Friday, April 25, 2014

Change Management 1 - 20


Change Management  အပြောင်းအလဲအား စီမံခန့်ခွဲခြင်း

1.    The one unchangeable  certainty is that nothing is unchangeable or certain. ( John Kennedy; 1917-1963 )
ဘယ်တော့မှ မပြောင်းမလဲ သေချာတာ တစ်ခုကတော့ ဘယ်တော့မှ မပြောင်းလဲတဲ့အရာ သို့မဟုတ် သေချာမှု ဆိုတာ မရှိခြင်းပါဘဲ။ ( ဂျွန်ကနေဒီ ၊ ၁၉၁၇-၁၉၆၃ )

2.    The thing that lies at the foundation of positive change, the way I see it, is serve a fellow human being. ( Lech Walesa )
ကျွန်တော် မြင်တဲ့အတိုင်းဆိုရင်တော့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေရဲ့ အခြေခံ အုတ်မြစ်က လူသား အချင်းချင်း တစ်ဦးတစ်ယောက်အား အလုပ်အကျွေးပြုခြင်းပင် ဖြစ်ပါတယ်။ ( လက် ဝါလေဆာ )

3.    The art of progress is to preserve order amid change and to preserve change amid order. ( Alfred North Whitehead, 1861-1948 )
တိုးတက်မှု စွမ်းရည် ဆိုတာ ပြောင်းလဲမှုတွေကြားထဲမှာ စည်းကမ်းစနစ်တကျရှိမှုကို ထိန်းသိမ်းခြင်း နှင့် စည်းကမ်းစနစ်တကျ ရှိမှုကြားထဲမှာ ပြောင်းလဲမှုကို ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ ( အဲလ်ဖရက် နော့သ် ဝှိုက်ဟက်၊ ၁၈၆၁-၁၉၄၇ )

4.    Everybody talks about wanting to change things and help and fix things, but ultimately you can do is fix yourself. And that’s a lot. Because if you can fix yourself, it has a ripple effect. ( Rob Reiner )
လူတိုင်းက အရာခပ်သိမ်းကို ပြောင်းလဲချင်တဲ့ ကူညီ ပြုပြင်ပေးချင်တဲ့ ဆန္ဒတွေ အကြောင်း ပြောနေကြတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် သင်လုပ်နိုင်တာက မိမိဖာသာ ပြုပြင်ပြောင်းလဲရန်သာ ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းကိုက အကြီးအကျယ် အောင်မြင်မှု တစ်ရပ်ပါ။ ဘာကြောင့်လဲ ဆိုတော့ ထိုပြုပြင်ပြောင်းလဲ လိုက်ခြင်းမှာ ဂယက်ရိုက်မှု အကျိုးတရားတွေ ရှိလို့ပါဘဲ။ ( ရော့ဘ် ရေနာ )

5.    All human life has its seasons and cycles, and no one’s personal chaos can be permanent. Winter, after all, gives way to spring and summer, though sometimes branches stay dark and the earth cracks with ice, one thinks they will never come, but they do, and always. ( Truman Capote, 1924-1964 )
ခပ်သိမ်းသော လူသားအပေါင်းတို့၏ ဘဝတွင် ကိုယ်ပိုင် အချိန် နှင့် လည်ပတ်ရာ စက်ဝန်း လမ်းကြောင်း ရှိ၏။ အဘယ်သူမျှ ပရမ်းပတာ အခြေအနေထဲတွင် ရာသက်ပန် နစ်မွန်း မနေကြရ။ ဆောင်းတွင်းကာလပြီးနောက် နွေဦးရာသီ နှင့် နွေရာသီသို့ ကူပြောင်းမြဲပင်။ တစ်ခါတစ်ရံ သစ်ကိုင်းတွေ ရေခဲကိုက်ခံရလို့ မဲတူးပြိး မြေသားထုတွေလဲ ရေခဲတွေ ဖုံးလွှမ်းလို့  ပတ်ကြားအက်နေတာတွေ မြင်တော့ ဘယ်တော့မျှ ဆောင်းမကုန်တော့ဘူးလို့ စိတ်ဆင်းရဲစွာ ခံစားထင်မြင်နေသော်လည်း ရာသီဥတုက အချိန်တန်လျင် သာယာလာစမြဲပါ။ အစဉ်အမြဲ မှန်ကန်နေတဲ့ နိယာမတရားပါ။ ( ထရူးမင်း ကာပို့တ်၊ ၁၉၂၄-၁၉၆၄ )

6.    Take a chance! All of life is a chance. The person who goes furthest is the one willing to do and dare. The sure-thing boat never gets far from shore. ( Dale Carnegie )
အခွင့်အလမ်းကို ဆုပ်ကိုင်လိုက်ပါ။ ဘဝတစ်ခုလုံးဟာ အခွင့်အလမ်းတွေချည်းပါ။ အဝေးဆုံး ခရီးပေါက်တဲ့သူ ကတော  သွားချင်တဲ့ ဆန္ဒပြင်းပြစွာဖြင့် သွားရဲတဲ့သူတွေဘဲ ဖြစ်ကြပါတယ်။ သေချာတာကတော့ လှေဆိုတာ ( လှော်မည့်သူ မရှိလျင် ) ကမ်းနားကနေ ဘယ်တော့မှ ဝေးဝေး မရောက်နိုင်ပါဘူး။ ( ဒေးလ် ကာနေဂျီ )

7.    The laws of nature are such that things at their peak must decline and those at their lowest point must rise up, just as the sun and the moon follow one another ceaselessly through the skies. Man must also follow these laws. ( I Ching 1150 BC )
သဘာဝတရား၏ နိယာမအရ ထိပ်ဆုံးရောက်နေသည့် အရာတိုင်း အောက်ကိုဆင်းပြီး အနိမ့်ဆုံး ရောက်နေသည့် အရာတိုင်း အပေါ် ပြန်တက်ရစမြဲပင်။ ကောင်းကင်ပေါ်မှာ လည်း နေ နှင့် လ တို့သည်လည်း အစဉ်အမြဲ အလှည့်ကျ ဆင်း တက် နေကြပါသည်။  လူသားများမှာလည်း ဤနိယာမ အတိုင်း လိုက်လျှောက်ရမည်သာ။ ( အီချင်  ဘီစိ ၁၁၅၀ )

8.    Every phase of evolution commences by being in a state of unstable force and proceeds through organization to equilibrium. Equilibrium having been achieved, nofurther development is possible without once more oversetting the stability and passing through a phase of contending forces. (  Kabbalah 1200 BC )
ဆင့်ကဲဖြစ်စဉ်၏ အဆင့်ဆင့်တိုင်းတွင် မတည်ငြိမ်သော အင်အားစုများ၏ လှုပ်ရှားမှုဖြင့် စတင်ပြီး အချင်းချင်း ထိန်းညှိလျက် ညီမျှခြေရောက်သည်အတိ တိုးတက် ဖွံ့ဖြိုးလာလေ့ရှိပါသည်။ ညီမျှခြေသှို့ ရောက်ရှိလာသော အခါတွင် အခြေကျ ငြိမ်သက်မှုကို စွန့်လွှတ်ကာ ယှဉ်ပြိုင်လှုပ်ရှားနေသော အင်အားစုများကို နောက်တစ်ကြိမ် ဖြတ်သန်းခြင်း မပြုနိုင်လျင် နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှုကို မရနှိုင်ပါ။ ( ကာဘာလာ ဘီစီ ၁၂၀၀ )

9.    You cannot step twice into the same river, for other waters are always flowing on to you. ( Heraclitus 535-475 BC )
သင်သည် အဘယ်သော အခါမျှ မြစ်တစ်စင်းအတွင်းသို့ နှစ်ခါခြေမချနိုင်ပါ။ အသစ်သော ရေအလျဉ်များ သည် သင့်ထံသို့ ဦးတည်လျက် အမြဲစီးဆင်းလာနေပါသည်။ ( ဟီရာ ကလိုက်တပ်စ် ၅၃၅-၄၇၅ ဘီစီ )

10.  Everything changes, nothing remains without change. ( The Buddha  568-488 BC )
အရာ ခပ်သိမ်းတို့သည် ပြောင်းလဲနေသည်။ မပြောင်းလဲသော အရာ မရှိ။ ( ဗုဒ္ဓမြတ်စွာဘုရား ၅၆၈-၄၈၈ ဘီစီ)

11.  We must adjust to changing times and still hold to unchanging principles.(Jimmy Carter)
ကျွန်တော်တို့သည် ပြောင်းလဲနေသည့် အချိန်နှင့် လိုက်လျောညီထွေစွာ ပြောင်းလဲ ပြုပြင်နေစဉ်မှာပင် မပြောင်းလဲသည့် ကိုယ်ကျင့်တရားများကို ဆုပ်ကိုင်ထားရပါမည်။ ( ဂျင်မီကာတာ )

12.  One change leaves the way open to the introduction of others. ( Niccolo Machiavelle 1469-1527 )
အပြောင်းအလဲတိုင်းသည် အခြားအပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် လမ်းစ ဖွင့်ထားမြဲ ဖြစ်သည်။ ( နစ်ကိုလို မာခီယာဗဲလေ )

13.  We must all obey the great law of change; it is the most powerful law of nature. ( Edmund Burke; 1729-1797 )
ကျွန်တော်တို့ အားလုံး သဘာဝ တရား၏ စွမ်းအားအကြီးမားဆုံး နိယာမတစ်ရပ်ဖြစ်သော ပြောင်းလဲခြင်း မဟာနီယာမ ၏ စီမံခန့်ခွဲမှုကို နာခံကြရပေမည်။ (  အက်ဒ်မွန် ဘာ့ဂ် ၁၇၂၉-၁၇၉၇ )

14.  It isn’t the incompetent who destroy an organization. It is those who achieved something and want to rest upon their achievement who are forever clogging things up. ( Charles Sorenson )
အဖွဲ့အစည်းတစ်ခုကို ဖျက်ဆီးနေတာ အရည်အချင်း မပြည့်ဝသည့် သူတွေမဟုတ်။ တစ်ချိန်က အောင်မြင်ခဲ့ပြီး အဆိုပါအောင်မြင်မှုများအပေါ်ယစ်မူးနေကာ အရာရာကို ပိတ်ဆို့ နေတဲ့ လူတန်းစားတွေကြောင့် ဖြစ်ပါတယ်။

15.  That little packet of responsibility ( the job description ), rewarded in accordance with a fixed formula ( pay level ), and a single reporting relationship ( place in the chain of command ) is a roadblock on the highway of change. ( William Bridges )
လုပ်ငန်း တာဝန် ဝတ္တရား သတ်မှတ်ချက် ဟု ခေါ်သော တာဝန်ဝတ္တရား စာရွက်အထပ်ကလေး၊ လစာ အဆင့် ဟုခေါ်သော ပုံသေနည်းဖြင့် တွက်ချက်ထားသည့် ဆုပေးစနစ် နှင့်  လုပ်ပိုင်ခွင့် အာဏာ ကွင်းဆက် အတွင်းမှ နေရာ အဆင့်တစ်ခုမျှသာ ဖြစ်သော တစ်လမ်းသွား သတင်းပို့ အစီရင်ခံမှု စနစ် များသည် ပြောင်းလဲမှု လမ်းမကြီးပေါ်တွင် ရွေ့လျားမှုကို ပိတ်ဆို့နေသော အရာများ ဖြစ်ပါတယ်။ ( ဝီလီယမ် ဘရစ်ဂ်ျ  )

16.  Two basic rules of life. 1. change is inevitable. 2. everyone resists changes. Remember this; when you are through changing, you’re through. ( Source Unknown )
အပြောင်းအလဲ ဆိုတာ ရှောင်လွဲလို့မရဘူး ဆိုတာရယ် လူတိုင်းက အပြောင်းအလဲကို ဆန့်ကျင်တယ် ဆိုတာ ဘဝရဲ့ အခြေခံ စည်းမျဉ်း နှစ်ခုဖြစ်ပါတယ်။ သင်ဟာ အပြောင်းအလဲလမ်းကြောင်းပေါ် ရောက်နေပြီဆိုရင် သင်ဟာ ပြောင်းလဲပြီဆိုတာ ယုံကြည်လိုက်ပါ။  ( အမည်မသိ အရင်းအမြစ် )

17.  If you always do what you’ve always done, you’ll always get, what you’ve always got.
( Ed Foreman )
သင်လုပ်ဖူးပြီးသား အရာတွေကိုသာ အမြဲ လုပ်နေမယ်ဆိုရင် သင်ရဖူးပြီးသားတွေကိုဘဲ အမြဲတမ်း ရနေမှာ ဖြစ်ပါတယ်။ ( အက်ဒ် ဖိုမင် )

18.  Some people change their ways when they see the light, others when they feel the heat. ( Caroline Schroeder )
လူအချို့က အလင်းရောင်ကို မြင်တာနဲ့ သူတို့ လမ်းကြောင်းကို ပြောင်းကြတယ်။ အခြားသူတွေကတော့ အပူရှိန်ကို ခံစားမိမှ လမ်းကြောင်းပြောင်းကြတယ်။ ( ကယ်ရိုလင်း ရှရိုဒါ )

19.  Though I might travel afar, I will meet only what I carry with me, for every man is a mirror. We see only ourselves reflected in those around us. Their attitudes and actions are reflection of our own. The whole world and its condition has its counter parts within us all. Turn the gaze inward. Correct yourself and the world will change. ( Kirstem Zambucka )
လူသားတိုင်းက ကြေးမုံပြင် အသွင် ဖြစ်သဖြင့် ခရီးဝေးလံ သွားခဲ့လျင်သော်မှ ကျွန်တော် တွေ့ရမှာက မိမိနှင့်အတူ ပါလာသမျှကိုသာ တွေ့ဆုံရမှာပါ။ မိမိတို့ ပတ်ဝန်းကျင်မှာ ထင်ဟပ်နေသည့် မိမိရောင်ပြန်ကိုသာ မြင်တွေ့စမြဲပင်။ အကြင်သူများ၏ အတွေးအမြင် ခံယူချက် နှင့် လုပ်ဆောင်မှုများ သည် ကျွန်ုပ်တို့ နှင့် ထပ်တူမျှသာ ဖြစ်ပေသည်။ ကမ္ဘာကြီးတစ်ခုလုံး နှင့် အခြေအနေတွေ အားလုံးသည် ကျွန်တော်တို့ အဇ္ဈတ သဏ္ဍာန် ( အတွင်းစိတ် သဘော )၏ အဆင့်တူ အရည်အသွေးတူများသာ ဖြစ်ကြပါသည်။ မိမိ၏ အကြည့်ကို အတွင်းဖက် လှည့်လိုက်ပါ ( မိမိဖာသာ ပြန်လည် သုံးသပ်ကြည့်ပါ ) ။ မိမိအမှားတွေ မိမိဖာသာ အမှန်ရောက်အောင်ပြင်လိုက်ပါ။ ကမ္ဘာကြီး ပြောင်းလဲသွားပါလိမ့်မယ်။ ( ကာ့စ်တင်မ် ဇမ်ဘတ်ကာ )

20.  The psychic task which a person can and must set for himself is not to feel secure, but to be able to tolerate insecurity. ( Erich Fromm )

မိမိ၏ အတွင်းစိတ် စွမ်းအားနှင့် ပတ်သက်၍ လူတိုင်း ပြောင်းလဲသင့် ပြောင်းလဲနိုင်သည်မှာ လုံခြုံစိတ်ချရမှုကို ရှာကြံရန်မဟုတ်၊ စိတ်မလုံခြုံမှု အခြေအနေကို ခံနိုင်ရည်ရှိရေး အားထုတ်ရန် ပင်ဖြစ်ပေသည်။ ( အဲရစ် ဖရွမ် ) 

1 comment:

  1. Casino Tycoon (2020) - JTM Hub
    Casino Tycoon is the 2020 Casino Tycoon. The brand new, 여수 출장샵 brand new game, is developed 양산 출장샵 with 군산 출장샵 the 광명 출장안마 best software, graphics, 창원 출장샵 and content in mind.

    ReplyDelete