Sunday, September 15, 2013

ဘယ်လို မျက်နှာပေးလေးနဲ့ နေရမှာလဲ ဟင်


 ဘယ်လို မျက်နှာပေးလေးနဲ့ နေရမှာလဲ ဟင်?


ဘန်ကောက် စင်ကျူရီ ပါ့က် ဟိုတယ်မှာ မြန်မာ၊ လာအ်ု၊ ကမ္ဘောဒီးယား၊ ထိုင်း၊

ဗီယက်နမ် နိုင်ငံများမှ ဉာဏ်ရည်မသန်စွမ်း သူများ ကိုယ်အားကိုကိုး အဖွဲ့များ

မဲခေါင်ဒေသခွဲ ဉာဏ်ရည်မသန်စွမ်း သူများ ကိုယ်အားကိုကိုး အဖွဲ့ ကွန်ရက်

ဖွဲ့စည်းရေး ညှိနှိုင်း ဆွေးနွေးပွဲ မှာ ပါဝင်ရင်း လာအိုနိုင်ငံက လူမှုဝန်ထမ်းဝန်ကြီးဌာန
အရာရှိ တစ်ဦးနဲ့ စကားမြောဖြစ်ပါတယ်

သူက မြန်မာပြည်တော့ ပြောင်းလဲနေပြီ၊ သူတို့တော့လို့ အစချီပြီး အားကျတဲ့စကားပြောပါတယ်

ကျွန်တော်လဲ အလိုက်သင့် ပြန်ပြောနေပါတယ်

အခုစဉ်းစားနေတာပါ

အဲဒီ သူနဲ့စကားပြောနေတုန်းက ကျွန်တော့ မျက်နှာ ဘယ်လိုဖြစ်နေပါလိမ့်လို့

- ပြောင်းလဲသွားလို့ ဒါမြန်မာကွ လို့ ဂုဏ်ယူဝင့်`ကြွားတဲ့ ပုံပေါက်နေလား

- အထင်ကြီးခံရနည်းလားလို့ ဟန်ဆောင် ပြုံးတုံ့ မပြုံးတုံ့ လုပ်နေလား

- ထင်သာထင် မဝင်ဘူး ကျောင်းအမရေ ဆိုတဲ့ပုံပေါက်နေလား

- ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတဲ့ မျက်နှာပေးလား

စဉ်းစားလို့ကို မရပါဘူးဗျာ

မိတ်ဆွေတို့ ဆိုရင်ကော ဘယ်လိုမျက်နှာပေးလေးနဲ့ နေမှာလဲ ဟင်?




No comments:

Post a Comment