ငလျင်ကို ဘယ်လို ရင်ဆိုင်မှာလဲ
အပိုင်း-၎
ငလျင် ဘေးကြောင့် ဖြစ်ပေါ်သော
အန္တရာယ်များ
ညွန့်အောင် ( မြစ်ခမ )
သဘာဝဘေးများ
မျက်မှောက်ခေတ်မှာ သဘာဝဘေးဖြစ်ပွားမှုတွေ
မကြာခန ဖြစ်ပေါ်နေတာတွေ မြင်ကြားနေရပါတယ်။ သဘာဝဘေးဆိုပေမယ့် လူသားတွေကြောင့် သဘာဝပတ်ဝန်းကျင်
အခြေအနေတွေ ပျက်ယွင်းပြိး ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်ရတဲ့ ဘေးတွေရှိသလို အကြောင်းရင်းကို
နားမလည်နိုင်သေးတဲ့ ဒါမှမဟုတ် လူတွေရဲ့ ဆောင်ရွက်မှု နဲ့ဆက်စပ်လို့မရသေးတဲ့ သဘာဝဘေးတွေလဲရှိပါတယ်။
မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ ရေလျှံခြင်း၊
မုန်တိုင်းများ တိုက်ခတ်ခြင်းစသည့် သဘာဝဘေးများသည် လူသားများကြောင့် သဘာဝ ဝန်းကျင်
ပျက်စီးမှု နှင့် ဆက်စပ်နိုင်သော်လည်း ငလျင်လှုပ်ခြင်း မီးတောင်ပေါက်ကွဲခြင်းစသည့် သဘာဝဘေးများသည်
လူသားများ၏ လုပ်ဆောင်မှု နှင့် ဆက်စပ်မှု များစွာ မတွေ့ရသေးပါ။ ကမ္ဘာမြေကြီး၏ မြေဆွဲအား
ဗဟိုချက်ကို ထိခိုက်စေသော၊ ကမ္ဘာမြေကြိး၏ ညီမျှခြေကို ပျက် ပြားစေသော ဆည်ကြီးများကြောင့် ငလျင်လှုပ်ခြင်းကို အားပေးတဲ့ ဆက်စပ်မှုတွေ
ဖော်ထုတ်နိုင်သော်လည်း အနည်းအကျဉ်းသာ လွှမ်းမိုးမှု
ရှိကြောင်း ဖော်ပြကြပါတယ်။
သဘာဝဘေးကြောင့်
အန္တရာယ်ဖြစ်ပွားမှု
လူများ၏ လုပ်ဆောင်ချက်ကြောင့် ငလျင်လှုပ်ခြင်း
နည်းပါးသော်လည်း သဘာဝကြောင့် ငလျင်လှုပ်သော အခါများတွင် လူသားများ၏ လုပ်ဆောင်မှုများကြောင့်သာ သေကြေပျက်စီးမှု အနည်းအများ ကို ဖြစ်ပေါ်စေပါသည်။
သဘာဝဘေးကို လူတို့ မရှောင်လွှဲနိုင်သေးပါ။
သဘာဝဘေးအားလုံးကိုပင် ကြိုတင်မခန့်မှန်းနိုင်သေး ပါ။ သဘာဝဘေး၏ သဘာဝအား လေ့လာပြီး ထိခိုက်ပျက်စီးမှု
အနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ခန့်မှန်းနိုင်သော ဘေးများမှ ခေတ္တရှောင်တိမ်းခြင်း၊
နောက်ဆက်တွဲ ပျက်စီးမှုများ မဖြစ်စေရန် ကြိုတင် ပြင်ဆင်ထားခြင်း၊ နောက်ထပ်တဖန် အလားတူ
ပျက်စီးမှုမျိုး ထပ်မံ မကြုံတွေ့ရစေရန်
ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်း၊ ဘေးကျရောက်နေဆဲ
အချိန် နှင့် ဘေးကျရောက်ပြီး နောက်ပိုင်း
အချိန်များတွင် မည်သို့မည်ပုံ ရင်ဆိုင်ရမည်၊
ပြုပြင်ရမည်၊ စသည့် လုပ်ငန်းများကို အများပြည်သူများ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း
နှင့် ဝန်ထမ်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ သိရှိ တတ်ကျွမ်းလာစေရန် အရည်အသွေး မြင့်တင်ရေး
ဆောင်ရွက်ထားရန် လိုအပ်ပါသည်။
သဘာဝဘေးကျရောက်သော အခါများတွင် သဘာဝဘေး၏ ပြင်းထန်မှု အခြေအနေ၊ ဖြစ်ပွားသည့်
နေရာ၏ အခြေအနေ၊ ထိခိုက်နစ်နာလွယ်မှု အနေအထား၊ လျော့ကျစေရန်
လူသားများ၏ ကြိုတင်ပြင်
ဆင်ထား မှု အခြေအနေစသည်တို့ အပေါ်မူတည်လျက် ထိုခိုက် သေကျေ ပျက်စီးမှု
ပမာဏ အနည်းအများအား ရင်ဆိုင်ရပါသည်။
၁၉၂၃
ခုနှစ် ကန်တိုငလျင်
ငလျင်ဘေးကို မကြာခနရင်ဆိုင်ရသည့် ဂျပန်နိုင်ငံတွင်
၁၉၂၃ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ကန်တိုငလျင်ကြီး အကြောင်းကို လေ့လာတင်ပြလိုပါသည်။ ငလျင်သမိုင်းတွင်
၁၉၂၃ ကန်တိုငလျင်ကြီး ဟု မှတ်တမ်းတင်ထားပါသည်။ ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁-ရက် စနေနေ့
ဂျပန်စံတော်ချိန် နံနက် ၁၁-နာရီ၊ ၅၈-မိနစ်၊ ၄၄-စက္ကန့်အချိန်တွင် ဂျပန်နိုင်ငံ ပင်မကျွန်း
ဟိုရှူးကျွန်း ကန်တိုလွင်ပြင်တွင် လှုပ်ခတ်ခဲ့ပါသည်။ လှုပ်ခတ်ချိန်အား ၄-မိနစ် မှ ၁၀-မိနစ်အတွင်းအမျိုးမျိုးမှတ်တမ်းတင်ထားကြပါသည်။
ငလျင်ပြင်းအား ပမာဏ ၇.၉ ရှိပြီး ပမာဏ ၉.၀ ပြင်းအားရှိသော ၂၀၁၁ ခုနှစ် တိုဟိုကုငလျင်မတိုင်မီအထိ
အပြင်းထန်ဆုံးငလျင် အဖြစ် မှတ်တမ်းတင်ထားခဲ့ပါသည်။
ဤငလျင်ကြောင့် တိုကျို၊ ယိုကိုဟားမား ဆိပ်ကမ်းမြို့၊
ချီဗာ၊ ကာနာဂါဝါ၊ ရှီဇူအိုကာခရိုင်များ နှင့် ကန်တို ဒေသအနှံ့အပြား မှာ အကြီအကျယ် ပျက်စီးဆုံးရှုံးမှုတွေ
ဖြစ်ပေါ်စေခဲ့ပါသည်။ ငလျင်ဗဟိုချက် နှင့် ၃၇-မိုင် ( ၆၀-ကိလိုမီတာ ) ကွာဝေးသော ကာမာကူရာမြို့ရှိ
၉၃-တန်လေးသော ဗုဒ္ဓဆငိးတုတော်ကြီးပင်လျင် ၂-ပေခန့် ရွေလျားသွားသည် အထိ အင် အားပြင်းထန်ကြောင်းတွေ့
ရပါသည်။
ကြုံတွေ့ရသော
ပျက်စီးဆုံးရှုံးမှုများ
ပျောက်ဆုံးသွားကာ သေစာရင်းသွင်းလိုက်ရသော
လူဦးရေ ၄၀,၀၀၀ အပါအဝင် လူပေါင်း ၁၄၂,၈၀၀ ခန့် သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ထားပါသည်။
ဂျပန်နိုင်ငံ၏ စစ်မဖြစ်မီကာလအတွင် သဘာဝ ကပ်ဘေးကြောင့် အပျက်အစိး အသေအပျောက်အများဆုံး ကပ်ဘေးအဖြစ်မှတ်တမ်း တင်ထားပါသည်။
၁၉၆၀ ခုနှစ်တွင်ဂျပန် နိုင်ငံအစိုးရက ထိုငလျင် ဖြစ်ပွားရာ
နှစ်ပတ်လည်နေ့ဖြစ်သော စက်တင်ဘာလ ၁-ရက် နေ့ကို သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနေ့အဖြစ်
သတ်မှတ်ခဲ့ပါသည်။
ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏိ ကာဂျီမား ကိုဗိုရိ
၏ ၂၀၀၄ ခုနှစ် စက်တင်ဘာလ တွင်ထုတ်ပြန်သော သုတေသနအစီရင်ခံစာအရ ၁၉၂၃ ခုနှစ် ကန်တိုငလျင်ကြောင့်
သေဆုံးသူပေါင်းမှာ ၁၀၅,၃၈၅ ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။
ငလျင်လှုပ်သောအချိန်သည် လူအများ
နေ့လည်စာ ပြင်ဆင်ချက်ပြုတ်နေစဉ် ဖြစ်သဖြင့် လူအများအပြား မီးလောင်ကျွမ်း၍ သေဆုံးခဲ့ရပါသည်။
မီးလောင်ကျွမ်းမှုများ စုပေါင်းသွားကာ မီးမုန်တိုင်းအသွင် ရောက်ရှိသွားကာ မြို့ကြီးပေါင်းများစွာသို့
ကူးစက်လောင်ကျွမ်းခဲ့ပါသည်။
ကတ္တရာလမ်းများ အရည်ပျော်ကာ လူအများ ကတ္တရာပျော်ရည်တွင်
ကပ်ငြိအပူလောင်သေဆု့းခဲ့ ရပါသည်။ တစ်နေရာတည်း အဆိုးဝါးဆုံးဖြစ်ရပ်မှာ တိုကျိုမြို့လည်
ရီကူဂွန် ဟွန်ဂျို ဟီဖူကူရှိုကွက်လပ်တွင် ငလျင်လှုပ်ပြီးနောက် စုဝေးရောက်ရှိနေသော လူ
၃၈,၀၀၀ ခန့် အစုလိုက် အပြုံလိုက် မီးလောင်ကျွမ်း သေဆုံးခဲ့ခြင်း ဖြစ်ပါသည်။ ငလျင်ကြောင့်
ရေဝေပိုက်များ ကျိုးပြတ်သွားကာ မီးငြိမ်းသတ်
ရန်အတွက် ၂-ရက်ကျော်ကျော် အချိန်ယူခဲ့ရကာ
စက်တင်ဘာလ ၃-ရက် နံနက်ရောက်မှသာ မီးအားလုံး ငြိမ်းသတ်နိုင်ကြောင်း သိရပါသည်။ မီးလောင်ကျွမ်းမှုကြောင့်
အိမ်ခြေ ၄၄၇,၀၀၀ ပျက်စိးကာ လူပေါင်း ၁၄၀,၀၀၀ သေဆုံးကြောင်း ခန့်မှန်းကြပါသည်။
ပြင်းထန်သော
တိုင်ဖွန်းမုန်တိုင်း
ငလျင် နှင့် တစ်ပြိုင်တည်းမှာပင် တိုကျိုပင်လယ်ကွေ့တွင်
ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း တစ်ခု တိုက်ခတ်ခဲ့ပါသည်။ အမေရိကန် ပြည်ထောင်စု မိုးလေဝသ
ဌာနမှ စီ၊အက်ဖ် ဘရွတ် အပါအဝင် သိပ္ပံပညာ
ရှင် များက ရုတ်တရက် ဖြစ်ပေါ်လာသော လေထုဖိအားကျဆင်းမှု
နှင့် မုန်တိုင်းကြောင့် ပင်လယ်ပြင်ဖိအား ရုတ်တရက် မြင့်မားလာမှုတို့ ပေါင်းဆုံလာသောအခါ
ဖိအားအမြောက် အများ ကိန်းအောင်းနေသော
ကျောက်လွှာပြတ်ရွေ့တစ်လျှောက်တွင် ငလျင်လှုပ်ခတ်လာခြင်း
ဖြစ်နိုင်ကြောင်း တွက်ဆကြပါသည်။
ထိုတိုင်ဖွန်းမုန်တိုင်းကြောင့် တိုက်ခတ်လာသောလေများက
နိုတိုကျွန်းဆွယ် ပင်လယ်ကမ်းခြေ တစ်လျှောက် တွင် မီးလောင်ကျွမ်းမှုကို ပိုမိုမြန်ဆန်စေပါသည်။
မြေပြိုမှုများ
ဖြစ်ပွားခြင်း
ကာနာဂါဝါ အနောက်ပိုင်းနယ်မြေ တောင်ထူထပ်ရာဒေသများ နှင့်
ပင်လယ်ကမ်းခြေ တောင်စောင်းများ တွင် နေအိမ်များ တောင်ပြိုပိခြင်း နှင့် ပြိုကျ လျှောကျခြင်းကြောင့်
လူပေါင်း ၈၀၀-ခန့်သေဆုံးခဲ့ပါသည်။ အိုဒါဝါရာဒေသအနောက်ဖက် ရှိ နေဘူကာဝါရွာတွင်တောင်ပြိုမှုဖြစ်ပွားကာ
တစ်ရွာလုံး နှင့် လူတစ်ရာကျော် လိုက်ပါစီးနင်းလာသော မီးရထားတစ်စင်းလုံး ဘူတာရုံ အပါအဝင်
ပင်လယ်ထဲသို့ ထိုးကျသွားခဲ့ပါသည်။
ဆုနာမီ
ရေလှိုင်းတက်ခြင်း
မိနစ်ပိုင်းအတွင်းမှာပင် အမြင့် ၁၀-မီတာ ( ၃၃-ပေ ) ခန့်မြင့်သော
ဆုနာမီရေလှိုင်းများသည် ဆာဂါမီပင်လယ်ကွေ့အတွင်းရှိ ကမ်းခြေဒေသများ၊ ဘိုဆိုကျွန်းဆွယ်၊
အိဇူကျွန်းစုများ နှင့် အိဇူကျွန်းဆွယ် အရှေ့ပိုင်းကမ်းခြေဒေသများတွင် တက်ရောက်လာပါသည်။
ခန့်မှန်း လူဦးရေ ၁၅၀-ခန့် သေဆုံးခဲ့ပါသည်။ အိမ်ခြေပေါင်း ၅၇၀၀၀၀ ကျော်ပျက်စီးပြီး
လူပေါင်း ၁.၉-သန်းခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါသည်။ ကန်တိုဒေသမှလူများအား ကိုဘီဒေသအထိ
သင်္ဘောများဖြင့် ကယ်ထုတ် ရွှေ့ပြောင်းပေးခဲ့ရပါသည်။ ပျက်စီးဆုံးရှုံးမှုပမာဏ အား အမေရိကန်ဒေါ်လာ
တစ်ဘီလီယန်ခန့် ( လက်ရှိ တန်ဖိုး ဒေါ်လာ ဘီလီယံ ၁၃၆၄၁ ခန့် ) တွက်ချက် ဖော်ပြခဲ့ပါသည်။
နောက်ဆက်တွဲငလျင်ပေါင်း ၅၇-ကြိမ်လှုပ်ခဲ့ပါသည်။
ငလျင် နှင့် တိုင်ဖွန်းမုန်တိုင်းကြောင့်
လူပေါင်း ၉၉၃၀၀ ခန့် သေဆုံးခဲ့ပြီး ၄၃၅၀၀ ခန့် ပျောက်ဆုံးခဲ့ပါသည်။ သဘာဝဘေး နှင့် တဆက်တည်းမှာပင်
ကောလဟာလများကြောင့် အခြားလူမျိုးများအား သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သေးသဖြင့် ရဲတပ်ဖွဲ့အင်အားဖြင့်သာမက
စစ်အုပ်ချုပ်ရေး
ကြေငြာ၍ စစ်တပ် အင်အား ထပ်ဖြည့်၍ ထိန်းသိမ်းခဲ့ရပါသည်။
ထိုအချိန်မှစ၍ ဂျပန်နိုင်ငံတွင် သဘာဝဘေးများဖြစ်ပေါ်ပြီးတိုင်း
တိကျမှန်ကန်သော သတင်းအချက် အလက်များအား ထုတ်ပြန် လက်ခံရရှိရန် အရေးကြီးကြောင်း သိနားလည်ပြိး
လိုက်နာကျင့်သုံးခဲ့
ကြပါသည်။
ငလျင်ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာ စာရွက်စာတမ်းများတွင်
ပြည်သူများအား ယုံကြည်ခိုင်မာသော သတင်းအချက်အလက် များကို သာနားထောင်ကြရန်အတွက် ရေဒီယို
အသံဖမ်းစက်များအား ဆောင်ထား ကြရန် တိုက်တွန်းလေ့ရှိပါသည်။ သဘာဝဘေးအန္တရာယ်ကြိးများ ကျရောက်တိုင်း
သတင်းမှား ကောလဟာလများ၏ ဖျားယောင်းသွေးဆောင်မှုများနောက် မလိုက်မိကြစေရန် သတိပေးထားလေ့ရှိပါသည်။
၁၉၆၀ ခုနှစ်မှစ၍ စက်တင်ဘာလ တစ်ရက်နေ့တိုင်းအား
ထိုငလျင်အား အမှတ်တရရှိစေရန် အလို့ငှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးနေ့အဖြစ် သတ်မှတ်လျက်
ပြည်သူများအား ကြိုတင်
ကာကွယ် ခြင်း၏ အရေးပါမှုကို
သတိပေးလေ့ရှိပါသည်။ စက်တင်ဘာလ နှင့် အောက်တိုဘာလများသည် တိုင်ဖွန်းမုန်တိုင်း ရာသီကာလ
အလယ်ဖြစ်ပြိး ကျောင်းများ၊ ပြည်သူများ နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများသည် သဘာဝဘေးအန္တရာယ်
ကြိုတင်ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှုများကို
ဆောင်ရွက်ကြပါသည်။
၁၉၉၄
လောစ်အင်ဂျလိစ် ငလျင်
ကာလီဖိုးနီးယားပြည်နယ်။ လောစ်အင်ဂျလိစ် မြို့သည် လေ့လာဖွယ်စံပြအရာ
ဖြစ်ပါသည်။ သဘာဝဘေး ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း နှင့် စီမံချက်ချမှတ်ခြင်း
နှင့် ထိုသို့ဆောင်ရွက်မှု
ကြောင့် သဘာဝဘေးဖြင့် သေဆုံးမှုလျော့နည်းခြင်း နှင့် သဘာဝဘေး ကျရောက်ပြီးနောက် ဆောင်ရွက်
ရသည့် ထူထောင်ရေးဆိုင်ရာလုပ်ငန်းများအပေါ် အကျိုး ပြုမှုများကို ထင်ရှားစွာ
သက်သေ
ထူနိုင်သောကြောင့် ဖြစ်ပါသည်။ ဤဖြစ်ရပ်အားဖြင့် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အစီအစဉ်ကို
ဆောင်
ရွက်ခြင်းအားဖြင့် ကယ်ဆယ် ရေး နှင့် ပြန်လည်ထူတောင်ရေးလုပ်ငန်းများကို လျင်မြန်သွက်လက်စွာ
ဆောင်ရွက်နိုင်စွမ်းကို မြင်တင်ပေးနိုင် ကြောင်း တွေ့ရှိရပါသည်။
ကာလီဖိုးနီယားပြည်နယ်သည် ငလျင်အင်အားများ
စုစည်းရ ဆန်အန်ဒရီယာ ပြတ်ရွေ့ပေါ်တွင် တည်ရှိပြိး ငလျင်ဒဏ် မကြာခန ခံစားရာဒေသဖြစ်ပါသည်။
ဒေသတွင်း အတွေ့အကြုံများအားဖြင့် သင်ခန်းစာများ ရယူနိုင်ခဲ့ပါသည်။ ၎င်းတို့၏ပြည်နယ်ကို
သဘာဝဘေးဒဏ်များ အထူးသဖြင့် ငလျင်ဒဏ်ကို ထိရောက်စွာ ရင်ဆိုင်နိုင်မည့် စနစ်တစ်ရပ်ကို
ပြုစုနိုင်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု ဘူမိဗေဒ တိုင်းတာရေး ဌာန နှင့် အခြားအဖွဲ့အစည်းများက
ပြုစုပေးသော ကာလီဖိုးနိးယားပြည်နယ် ဆိုင်ရာ ငလျင်လှိုင်း အန္တရာယ်ပြမြေပုံအားဖြင့် ပြည်နယ်
နှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များအား ကြိုတင်ပြင်ဆင်ရေး နှင့် ကယ်ဆယ်ထူ ထောင်ရေးဆိုင်ရာ
စိမံချက်များအား တင်ပြနိုင်ခဲ့ပါသည်။ ထိုအချက်အလက်များကို အသုံးပြု၍ ဒေသဆိုင်ရာ အစိုးရအဖွဲ့များသည်
နောင်တွင် ငလျင်ကြောင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက် ဆုံးရှုံးမှုများကို လျှော့ချ နိုင်ရန်အတွက်
မည်သည့်လုပ်ငန်းများကို အာရုံစိုက်လျက် မည်သည့် ရင်းနှီးမြုပ်နှံမှုများကို ဆောင်ရွက်ရန်လို
ကြောင်း ဆုံးဖြတ်နိုင်ခဲ့ပါသည်။
လောစ်အိန်ဂျလိစ်မြို့တော်သည် ဘေးအန္တရာယ်ကျရောက်နိုင်မှု
ဆန်းစစ်လွှာကို အခြေခံ၍ သဘာဝဘေးဒဏ်ကြိုတင်ခန့်မှန်းရေး နှင့် အရေးပေါ်အခြေအနေများအတွက်
ကြိုတင်ပြင်ဆင်ရေး စနစ်များကို ပြုစုသည့် စဦးဆောင်ရွက်သည့် မြို့တော်ဖြစ်ပါသည်။ ၁၉၇၈-ခုနှစ်တွင် လော့စ်အိန်ဂျလိစ်
မြို့တော်၌ ငလျင်ဆိုင်ရာ မြို့တော်ဝန် ဖဲကြိုးပြာအထူးတပ်ဖွဲ့ (
Mayor’s Blue Ribbon Task Force On Earthquake Prediction ) အား တည်ထောင်ခဲ့ပါသည်။
ထို့အပြင် ဘေးအန္တရာယ် ကျရောက်မှု ဆန်းစစ်လွှာမှ အချက် အလက်များကို အခြေခံလျက် ၁၉၈၀ ပြည့်လွန်နှစ်များက
ပြည်နယ် လမ်းပန်းဆက်
သွယ်ရေး အာဏာပိုင်အဖွဲ့မှ အခြေခ့ အဆောက်အအုံ များကို ပြန်လည်စစ်ဆေး
ပြုပြင်အားဖြည့်ခြင်း
လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုလုပ်ငန်းအားဖြင့် လော့စ်အိန်ဂျလိစ်
နှင့် ဗင်ကျူရာ ခရိုင်များအတွင်း
ရှိ ဂုံးကျော် မိုးပျံတံတားများ ၁၀၀-ကျော်ကို ပြန်လည်အားဖြည့်
ပြုပြင်ခဲ့ပါသည်။
ကြိုတင်ကာကွယ်ရေးဆိုင်ရာစီမံချက်များ၊ အရေးပေါ်စီမံချက်များ၊
ကယ်ဆယ်ရေး နှင့် ပြန်လည် ထူတောင်ရေးဆိုင်ရာ စီမံချက်များရေးဆွဲကာ ဌာနဆိုင်ရာများ နှင့်
အဖွဲံ့အစည်းများအား သတ်သတ်မှတ်မှတ် တာဝန်ပေး ပြဌာန်းခဲ့ပါသည်။
၁၉၉၄ ခုနှစ် ဇန္တွဝါရီလ တွင် နော့သ်ရစ်ဂ်ျ
ဆင်ခြေဖုံးဒေသကို ဗဟိုပြုလျက် လောစ်အင်ဂျလိစ်မြို့၌
ပြင်းအား ပမာဏ ၆.၇ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပါသည်။
ထိုငလျင်ကြောင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလိယန်ဖိုးခန့် ဆုံးရှုံးခဲ့သဖြင့် အမေရိကန်ပြည်ထောင်စာ
သမိုင်းတွင် ပျက်စိးဆုံးရှုံးမှု အများဆုံး ငလျင် အဖြစ် မှတ်တမ်းတင်ထားပါသည်။
သို့သော်လည်း
ဤသို့သော သဘာဝဘေးကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေသဖြင့် လူသေဆုံးမှု အနည်းဆုံး ဖြစ်ပြိး
ကယ်ဆယ်ပြုပြင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ခဲ့ ပါသည်။ လူပေါင်း ၅၇-ဦးသာ
သေဆုံးခဲ့ပြိး ပြင်းထန်စွာ ဒဏ်ရာရသူ ၁၅၀၀-ခန့်သာရှိသဖြင့် ထိုကဲ့သို့ လူနေထူထပ်သော
ဒေသတွင် ဤမျှပြင်းထန်သော ငလျင်လှုပ်ခြင်းအတွက် ထိခိုက်သေဆုံးမှု အလွန်နည်းကြောင်း သတ်မှတ်ကြပါသည်။
နေချင်းမှာပင် အပျက်အစီးများကို စတင်ရှင်းလင်း ဖယ်ရှားနိုင်ပြိး အဓိကကျသော ဆက်သွယ်ရေးလမ်းများကို
အလျင်အမြန် ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ထို့အတူ ဆေးရုံ နှင့် ရေ၊ မီးစသော အဓိက
အခြေခံ အဆောက်အအုံများမှာလည်း အနည်းငယ်သာ ပျက်စီးဆုံးရှုံးခဲ့ပါသည်။
စီမံချက်ချမှတ်၍ ကြိုတင် ပြင်ဆင်အားဖြည့်ထားသော ဂုံးကျော်တံတားများ လုံဝပျက်စီးမှု မရှိဘဲ
အားဖြည့်
ပြင်ဆင်မထားသော ဂုံးကျော်တံတား ၇-စင်းလုံး ပြိုပျက်ခဲ့ကြောင်းတွေ့ရပါသည်။
ဂူဂျရတ်
ငလျင်၊ အိန္ဒိယ
၂၀၀၁ ခုနျစ် ဇန္တွဝါရီလ
၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် အင်အားအပြင်းထန်ဆုံး ငလျင် သည် ဂူဂျရတ်ပြည်နယ်အား
စိစိညက်ညက် ဖျက်ဆီးခဲ့ပါသည်။ ငလျင်ပြင်းအား ပမာဏ ရစ်ခ်ျတာစကေး ၇.၉ အဖြစ် မှတ်တမ်းဝင်ပြီး
လူပေါင်း ၂၀၀၀၀- ကျော်သေဆုံးခဲ့ပါသည်။ လူပေါင်း ၆-သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ
အမေရိကန် ဒေါ်လာ ၂.၁ ဘီလီယန်ခန့်ပျက်စီးဆုံးရှုံးခဲ့ပါသည်။
လူအမြောက်အများ သေဆုံးခြင်း နှင့် ပစ္စည်းဥစ္စာ
အမြောက်အများ ပျက်စီးဆု့းရှုံးခဲ့သဖြင့် အိန္ဒိယ အစိုးရ သည် ၎င်းတို့၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ
မူဝါဒကို အသစ်ပြောင်းလဲစေခဲ့ပါသည်။ နှစ်ရှည် ရည်မှန်းချက် ချမှတ်ပြိး ကျယ်ပြန့်ပြည့်စုံသော
သဘာဝဘေး စီမံခန့်ခွဲမှု စိမံခန့်ခွဲရေးဆိုင်ရာ အစီအစဉ်
ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ နောင်လာမည့်
သဘာဝဘေးဒဏ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရ ဌာန ဆိုင်ရာများ၏ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ နှင့် အရေးပေါ် အကူအညီပေးရေးဆိုင်ရာ
စွမ်းရည်မြင့်မားလာရေးအတွက် အဓိကထားဆောင်ရွက်ပါသည်။ အစိုးရသည် ဝမ်းနည်းဖွယ် အတွေ့အကြုံအား
အခွင့်အလမ်းတစ်ရပ်အဖြစ် ပြောင်းလဲ အသုံးချနိုင်ခဲ့ပါသည်။
အိန္ဒိယ နိုင်ငံ၏ ပင်မ သဘာဝဘေးဒဏ် လျော့နည်းရေး
မူဝါဒများသည် အဖွဲ့အစည်းများ၏ စွမ်းရည် မြင့်မားရေးကို အဓိကထားပြိး မူဝါဒကို အကောင်အထည်ဖော်ရာတွင်
အဆင့်တိုင်းမှ ထိရောက်စွာ ပါဝင် အကောင်အထည်ဖော်နိုင်ရေး အတွက် အင်အား အရင်းအမြစ်များကို
အလွယ်တကူ ရွှေ့ပြောင်း
အသုံးပြုနိုင်ရေး အစီအစဉ်များ ချမှတ်နိုင်ခဲ့ပါသည်။
နိုင်ငံတော် အဆင့်အားဖြင့်လည်း သဘာဝဘေးဒဏ်
စီမံခန့်ခွဲမှု တာဝန်အား အစဉ်အဆက် စိုက်ပျိုးရေး ဝန်ကြိးဌာနအား ပေးအပ်ထားရာမှ ပြည်ထဲရေး
ဝန်ကြိးဌာနသို့ပြောင်းလဲပေးအပ်ခဲ့ပါသည်။ ဤပြောင်းလဲ တာဝန်ပေးအပ်ခြင်းသည် ယခင်က သဘာဝဘေးဒဏ်ကို
ကိုင်တွယ်ဖြေရှင်းရာတွင် အစားအစာ ဖြန့်ဝေရေး နှင့် အချိန်မီ ပြန်လည်စိုက်ပျိုးရေး ကိုသာ
အရေးပေးထားရာမှ ယခုအခါ ကြိုတင်ပြင်ဆင်ရေး နှင့် အျန္တရာယ် ဖြစ်နိုင်ချေ လျှော့ချရေးကို
ဦးတည်လာကြောင်း သိသာစေပါသည်။
မာမရာငလျင်၊
တူရကီ
၁၉၉၀-ပြည်လွန်နှစ်များတွင် တူရကီနိုင်ငံသည် ပြင်းထန်သော
သဘာဝဘေးဒဏ်များစွာ ကြုံတွေ့ခဲ့ ရပါသည်။ ၁၉၉၂-ခုနှစ်တွင် အာဇင်ကန် ငလျင်၊ ၁၉၉၈-ခုနှစ်တွင်
ပင်လယ်နက် ဒေသေ၇လွှမ်းမိုးမှု၊ ၁၉၉၈-ခုနှစ်တွင် အာဒနာ-ချေဟန် ငလျင်တို့ပါဝင်ပါသည်။ ၁၉၉၉-ခုနှစ်
သြဂုတ်လ ၁၇-ရက်နေ့တွင် မာမရာ ဒေသ တွင် ရစ်ခ်ျစတာ စကေး ပြင်းအားပမာဏ ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပါသည်။
လူပေါင်း ၁၅၀၀၀-ကျော် အသက် ဆုံးရှုံးခဲ့ပြီး လူပေါင်း လေးသိန်း မှ ခြောက်သိန်းခန့် အိုးမဲ့အိမ်မဲ့
ဖြစ်ခဲ့ရပါသည်။
အဆိုးဝါးဆုံးမှာ တူရကီ နိုင်ငံ၏ အဓိက စက်မှုနယ်မြေ ပျက်စီးသွားပြီး အပေရိကန်ဒေါ်လာ ၆.၅ ဘီလီယန် ခန့်ဆုံးရှုံးပျက်စီးခဲ့ပါသည်။
၁၉၉၀-ပြည့်လွန်နှစ်များအတွင်း တူရကီနိုင်ငံ၏ ပျက်စီးမှု အများဆုံး ငလျင်ဖြစ်ခဲ့ပါသည်။
တူရကီးအစိုးရသည် ၎င်း၏ သဘာဝဘေးဒဏ် စီမံခန့်ခွဲမှု ဆိုင်ရာမူဝါဒကို သဘာဝဘေးဒဏ် ကြောင့် ဖြစ်ပွားနိုင်သည့်
အန္တရာယ်ကြိုတင်ကာကွယ် လျှော့ချရေး စီမံခန့်ခွဲမှု စနစ်သို့ ပြောင်းလဲရန် နှစ်ပေါင်းများစွာ
ကြိုးစားဆောင်ရွက်ခဲ့ပါသည်။
ဖော်ပြခဲ့သောငလျင်များကြောင့် လူများသေကြေမှု
နှင့် ပျက်စိးဆုံးရှုံးမှုများကို လေ့လာခြင်းအားဖြင့် သဘာဝဘေးကြောင့် ဖြစ်ပေါ်ရသော သေကြေပျက်စီးမှုများကို
ဖြစ်ပွားမှသာ ကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်သည်ထက် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ
ကြိုတင်ပြင်ဆင်မှုများ၊ စွမ်းရည်မြငှ်တင်ရေး လုပ်ငန်းများ၊ ကြိုတင် တာဝန်ခွဲဝေ သတ်မှတ်
လေ့ကျင့်ထားခြင်းများ၊ သဘာဝဘေး ဖြစ်ပေါ်လျင် ကယ်
ဆယ်ရေး နှင့် အကူအညီပေးရေး လုပ်ငန်းများ၊
ပြန်လည်ပြုပြင်ရေး လုပ်ငန်းများသည် အရေး
ကြီးကြောင်း တွေ့ရပါသည်။ သဘာဝဘေးဒဏ်ကြောင့်
ဖြစ်ပွားနိုင်သည့် အန္တရာယ် လျော့နည်းရေးဆိုင်ရာ
စီမံခန့်ခွဲမှု များကို ဆက်လက် တင်ပြသွားမည်
ဖြစ်ပါသည်။
No comments:
Post a Comment