Saturday, September 28, 2013

ဝစီဘေဒ ထိတိုင်းရှ


ဝစီဘေဒ ထိတိုင်းရှ

ဖဘ ပေါ်မှာ ဖတ်ရင်း တွေးမိပါတယ်

တောင်တန်းသာတနာပြုဆရာတော်ကြီး မေတ္တာအကြောင်းဟောပြောရင်း

မေတ္တာပို့တဲ့အခါ လိုရာဆန္ဒပြည့်ပါစေ အစား ကောင်းကျိုးလိုရာဆန္ဒပြည့်ပါစေလို့ဘဲ မေတ္တာပို့ပါ

တယ်တဲ့

လူတွေရဲ့ ဆန္ဒတွေထဲမှာ လောဘတွေ ဒေါသတွေ ဝန်တို မစ္ဆရိယ စိတ်တွေ များပါတယ်တဲ့

အဲဒိ မဖြူစင်တဲ့ ဆန္ဒတွေ ပြည့်ပါစေလိုပေးလိုက်ရင် မိမိ မေတ္တာကြောင့် လူတွေ အများ ဒုက္ခ ရောက်ကြရပါမယ်တဲ့

အခုလည်း မနာလိုစိတ်တွေနဲ့ ပြောနေ ဆဲနေ ဆုတောင်းနေလိုက်ကြတာ

ဝဋ်လည်တယ်၊ ဝဋ်လိုက်တယ်ဆိုတာ မကြားဘူး မသိဘူးတာကျလို့

မြတ်စွာဘုရားတရားတော် တွေထဲမှာလဲ ဖတ်ဘူးပါတယ်

မြတ်စွာဘုရားကို ဆဲလာတဲ့ ပုဏ္ဏားကြီး တစ်ယောက်ကို

သူတစ်ယောက်ကို သူတစ်ယောက်က ပစ္စည်းတစ်ခု ပေးရင် အပေးခံရဆတဲ့သူက လက်ခံမယူရင် ဘာဖြစ်သလဲဆိုတော့ ပေးသူထံ ပြန်ရောက်ပါတယ်လို့ ဖြေပါတယ်။ ဘုရားရှင်က ဒကာ သင်ပေးတာကို ( ဆဲတာကို ) လက်မခံပါဘူးလို့ ပြောတာကို အတိအကျ မဟုတ်ပေမဲ့ မှတ်မိနေပါတယ်။

ငယ်ငယ်တုန်းက စာတိုက်က စာပို့ရင် လိပ်စာရှင် မရှိ၍ ပို့သူထံ ပြန်ပို့သည် ဆိုတာ တွေ့ရဘူးပါတယ်။

နယူတန်၏ ဥပဒေသတွေမှာလည်း အင်အားတိုင်းအတွက် လားရာဆန့်ကျင်လျက် ပမာဏ တူညီသော တန်ပြန်အင်အား သက်ရောက်ပါတယ်တဲ့။

သမ္မာကျမ်းစာမှာလဲ မိမိစိုက်တဲ့အတိုင်း ရိတ်သိမ်းရတယ်တဲ အချိုစိုက်ရင် အချို အခါးစိုက်ရင် အခါး
အဆိပ်စိုက်ရင် အဆိပ် ပြန်လည်ရရှိမှာပါ၊ စိုက်တဲ့ အမျိုးအစား အလိုက် စိုက်ကာလလေးဘဲ စောင့်ရမှာပါ

အော် ဖတ်ကြည့်ရင်းတောင် သူတို့ကိုယ်စား ကြောက်မိပါရဲ့

No comments:

Post a Comment