အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ
မသန်စွမ်းသူများ အနုပညာပွဲတော် နှင့် အနာဂါတ် ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်း ကိုယ်အားကိုယ်ကိုးအဖွဲ့
အောက်တိုဘာလ
၁၇-၁၉ ရက်အတွင်း မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ကျင်းမမှာဖြစ်ပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာန၏ ဦးဆောင်မှု၊ နိပွန် ဖောင်ဒေးရှင်း၏ ပံ့ပိုးမှု၊ အနုပညာဆိုင်ရာအဖွဲ့အစည်းများ၏
ကူညီ လေ့ကျင့် သင်ကြား ပါဝင်မှု ၊ မသန်စွမ်းသူများ အသင်းအဖွဲ့များ နှင့် မသန်စွမ်းသူများကိုယ်တိုင်
အားကြိုးမာန်တက် ပါဝင်မှုတို့ ဖြင့် ကျင်း ပမှာ ဖြစ်ပါတယ်။
မသန်စွမ်းသူဆိုရာမှာ
အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံ မသန်စွမ်း ( ဆွံ့အ အပါအဝင် )၊ ကိုယ်ခန္ဓာ မသန်စွမ်း
နှင့် ဉာဏ်ရည်မသန်စွမ်းဆိုပြီး ယေဘုယျအားဖြင့် မသန်စွမ်း ၄-မျိုး ခွဲခြား နိုင်ပါတယ်။
အဆိုပါ မသန်စွမ်းများအနက် အမြင်အာရုံ မသန်စွမ်းတွေအတွက် မျက်မမြင်ကျောင်း၊ အကြားအာရုံ မသန်စွမ်းအတွက် မေရီချက်ပ်မင်း ကျောင်းများသည်
နှစ်ပေါင်းအတန်ကြာကတည်းက ပေါ်ပေါက်လာခဲ့ကြပါတယ်။ များသောအားဖြင့် ထိုမသန်စွမ်းများမှာ
စိတ်တည်ငြိမ်ပြီး ဉာဏ်ရည်အားဖြင့် ပုံမှန်ရှိကာ အာရုံခံစားမှု တစ်မျိုးတည်းသာ ချို့တဲ့ခြင်း
ဖြစ်သဖြင့် မျက်မမြင်စာ၊ အချက်ပြ ဆက်သွယ်ခြင်း ဘာသာစကားများဖြင့် စနစ်တကျ လေ့ကျင့်
သင်ကြားပေးရင် ဖွဲ့ဖြိုးတိုတက်မှုက မလွဲတမ်း ရနိုင်ပါတယ်။ ထိုအတူ ကိုယ်ခန္ဒာမသန်စွမ်းတွေလည်း
အထောက်အကူ ပစ္စည်းတွေ ပံ့ပိုးတပ်ဆင်ပေးနိုင်လျင် သင်ကြားလေ့ကျင့်လိုရနိုင်ပါတယ်။
ထိုမသန်စွမ်းသူများအတွက်လည်း
ကိုယ့်အားကိုယ့်ကိုး အဖွဲ့တွေ၊ ပံ့ပိုးကူညီတဲ့အဖွဲ့တွေ အထိုက် အလျောက် ရှိကြပြိးဖြစ်ပါတယ်။
ဉာဏ်ရည်မသန်စွမ်းတွေကတော့ အခြားအမျိုးအစားတွေနောက် ကျန်နေပါသေးတယ်။ စိတ်မတည်ငြိမ်၊
ဉာဏ်ရည်နိမ့်တဲ့သူတွေ ဖြစ်လေတော့ တစ်ချို့ မိမိနာမည် မိမိမသိ၊ မိမိ အသက်မိမိမသိ၊ အသက်ကြီးလာတာ
အသက်ငယ်သေးတာ သူတို့မသိ၊ မိဘ နာမည် မပြောတတ်၊ သူတို့ကို အမှီအခိုကင်းစွာ ရပ်တည်နိုင်စေရန်
လေ့ကျင့်ပေးဖို့ အခြားတွေနှင့် နှိုင်းစာလျင် ခက်ခဲပါသည်။ သို့သော် မဖြစ်နိုင်တာတော့
မဟုတ်ပါ။
ပတ်ဝန်းကျင်ကလည်း
စိတ်မကျန်းမာ ဝေဒနာရှင် နှင့် ဉာဏ်ရည်မသန်စွမ်းကို ခွဲခြားနားမလည်။ ဉာဏ်ရည်မသန်စွမ်းသူတွေတွေ့ရင်
ကိုယ်ချင်းစာတရားအပြည့် ဂရုဏာတရားအပြည့် ဖြင့် လူကြီးလူငယ် မရွေး အရူးလေး၊ အရူးလေးနဲ့
ပြောင်လှောင်ကြတော့တာဘဲ။
မြန်မပြည်တနံတလျား
ရောက်ခဲ့သမျှနေရာတွေမှာတော့ မသန်စွမ်း အမျိုးအစုံ သတိထားမိလောက်တဲ့ အရေအတွက်အားဖြင့်
ရှိနေတာတွေ့ရပါတယ်။ ၂၀၁၄- ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာမှာတော့ မသန်စွမ်းသူအရေအတွက်
အမျိုးအစားအလိုက် အတိအကျ ရတန်ကောင်းပါရဲ့။ ဒီကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေသည် သူတို့ကိုယ်တိုင်
မဖွံ့ဖြိုးမရပ်တည်နိုင်လျင် မိသားစု ကို ဝန်ထုပ်ဝန်ပိုး ပိစေပါတယ်။
သူတို့ကို
စနစ်တကျ လေ့ကျင့် ပျိုးထောင် စောင့်ရှောက်ပေးမည့် သင်တန်းကျောင်း တွေကလည်း ရှိတယ် ဆိုနိုင်ယုံမျှသာ
တစ်ပြည်လုံးမှ တစ်ကျောင်းလောက်ရှိတာပါ။
ကျွန်တော့မှာလည်း
သားဦးက ဉာဏ်ရည်မသန်စွမ်း တစ်ဦးဖြစ်ပါတယ်။ ထိုစဉ်က နိုင်ငံမြို့တော်ရဲ့ ဗဟို အမည်တပ်ထားတဲ့
ဆေးရုံမှာမွေးဖွားတာပါ၊ ရေမြွာပေါက်ပြီး နာရီပေါင်းများစွာကြာမှ မွေးတော့ ဦးနှောက်
အောက်စီဂျင်ပြတ်ပြီး ဉာဏ်၇ည်မသန်စွမ်း ဖြစ်သွားတာပါ။ အခြား အကြောင်းလဲ ရှိမှာပါ။ အလွယ်ဆုံးကတော့
ကုသိုလ်ကံကြောင့် လို့ဘဲ ပုံချလိုက်တာ အေးပါတယ်။ အရေးကြီးတာက အခု ဘာလုပ်ပေးနိုင်မလဲ။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း
နှင့် ကျိုက်ဝိုင်းဘုရားလမ်းဒေါင့်မှာ ရှိသော လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ်သင်တန်းကျောင်း
က အသက် ၁၈-နှစ်ကျော် ဉာဏ်ရည်မသန်စွမ်း လူငယ်တွေ နှင့် မိသားစုဝင်များ ဖြင့် အနာဂါတ်
ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်း သူများ ကိုယ်အားကိုယ်ကိုး အဖွဲ့ ဖွဲ့ထားပါတယ်။
ယခု
ကျင်းမမည့် အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်မှာ မသန်စွမ်းသူများသည်
အနုပညာ အစီအစဉ်များတွင်ပါဝင်ခြင်း၊ ဈေးရောင်းပွဲ ၊ ပြခန်းစသည်ဖြင့် ပါဝင်ကြပါသည်။
အနာဂါတ် ကြယ်ပွင့်လေးများ အဖွဲံ့သည်လည်း ပြခန်းငယ်လေးင်္မှာ မိမိတို့အကြောင်း ပွဲတော်လာ
ပရိသတ်များ အား အသိပေးဖို့ လက်ကမ်းစာစောင်လေး ပြုစုထားပါတယ်။ ဒါလေးကို ဝေငှပေးလိုက်ပါတယ်။
အနာဂါတ် ကြယ်ပွင့်လေးများ
ဉာဏ်ရည်မသန်စွမ်း ကိုယ့်အားကိုယ်ကိုး အဖွဲ့
FUTURE STARS
INTELLECTUAL DISABILITIES SELF ADVOCATE GROUP
ရည်မှန်းချက် Vision
သက်ရှည်ကျန်းမာ၊ ဝင်ငွေရှာရင်း၊ မှီခိုကင်းတဲ၊့
ဘဝလေးများ
ဉာဏ်ရည် မသန်စွမ်းသူတိုင်း၊ ရစေသား
ဧကန်ထိုသို့်၊ ဖြစ်စေဖို့၊ ဒို့များ
ဝိုင်းဝန်းကူညီကြပါစို့။
For Every Person with
Intellectual Disability, Be Strong, Independent and Self-reliant;
Our Commitment to Create the
Barrier free & Enabling Environment.
နောက်ခံသမိုင်း Background History
၁၇-၂-၂၀၁၀
ရက်နေ့တွင် ရန်ကုန်မြိ့ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်း သက်ငယ် သင်တန်း ကျောင်း တွင်၊ လူမှုဝန်ထမ်း ဦးစီးဌာန
နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ မသန်စွမ်းမှု ဗဟိုဌာန တို့ ပူးပေါင်းလျက် ဉာဏ်ရည်မသန်စွမ်းသူများ
နှင့် မိသားစုများအား မိမိအရေး မိမိ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် ဆွေးနွေးပွဲ ကျင်းပပေးပြီး
နောက် သင်တန်းကျောင်းမှ ဆရာမများ၊ မိဘများ မှ ကူညီပံ့ပိုးသူများ အဖြစ်ပါဝင်လျက် ယူနီတီ
ကိုယ်အားကိုယ်ကိုး အဖွဲ့အား ဉာဏ်ရည် မသန်စွမ်းကျောင်းသားလူငယ် ၁၅-ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။
ထိုအဖွဲ့အား
၃၁-၇-၂၀၁၂ ရက်နေ့တွင် အနာဂါတ် ကြယ်ပွင့်လေး များ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်အားကိုယ်ကိုး
အဖွဲ့အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။ လက်ရှိ လူငယ် ၄၉-ဦး နှင့် မိသားစု ၄၉-ဦး စုစုပေါင်း
အဖွဲ့ဝင် ၉၈-ဦး ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
အဖွဲ့တည်ရာ
ယာယီလိပ်စာ- အမှတ်- ၁၈ / ၂၄ ဦးကျော်ဒွန်းဇံလမ်း
၊
ကြည့်မြင်တိုင်
မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ရန်
ဖုန်း - ၀၉၄၂၀၁၃၈၆၄၅း ၀၉၄၅၀၀၀၆၉၁၃
E-mail
: futurestars22010@gmail.com
အဖွဲ့၏ ရည်မှန်းချက်များ Objectives
- ဉာဏ်ရည်မသန်စွမ်းမှုများ အကြောင်းကို ရပ်ရွာအဆင့်၊
နိုင်ငံအဆင့် နှင့် အပြည်ပြည်ဆိုင်ရာအဆင့်များတွင် သတိ ပြု အလေးထားလာရေး အတွက် အသိပေးဆောင်ရွက်ရန်
- ( To raise the awareness of
Intellectual Disabilities among the community, national and international
level.)
- ဉာဏ်ရည်မသန်စွမ်းသူများသည် ကျန်းမာသန်စွမ်းပြီး
အမှီအခို ကင်းစွာ ရပ်တည်အသက်ရှင်နိုင်ရေး လေ့ကျင့်ပျိုးထောင်ပေးရန်
- ( To encourage the Persons with
Intellectual Disabilities to be Strong, Independent and Self-reliant )
- မိသားစုများ နှင့် ရပ်ရွာအတွင်း ဉာဏ်ရည်မသန်စွမ်းသူများ၏
အပြုအမူ နှင့် လိုအပ်ချက်များအား နားလည် သဘောပေါက် စာနာလာရေး တိုက်တွန်း အားပေးရန်
- ( To enhance the knowledge on the
behavior and needs of the Persons with Intellectual Disabilities in the
families and communities.)
- အဖွဲ့ဝင်အချင်းချင်း ရင်းနှီးစွာ ဆက်ဆံရေးတိုးမြင့်ပြီး
အဖွဲ့လိုက် ဆောင်ရွက်မှု စွမ်းဆောင်ရည် တိုးတက်လာရန်
- ( To promote the good relationship
between the team members )
- ဒေသဆိုင်ရာ မသန်စွမ်း ကိုယ်အားကိုယ်ကိုးအဖွဲ့များ၊
လူမှု အဝန်း အဝိုင်းများ နှင့် အလှူရှင်များ နှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရန်
- ( To collaborate with other disability
networks, civil societies and donors )
- ဉာဏ်ရည်မသန်စွမ်းသူများအား ဝင်ငွေ နှင့် အလုပ်အကိုင်
အခွင့် အလမ်းတိုးတက်လာစေမည့် ကျွမ်းကျင်မှု နှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ပညာရပ်များ
လေ့ကျင့်သင်ကြားပေးရန်
- ( To seek and train the Persons with
Intellectual Disabilities in vocational programs for income generating )
မဲခေါင်ဒေသခွဲဆိုင်ရာ
ဉာဏ်ရည်မသန်စွမ်းသူများ ပေါင်းစည်း ကွန်ရက်အဖွဲ့
United Intellectual
Disabilities Network Mekong Sub-Region
အနာဂါတ်
ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်အား ကိုယ် ကိုး အဖွဲ့သည် မဲခေါင်ဒေသခွဲဆိုင်ရာ
ဉာဏ်ရည်မသန်စွမ်းသူများ ပေါင်းစည်း ကွန်ရက် အဖွဲ့၏ အဖွဲ့ဝင် ဖြစ်ပါသည်။ ထိုအဖွဲ့တွင်
မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံများမှ ဉာဏ်ရည် မသန်စွမ်းသူများ
ကိုယ်အားကိုယ်ကိုး အဖွဲ့များ ပါဝင်ကြပါသည်။
The
Future Stars Intellectual Disabilities Self Advocate Group is a member of the
Mekong Sub-Region United ID Network which consists of Myanmar, Laos, Thailand,
Cambodia and Vietnam.
ရုံးတည်ရာ လိပ်စာ (
Office );
United ID Network Mekong Sub-Region
APCD Building, 255, Rajvithi Road, Rajvithi
Bangkok, 10400, Thailand.
ရည်မှန်းချက်များ (
Objectives )
၁။
ဉာဏ်ရည်မသန်စွမ်းသူများအား အများပြည်သူရှေ့တွင် စကားပြောခွင့် ရရှိစေရန် ( To give
a chance for persons with intellectual disabilities to speak out in the public.
)
၂။
ဉာဏ်ရည်မသန်စွမ်းသူများအား မိမိကိုယ်ကို ယုံကြည်မှု ရှိလာရေး အတွက် ပြုစုပျိုးထောင်ပေးရန်
( To empower persons with intellectual disabilities to be confident )
၃။ မဲခေါင်ဒေသခွဲဆိုင်ရာ ဉာဏ်ရည်မသန်စွမ်းသူများ ပေါင်းစည်းကွန်ရက်
အဖွဲ့၏ အသင်းလိုက် လုပ်ဆောင်မှုများအား အားပေးရန် ( To encourage the team work of
the United ID Network Mekong Sub-Region )
၎။
မဲခေါင်ဒေသခွဲအတွင်းရှိ မိမိတို့ ဆောင်ရွက်မှု များကို မိတ်ဆွေများ အချင်းချင်း သတင်းအချက်အလက်များကို
ဖလှယ်ကြရန် ( To exchange information about our activities with friends in the
Mekong Sub-Region. )
၅။ မိမိတို့၏ အောင်မြင်မှုများကို မဲခေါင်ဒေသခွဲအတွင်းရှိ
မိတ်ဆွေများအား ပြန်လည်ဝေငှရန် ( To tell our successful stories to friends in
the Mekong Sub-Region )
၆။ မိမိတို့၏ မိတ်ဆွေများ မိမိရပ်ရွာအတွင်း အမှီအခိုကင်းကင်း
ရပ်တည်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရန် ( To assist our friends to be more
independent in the community )
၇။ မိမိတို့ ရပ်ရွာဒေသအတွင်းရှိ ဘဝတူမိတ်ဆွေအချင်းအချင်း၊ မိမိတို့၏ မိသားစုများ
နှင့် ပံ့ပိုးကူညီသူ မိတ်ဆွေများ နှင့်အတူတကွ လုပ်ဆောင်ဆောင်မှု များကို ဆက်လက်ဆောင်ရွက်ရန်
( To continue to work together with our
friends, our family members and our supporters in the community )
၈။ မိမိတို့၏ နေ့စဉ်ဘဝ၊ အခက်အခဲများ နှင့် မိမိတို့၏
ဆန္ဒများအား မိတ်ဆွေ အချင်းချင်း နှင့် လုပ်ဖော်ကိုင်ဖက်များအကြား ပရိသတ် ရှေ့မှောက်တွင်
ပြောကြားဝေငှရန် ( To talk th stories of our life, our difficulties and our
wishes among friends and other partners in the public )
၉။
ဉာဏ်ရည်မသန်စွမ်းသူများ၏ အလိုဆန္ဒ ရင်ဖွင့်သံများသည် တညီတညွတ်တည်းဖြစ်စေရန် ( To
echo the voice of the persons with intellectual disabilities in the Mekong
Sub-Region )
၁၀။ မိမိတို့ဘဝ၊ မိမိတို့၏ ရူပါရုံ နှင့် မိမိတို့၏
တတ်စွမ်းနိုင်မှုများကို သဘောပေါက်နားလည်လျက် ပံ့ပိုးကူညီမည့် မိတ်ဆွေများ အရေအတွက်
များပြားလာစေရန် ( To increase the number of friendly supporters who understand
our life, our dream and our capacity. )
မိမိတို့၏ ခံစားချက်များ
( What are our feelings )
မိမိတို့၏
ဘဝအခြေအနေမျာကို နိုင်ငံတော်၏ ဥပဒေများ၊ ပေါ်လစီများမှ ကူညိ ကာကွယ်ပေး နိုင်စွမ်းနည်းပါးပါသည်။ မိမိတို့
ဘဝလိုအပ်ချက်များ၊ အခက်အခဲများ ဖော်ထုတ်ပြောဆိုနိုင်ရန်အတွက် ကျွန်ုပ်တို့ကို အခွင့်
အရေးများ ပိတ်ပင်ကန့်သတ်ထားကြသည်။ ကျွန်ုပ် တို့သည်လည်း လူမှုပတ်ဝန်း ကျင်တွင် ဂုဏ်သိက္ခာရှိစွာ
နေထိုင်ပါဝင်လိုပါသည်။
We,
Persons with Intellectual Disabilities have a limited support from the national
laws and policies. We have limited opportunities to tell our rights and needs.
We also want to participate in our community.
မိသားစုများမှ
ကျွနုပ်တို့၏ ဘဝအခြေအနေများကို စဉ်းစားမိတိုင်း စိတ်ဖိစီးမှု များခံစားကြရပါသည်။
ကျွန်ုပ်တို့၏
မိသားစုများ၏ အခက်အခဲများအား ကူညီလမ်းညွှန်ပေးသော အဖွဲ့အစည်းများ နည်းပါးလှပါသည်။ ထို့ကြောင့်
တခါတရံ မိသားစု၏ လျစ်လျူရှုထားခြင်းကို ကျွန်ုပ်တို့ ခံစားရလေ့ရှိပါသည်။
အာရှ နှင့် ပစိဖိတ်ဒေသတွင်း
မသန်စွမ်းသူများအတွက် အင်ချွန် မဟာဗျူဟာ
Incheon Strategy
for Persons with Disabilities in Asia and the Pacific
ကမ္ဘာ့
ကုလသမဂ္ဂမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘော တူညီချက်ကို ၁၃-၁၂-၂၀၀၆ ရက်နေ့တွင်
ပြဌာန်းပြီး ၃-၅-၂၀၀၈ ရက်နေ့မှစတင်၍ အကျိုးသက်ရောက်ခဲ့ပါသည်။ ကမ္ဘာ့လူဦး ရေ သန်း ၇၀၀၀-
ကျော်အနက် အာရှ နှင့် ပစိဖိတ်ဒေသ တွင် မသန်စွမ်းသူ သန်း ၆၅၀-ခန့်နေထိုင် လျက်ရှိပါသည်။
ကုလသမဂ္ဂ
အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေး နှင့် လူမှုရေး ကော်မရှင်သည် ဒေသတွင်းရှိ မသန်စွမ်းသူများအား
ဖွဲ့ဖြိုးရေးဆိုင်ရာ အကျိုးခံစားသူများ နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြုလုပ်ဖန်တည်းသူများ
ဖြစ်လာစေရန် ရည်ရွယ်လျက် အာရှ နှင့် ပစိဖိတ်ဒေသတွင်း မသန်စွမ်းသူများ ဆိုင်ရာ ဆယ်စုနှစ်များ
သတ်မှတ်ဆောင်ရွက်ခဲံရာ ၁၉၉၃-၂၀၀၂ အား ပထမဆယ်စုနှစ်၊ ၂၀၀၃-၂၀၁၂ အား ဒုတိယ ဆယ်စုနှစ်
နှင့် ၂၀၁၃-၂၀၂၂ အား တတိယ ဆယ်စုနှစ် အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ ဆောင်ရွက်လျက် ရှိပါသည်။
၂၀၁၃-၂၀၂၂
အာရှ နှင့် ပစိဖိတ်ဒေသတွင်း မသန်စွမ်းသူများ ဆိုင်ရာ တတိယ ဆယ်စုနှစ် ကာလအတွင်း ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များ ချမှတ်ရန်အတွက် ကော်မရှင် ဒေသတွင်း အစိုးရများ နှင့် ဌာနဆိုင်ရာများ၊
အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ တက်ရောက်လျက် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်မြို့တွင် ၂၀၁၂-ခုနှစ်၊
အောက်တိုဘာလ ၂၉-ရက် မှ နိုဝင်ဘာလ ၂-ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲမှ
သဘောတူ ချမှတ်ခဲ့သော အာရှ ဒေသ တွင် ၂၀၁၃-၂၀၂၂
ခုနှစ်အတွင်း ဆောင်ရွက်မည့် မသန်စွမ်းမှုဆိုင်ရာ လုပ်ငန်းစီမံကိန်း များ ကို ကျင်းပရာဒေသအား
အစွဲပြုလျက် အင်ချွန် မဟာဗျူဟာ ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
၎င်းတို့တွင် ပန်းတိုင်
၁၀-ခု၊ ရည်မှန်းချက် ၂၇-ခု နှင့်  ရည်မှန်းချက်များ
အား တိုင်းတာရန် အညွှန်းကိန်း ၆၂- ခု ချမှတ်ထားပါသည်။
အင်ချွန်
မဟာဗျူဟာတွင် ရည်မှန်းချက် ပန်းတိုင် ၁၀-ရပ် ချမှတ်ထားပါသည်။
၁။
မသန်စွမ်းသူ နှင့် သူတို့၏ မိသားစုများအတွင်း ဆင်းရဲမှု လျော့ချရေး နှင့် အလုပ်အကိုင်များ
ပိုမိုရရှိရေး
၂။ နိုင်ငံရေး လုပ်ငန်းစဉ်များ နှင့် ဆုံးဖြတ်ချက်များ
ချမှတ်ရာတွင် ပိုမိုပါဝင်ခွင့် ရရှိရေး
၃။
အများပြည်သူတိုင်ရာ သယ်သူပို့ဆောင်ရေး၊ ဗဟုသုတ၊ သတင်းအချက် အလက် နှင့် ဆက်သွယ်ရေးဆိုင်ရာ
ကဏ္ဍများတွင် အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ရေး၊
၎။ မသန်စွမ်းသူများအား ကျန်းမာရေး နှင့် လူမှုရေးဆိုင်ရာ
ပြုစု စောင့်ရှောက်ရေး နှင့် ကာကွယ်စောင့်ရှောက်မှုများ ပိုမိုရရှီရေး၊
၅။ မသန်စွမ်းသူများ ပညာသင်ကြားခွင့်ကို အရွယ်မလွန်မီ
ငယ်ရွယ်စဉ်မှစ၍ ရရှိစေရန် တိုးချဲ့ဆောင်ရွက်ရေး
၆။ မသန်စွမ်းသူများအကြား ကျား/မ တန်းတူညီမျှမှု ရရှိရေး
နှင့် အမျိုးသမီများအား လုပ်ဆောင်ခွင့် တန်းတူရရှိရေး
၇။ သဘာဝဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များတွင်
မသန်စွမ်းသူများအား ချန်လှပ်/ မေ့ကျန်မှုများ မဖြစ်စေရေး
၈။ မသန်စွမ်းမှု ဆိုင်ရာအချက်အလက်များအား မှန်ကန်တိကျရေး
နှင့် အပြည်ပြည်ဆိုင်ရာ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီရေး
၉။ နိုင်ငံတွင်း ဥပဒေများအား အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ
အခွင့် အရေးများ ဆိုင်ရာ သဘောတူညီချက်ပါ သတ်မှတ်ပြဌာန်းချက်များ နှင့် ကိုက်ညီစေရန်
ပြဌာန်းပေးရေး
၁၀။ မသန်စွမ်းသူများ နှင့် ပတ်သက်သော ကိစ္စရပ်များအား
ဒေသခွဲ၊ ဒေသတွင်း နှင့် အခြား ဒေသများ ရှိ နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုများ
တိုးမြင့်ဆောင်ရွက်ရေး
- တို့ ဖြစ်ကြပါသည်။
No comments:
Post a Comment