လူတိုင်း
လူတိုင်း အတွင်းမှသာ ဖွင့်စွမ်းနိုင်သည့် ပြောင်းလဲခြင်းတခါးများကို စောင့်ကြပ်နေကြပါသည်။
ကျွန်ုပ်တို့သည် ငြင်းခုန်ဆွေးနွေးခြင်းဖြင့်
ဖြစ်စေ၊ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် တောင်းပန်တိုးလျှိုးခြင့် အားဖြင့် ဖြစ်စေ အခြားသူများ၏
ပြောင်းလဲမှု တခါးများကို ဖွင့်နိုင်စွမ်းမရှိကြပါ။ ( မာရီလင် ဖာဂူဆန် )
18. When the wind blows, some people
build the walls, others build windmills. ( Peter Hawkins )
လေတိုက်ခတ်လာလျင် လူအချို့က လေကာတံတိုင်းများ
ဆောက်ကြပြီး အချို့လူများကတော့ လေရဟတ်တွေ တည်ဆောက် ( ပြီး စွမ်းအင်ကို အသုံးချကြ )
ကြပါသည်။ ( ပီတာ ဟော့ကင်း )
19. Change is exiting, fun and not
too difficult if we see it as learning in a way that we want. I am more and
more sure that those who are in love with learning are in love with life. For
them, change is never a problem, never a threat, just another exciting
opportunity. ( Charles Handy )
ပြောင်းလဲခြင်းဆိုတာ မိမိလိုလားတဲ့
လေ့လာသင်ယူမှု တစ်ခုလို့မှတ်ယူလိုက်ပါက ပြောင်းလဲခြင်းသည် စိတ်လှုပ်ရှားဖွယ်၊ ပျော်ရွှင်စရာ
ကိစ္စတစ်ရပ်ဖြစ်လာပြီး ပြောင်းလဲရန် မခက်ခဲတော့ပါ။ ပြောင်းလဲခြင်းကို မြတ်နိုးသူတွေလည်း
ဘဝကိုမြတ်နိုးတဲ့သူတွေ ဖြစ်ကြောင်း သာ၍ ယုံကြည်လာပါတယ်။ အကြင်ူသများအတွက် ( ထိုသို့သော
သူများအတွက် ) ပြောင်းလဲခြင်းဟူသည် ပြဿနာမဟုတ်၊ ခြိမ်းခြောက်ခြင်း မဟုတ်၊ စိတ်လှုပ်ရှားဖွယ်
အခွင့်အလမ်းအသစ်တစ်ခုသာ ဖြစပေသည်။ ( ချားလ်စ် ဟင်ဒီ )
20. Sometimes you just have to take a
leap, and build your wings on the way down. ( Kobi Yamada )
တခါတရံမှာ သင်လုပ်ရမှာက အသာ ခုန်ချလိုက်ပြီး
အကျမှာ တောင်ပံတွေ သန်မာလာအောင် လေ့ကျင့် တည်ဆောက်လိုက်ရန် ဖြစ်ပါသည်။ ( ကိုဘီ ယာမာဒါ
)
21. The key to change is to let go of
fear. ( Rosanne Cash )
ပြောင်းလဲခြင်း၏ အဓိကသော့ချက်သည် အကြောက်တရားကို
ဖယ်ရှားရန် ဖြစ်ပါသည်။ ( ရိုဆိန်း ကက်ရှ် )
22. Life can either be accepted or
change. If it is not accepted, it must be changed. If it cannot be changed, then
it must be accepted. ( Source unknown )
ဘဝမှာ ပြောင်းလဲမလား လက်ရှိအခြေအနေကို
လက်ခံထားမလားဆိုတာ ရွေးချယ်ရပါသည်။ လက်ရှိ ဘဝအခြေအနေကို လက်ခံမထားနိုင်လျင် ပြောင်းလဲရပါမည်။
မပြောင်းလဲနိုင်လျင် လက်ရှိအခြေအနေကို လက်ခံယုံမှတပါး အခြားမရှိပါ။ ( ပင်ရင်း မသိ
)
23. There is a certain relief in
change, even though it be from bad to worse. As I have often found in travelling in a stagecoach, that it
is often a comfort to shift one’s position, and be bruised in a new place. (
Washington Irving )
အဆိုးမှ ပိုဆိုးဝါးသည့် အခြေအနေသို့ပြောင်းလဲနေစဉ်မှာပင်
သက်တောင့် သက်သာ ဖြစ်စရာတွေ ရှိနေပါသေးသည်။ ခရီးဝေးပြေးဆွဲတဲ့ မြင်းရထားဖြင့် ခရီးသွားနေကျ
ဆိုတော့ ထိုင်နေစဉ်မှာပင် ပုံစံပြောင်းလိုက်လျင် တင်ပါးမှာ ထိုင်ခုံပွန်းတဲ့နေရာ အသစ်ရွှေ့ပေးလိုက်ခြင်းဖြင့်
သက်သာရာ ရနိုင်တယ်ဆိုတာ ကိုယ်တွေ့ပါ။ ( ဝါရှင်တန် အာဗင် )
24. If nothing ever changed, there
would be no butterflies. ( Source unknown )
အပြောင်းအလဲဆိုတာ မရှိခဲ့လျင် လိပ်ပြာဆိုတာလည်း
ဘယ်တော့မှ မရှိနိုင်ပါ။ ( အမည်မသိ )
25. If money is your hope for
independence you will never have it. The real only security that a man will
have in this world is a reserve of knowledge, experience and ability. ( Henry
Ford 1863-1947 )
ငွေကြေးပြည့်စုံ ကုံလုံခြင်းသည် အမှီအခိုကင်းစွာ
ရပ်တည်ဖို့ မျှော်လင့်ချက် မဟုတ်ပါ။ လူတစ်ဦးသည် ဗဟုသုတ၊ အတွေ့အကြုံ နှင့် အစွမ်းအစ
များ အလုံအလောက်ရှိမှသာလျင် ကမ္ဘာပေါ်တွင် လုံခြုံစွာ ရပ်တည်နိုင်မည် ဖြစ်ပေသည်။ ( ဟင်နရီ
ဖို့ဒ် ၁၈၆၃-၁၉၄၇ )
26. Your success in life isn’t based
on your ability to simply change. It is based on your ability to change faster
than your competition, customers and business.( Mark Sanborn )
သင့်တွင် လွယ်ကူစွာ ပြောင်းလဲနိုင်စွမ်း
ရှိရုံမျှဖြင့် ဘဝတွင် အောင်မြင်လိမ့်မည်မဟုတ်ပါ။ သင်၏ ပြိုင်ဖက်များ၊ ဖောက်သည်များ
နှင့် လုပ်ငန်းအခြေအနေများ ထက်ပိုမိုလျင်မြန်စွာ ပြောင်းလဲနိုင်မှသာ အောင်မြင်မှု ရရှိနိုင်မည်
ဖြစ်ပေသည်။ ( မာ့က် ဆန်ဗွန် )
27. Continuity gives us roots, change
gives us branches, letting us stretch and grow, reach new heights. ( Pauline R,
Kezer )
စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် အမြစ်ခိုင်မာစေပြိး
ပြောင်းလဲခြင်းဖြင့် အကိုင်းအခက်များ ဝေစည်စေပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ကို ကျယ်ပြန့်ကြီးထွားစေကာ မရောက်ဖူးသေးသည့် အမြင့်သို့ တက်လှမ်းစေပါသည်။
( ပေါ်လင်း အာ ကေဇာ )
28. The birds are moulting. If only
man could moult also- his mind once a year of its errors, his heart once a year
of its useless passions. ( James Allen )
ငှက်များသည် အမွှေးအတောင်ဟောင်းများ
ကျွတ်၍ အတောင်သစ်ပေါက်လေ့ရှိပါသည်။ လူသည်သာ ထိုအခွင့်ကို ရလျင် စိတ်ထဲမှ အမှားများကို၊ နှလုံးသားအတွင်းမှ သုံးမရသည့် အစွဲအလန်းများကို
တနှစ်တခါ ချွတ်ပယ်ချင်ပါသည်။ (ဲဂျိမ်းစ် အယ်လင် )
29. Unless you are prepared to give
up something valuable you will never be able to truly change at all, because
you’ll be forever in the control of things you can’t give up. ( Andy Law )
တန်ဖိုးထားသော အရာအချို့ကို စွန့်လွှတ်ရန်
စိတ်ပိုင်းဖြတ် မထားလျင် သင်မစွန့်လွှတ်နိုင်သော အရာများက သင့်ကို ဆက်လက်ထိန်းချုပ်နေမည်
ဖြစ်သဖြင့် မည်သည့်အခါမျှ စစ်မှန်သော ပြောင်းလဲခြင်းသို့ ရောက်မည် မဟုတ်ပေ။ ( အင်ဒီ
လော )
30. The most successful businessman
is the man who holds onto the old just as long as it is good, and grabs the new as soon as it is
better, ( Robert P. Vanderpoel )
ထိပ်တန်းရောက် လုပ်ငန်းရှင်ဟူသည် အသုံးတည့်နေသ၍
အဟောင်းများကို စွဲကိုင်ထားပြီး သာ၍ကောင်းသောအရာများကို ချက်ချင်း ဆွဲကိုင်နိုင်သူများ
ဖြစ်ပါသည်။ ( ရောဘတ် ပီ ဗန်ဒါပိုးလ် )
No comments:
Post a Comment