Monday, May 12, 2014

Myanmar National Disabilities Forum & Conference


Myanmar National Disabilities Forum & Conference


မြန်မာနိုင်ငံတဝန်းလုံးမှ မသန်စွမ်းသူများအားလုံးကို ကိုယ်စားပြုမည့် နိုင်ငံအဆင့် “ မြန်မာနိုင်ငံ မသန်စွမ်း သူများ ဖိုရမ် နှင့် ည်ီလာခံ ” ကို ၂၀၁၄-ခုနှစ် ဇွန်လ ၁၀-ရက်နေ့မှ ၁၂-ရက်နေ့အထိ သုံးရက်တိုင်တိုင် နေ့စဉ် နံနက် ၉၊၀၀ နာရီမှ ညနေ ၄၊၃၀ နာရီ အထိ ရန်ကုန်ျြမို့ ကမ္ဘာအေးဘုရားလမ်း ဆီဒိုနားဟော်တယ်တွင် ကျင်းပမည် ဖြစ်ပါသည်။

ဖိုရမ် နှင့် ညီလာခံ ၏ ရည်ရွယ်ချက်များ

၁။ နိုင်ငံတဝှန်းရှိ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အတားအဆီးများ နှင့် စိန်ခေါ်မှုများ ကို ဆွေးနွေးဖော်ထုတ်၍ နိုင်ငံတော် နှင့် ပြည်သူများအား အသိပေး တင်ပြရန်၊

၂။ မသန်စွမ်းသူများ၏ အခွင့်အရေးများ နှင့် လိုအပ်ချက်များကို ဗဟိုပြု ထင်ဟပ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန်၊

၃။ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ အမြန်ဆုံး အမြန်ဆုံး အကောင်အထည်ပေါ်လာရေးအတွက် တိုက်တွန်းဆောင်ရွက်ရန်၊

၎။ နိုင်ငံလူဦးရေ၏ ၁၅-ရာခိုင်နှုန်းခန့်ရှိသော မသန်စွမ်းသူများအားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စု အဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီ ဖွဲ့စည်းရန်၊

ထွက်ပေါ်လာမည့် အကျိုးရလာဒ်များ

၁။ နိုင်ငံတဝှန်းရှိ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အတားအဆီးများ နှင့် စိန်ခေါ်မှုများ ကို ဆွေးနွေးဖော်ထုတ်၍ နိုင်ငံတော် နှင့် ပြည်သူများ နှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းများသို့ အသိပေး တင်ပြနိုင်မည်။

၂။ မသန်စွမ်းသူများ၏ အခွင့်အရေးများ နှင့် လိုအပ်ချက်များကို ဗဟိုပြု ထင်ဟပ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး သက်ဆိုင်ရာ မူဝါဒဆိုင်ရာ မုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများသို့ ဆက်လက်တင်ပြနိုင်မည်။

၃။ နိုင်ငံလူဦးရေ၏ ၁၅-ရာခိုင်နှုန်းခန့်ရှိသော မသန်စွမ်းသူများအားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စု အဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီ ဖွဲ့စည်းပြီး မသန်စွမ်းသူများဆိုင်ရာ အရေးအရာများကို ရှေ့လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားနိုင်မည်။

၎။ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ အမြန်ဆုံး အမြန်ဆုံး အကောင်အထည်ပေါ်လာရေးအတွက် စုပေါင်း တိုက်တွန်းဆောင်ရွက်နိုင်မည်။

၅။ နိုင်ငံတဝန်းရှိ မသန်စွမ်းသူများ၊ မသန်စွမ်း အဖွဲ့အစည်းများ အတွင်း အချင်းချင်း ရင်းနှီးစည်းလုံးမှု၊ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်အလက် နှင့် အတွေ့အကြုံများ အပြန်အလှန် ဖလှယ်ခွင့်များ တိုးတက်ဖြစ်ထွန်းလာနိုင်မည်။

အကောင်အထည် ဖော်သည့်အဖွဲ့

မသန်စွမ်းအဖွဲ့အစည်း ၁၅-ဖွဲ့မှ ကိုယ်စားလှယ် ၃၁-ဦးဖြင့် ဖွဲ့စည်းထားသည့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မီတီ ( Working Committee for the Rights of the Persons with Disabilities ) က အကောင်အထည်ဖော် ဆောက်ရွက်ခြင်း ဖြစ်ပါသည်။

၁။ မြန်မာနိုင်ငံ မျက်မမြင် အသင်း
၂။ နားမကြား အရင်းအပြစ် စင်တာ
၃။ မန္တလေး နားမကြား လူငယ် စင်တာ
၎။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်း
၅။ ဉာဏ်ရည်မမှီ ကလေးမိဘများ ကွန်ယက်
၆။ မြန်မာနိုင်ငံ ခရစ်ယန် မျက်မမြင်များ မိတ်သဟာယ
၇။ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့
၈။ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ )
၉။ အနာဂါတ် ကြယ်ပွင့်လေးများ ဉာဏ်ရည် မသန်စွမ်း ကိုယ်အားကိုယ်ကိုးအဖွဲ့
၁၀။Challenge အဖွဲ့
၁၁။ ရန်ကုန် နားမကြားအဖွဲ့
၁၂။ မသန်စွမ်းသူများ ဘဝမြှင့်တင်ရေး အဖွဲ့
၁၃။ မြန်မာနိုင်ငံ အော်တစ်ဇင် အသင်း
၁၄။ မြန်မာနိုင်ငံ မသန်စွမ်း အမျိုးသမီးများ အသင်း
၁၅။ မေရီချက်ပ်မင်း နားမကြားသော ကလေးများကျောင်း တို့ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖိုရမ်/ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အောက်ဖော်ပြပါ ကော်မီတီ နှင့် ဆပ်ကော်မီတီများ ဖွဲ့စည်းဆောက်ရွက်လျက်ရှိပါသည်။

ဖိုရမ် / ညီလာခံ ကျင်းပရေး ဦးစီးကော်မီတီ

ဆပ်ကော်မီတီများ

၁။ ဖိတ်ကြားရေး နှင့် ပြန်ကြားရေး ဆပ်ကော်မီတီ
၂။ အခမ်ဒအနား ပြင်ဆင်ရေး နှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မီတီ
၃။ ဘဏ္ဍာငွေ စီမံခန့်ခွဲရေး ဆပ်ကော်မီတီ
၎။ ကျွေးမွေး ဧည့်ခံရေး ဆပ်ကော်မီတီ
၅။ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မီတီ
၆။ ကျန်းမာရေး ဆပ်ကော်မီတီ
၇။ ရုံးအဖွဲ့

မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖိုရမ် / ညီလာခံ ကျင်းပရေး ဆပ်ကော်မီတီ

၁။ ဦးသိန်းလွင် - ဥက္ကဌ
၂။ ဦးညွန့်အောင် - ဒု- ဥက္ကဌ
၃။ ဦးနေလင်းစိုး -အတွင်းရေးမှူး
၎။ ဦးမိုးဇင် - အဖွဲ့ဝင်
၅။ ဦးမြတ်ဦး - အဖွဲ့ဝင်
၆။ ဦးအေးကိုကို - အဖွဲ့ဝင်
၇။ ဒေါ်ခင်မျိုးစု - အဖွဲ့ဝင်
၈။ ဒေါ်ရွှေဝါသန်းနိုင် - အဖွဲ့ဝင်
၉။ ဒေါ်မေဇင်လှိုင် - အဖွဲ့ဝင်

ဖိုရမ် / ညီလာခံ တက်ရောက်မည့် အရေအတွက်

မြန်မာနိုင်ငံ အနှံ့အပြားမှ မသန်စွမ်း အမျိုးအစား အားလုံး ( ကိုယ်ခန္ဓာ မသန်စွမ်း / အမြင် အာရုံ မသန်စွမ်း / အကြားအာရုံ မသန်စွမ်း / ဉာဏ်ရည် မသန်စွမ်း ) အပါအဝင် ၆၀၀-ဦးခန့် ပါဝင်တက်ရောက်မည် ဖြစ်ပါသည်။

အဓိက ပံ့ပိုးကူညီသည့် အဖွဲ့အစည်းများ

USAID , World Learning , Malteser International

ဆက်သွယ်ရန် လိပ်စာ

အတွင်းရေးမှူး နှင့် ရုံးအဖွဲ့
မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖိုရမ်/ညီလာခံ ကျင်းပရေး ဦးစီးကော်မီတီ
အမှတ်- ၁၆ ( ဘီ )၊ ရေတွင်းကြီး လမ်းသွယ်၊ သာယာအေးလမ်း
၃-ရပ်ကွက်၊ သမိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၉ ၄၃၁၂၃၇၄၂ ၊ ၀၉-၇၃၁၉၁၇၆၃ ၊ ၀၉-၇၃၂၄၀၅၄၂

အီးမေးလ်- info.myanmarndf@gmail.com

( ဖိုရမ် / ညီလာခံ သို့တက်ရောက်လိုသော မသန်စွမ်းသူများ မည်သူမဆို အထက်ပါလိပ်စာသို့ ဆက်သွယ်၍ လျှောက်လွှာများ အခမဲ့ တောင်းခံနိုင်ပါသည် )

No comments:

Post a Comment