ရှစ်လေးလုံး အမှတ်တရ
ရှစ်လေးလုံး အမှတ်တရ
လွန်ခဲ့သော ၂၅-နှစ်တာလက မန္တလေး မှာ လူထု တော်လှန်ရေးကို
-စနစ်တကျ တည်တည်ငြိမ်ငြိမ် ဦးဆောင်ပေးခဲ့တဲ့ ဆရာတော် ဦးကဝိန္ဒ ၊
-ကြမ်းကြမ်းတမ်းတမ်း ပုံစံအသွင် ထိန်းသိမ်းပေးခဲ့တဲ့ ဂဠုန်နီ ဆရာတော် ဦးကာဝိယ
-မန္တလေး သပိတ်မှောက်ဝန်ထမ်း သမဂ္ဂကို ဦးဆောင်ပေးခဲ့တဲ့ ကျွန်တော် ပင်စင်
ယူဖို့ ၁၀-လဘဲလိုတော့တယ်၊ ဝင်လုပ်ရင် ပင်စင်ပြုတ် ဒုက္ခရောက်မှာဘဲ ဒါပေမဲ့
ဝင်လုပ်ပေးပါမယ် လို့ ပြောပြီး သိသိကြီးနှဲု အနစ်နာခံပြီး ပါဝင်ခဲ့တဲ့
တိုင်းစာရင်းရုံး တိုင်းဦးစီးမှူး (အမည် မမှတ်မိတော့ပါ)
- အထက်မြန်မာပြည် စက်မှု-၁ သမဂ္ဂ ဥက္ကဌ ဦးအေးဆောင်? ( ပလိပ် ချည်မျှင်/အထည် စက်ရုံမှ ထွေ/စီ ဌာန )
- အရင် နယ်ချဲ့ တွေက တရားသူကြီးကိုယ်တိုင် စောင့် ပစ်မိန့်ပေးပြီး
ကျည်ဝေတာ ပစ်ပြီးရင် တရားသူကြီးကိုယ်တိုင် ဒဏ်ရာရသူတွေကို ဆေးရုံပို့တာ၊
အခုတော့ အော်တိုမက်တစ် သေနတ် တွေနှင့် ကျည်ဘောက်အပြည့် ဝေပြီးသား
စဉ်းစားအုန်းနော် လို့ တရားဟောခဲ့တဲ့ ဆရာဦးကြည်မြ
- မန္တလေး တက္ကသိုလ်ဟောပြေပွဲတွေမှာ တွေ့ရတဲ့ ဆရာဦးသုခ
-အိမ်ရှေ့မှာ ခုံတစ်လုံးနှင့် ထိုင်ရင်း အိမ်ရှေ့လမ်းမပေါ်
စီတန်းလမ်းလျှောက် ဆန္ဒပြနေတဲ့ လူတန်း ကြီးကို ဆိုင်းဘုတ်တွေမှတ်၊ လူဦးရေ
အကြမ်းရေတွက်ရင်း မှတ်တမ်းတင်နေတဲ့ အမေ လူထု ဒေါ်အမာ
ှ-ဆွမ်းခံ ကြွရင်း မီးပွိုင့်တွေ ဖွင့် ယာဉ်သွား ယာဉ်လာ ထိန်းပေနေတဲ့ ဦးပဇ္ဇင်းတွေ
-ကျန်တဲ့ အချိန်တွေ ဘာဖြစ်ဖြစ် အရေးအခင်းကာလ အတွင်း လျှပ်စစ် မီးမပျက်၊
တယ်လီဖုန်းလိုင်း ပိုကောင်းလာအောင် ဆောင်ရွက်ပေးကြတဲ့ သက်ဆိုင်ရာ
ဝန်ထမ်းတွေ
-နန်တွင်းက ထွက်ကြမှာတဲ့ဆိုပြီး ပန်းကုံးတွေ၊
ရွှေဆွဲကြိုးတွေ နဲ့ ဂုဏ်ပြုဖို့ နေပူထဲ တန်းစီစောင့်ရင်း ထွက်မလာကြလို့
မျက်ရည်ကျတဲ့ ဈေးချိုသူမမတွေ
-ရန်ကုန်ကနေ ဖုန်းတကျည်ကျည်နဲ့
မောင်ညွန့်အောင်ရေ နန်းတွင်းက ထွက်ကြပြီဆိုလို့ မေးတဲ့
အရပ်ဖက်တာဝန်ယူထားတဲ့ ဝတ်စုံဝတ်/ချွတ် ဆရာသမားကြီးတွေ
-
အစစ်ဆေးခံရစဉ် မေးခွန်းမေးလိုက် ဆရာရေ ဒီလိုဖြေရင် တောင်ကျလိမ့်မယ်
ဒီလိုလေးပြောင်း ဖြေပေးပါလားလို့ ခိုင်းတာလုပ်ရင်း မေတ္တာပြကြသော
ထောက်လှမ်းရေး-၁ နှင့် မန်းတိုင်း စစစမှ လူစိတ်ရှိကြသော ဆရာကြီးများ/
စုံစမ်းရေး အရာရှိများ
- ဝန်ထမ်းတွေ နိုင်ငံရေး လုပ်လို့ အရေးမယူပါဘူး အတွင်တွင် တရားဝင် ညင်းဆိုရင်း အလုပ်ဖြုတ် လိုက်သော ဘဘကြီး ဦးခင်ညွန့်
- ဦးခင်ညွန့် ကို အရွဲ့တိုက်ရင်း ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာ
ပါဝင်လှုပ်ရှားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နှင့် အရေးအခင်းကာလအတွင်း
နိင်ငံပိုင်ပစ္စည်းများကို အလွဲသုံးစားလုပ်သဖြင့် ( ဝေစာများကို
ရုံးလက်နှိပ်စက်၊ စာကူးစက်ဖြင့် အသုံးပြုသဖြင့်) ဟု ဖော်ပြလျက်
ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း အမိန့်စာ ထုတ်ပေးခဲ့သော ဒု-ဗိုလ်ချုပ်ကြီး
စိန်အောင်
-ထိုဂုဏ်ပြုလက်မှတ်ကြောင့် အနှစ် ၂၀-လုံးလုံး ပတ်စ်ပို့မရ၊ အလုပ်ရှာမရသော ဒုက္ခ
-အလုပ်မှထုတ်ပယ်ခံရသဖြင့် ဝန်ထန်းအိမ်ယာမှ ချက်ချင်းဖယ်ပေးရတော့
ညသန်းကောင် လူခြေ တိတ်မှ တိတ်တိတ်ပုန်း လာရောက် နှုတ်ဆက်ကြသော
လုပ်ဖော်ကိုင်ဖက်များ
- လွတ်လွတ်လပ်လပ်လုပ်ကိုင်စားပါ ပါတီ
အထူးသဖြင့် ဒီချုပ်ပါတီ မဝင်ပါနှင့် ဝင်လျင် စစ်ခုံရုံးဖြင့် ထောင်ဒဏ်
၁၀-နှစ်ချပါမည် ဟု စေတနာ ဗလပွ ဖြင့် အိမ်တိုင်ယာရောက် လာရောက်သတိပေးပါသော
ဗိုလ်မှူး တစ်ဦး
- မင်းတော်တာလဲသိပါတယ်၊ မင်းကိုလဲ
ကိုယ်ချင်းစာပါတယ် ဒါပေမဲ့ -----ဟု ပြောပါသော ထိုခေတ်က
အဆက်အသွယ်ကောင်းဖြင့် စီးပွားရေးလုပ်ငန်းများတွင် နေရာကောင်းများ ရနေသော
ဆ၇ာသမားများ
- ကျွန်တော်တို့က နိုင်ငံရေး မလုပ်ဘူး၊ စီးပွားရေးဘဲ
လုပ်တယ်ဟု အရပ်ဖက်ပညာရှင်အဖြစ် ခေါ်ယူ အလုပ်ပေးပါသော စစ်ထောက်ချုပ်၊ စစ်
အင်/ယာ ညွှန်မှူး နှင့် အမ်မ်အီးစီမှ ဆရာသမားများ
- အစိုးဌာနမှ
ကန့်ကွက်သည့်ကြားမှ ဖက်စပ်ဝန်ထမ်းအဖြစ် မခန့်ရလျင် ပြည်ပကုမ္ပဏီ ဝန်ထမ်း
အဖြစ်ခန့်အပ်မည် ဟုအတိုက်အခံ လုပ်လျက် အလုပ်ခန့်ထားခဲ့သော နိုင်ငံခြားသား
- ၈၈ မျိုးဆက် ကျောင်းသားအမည်ခံ ဆက်လက်လှုပ်ရှားမှုတွေ များပေမဲ့ ၈၈ မျိုးဆက် ဝန်ထမ်းများ ဆိုတာ မရှိဘဲ ပျောက်ကွယ်သွားသူများ
၈၈ အရေးအခင်းတွင် အသက်၊ သွေး ၊မျက်ရည် ၊ဘဝ၊ ပေးဆပ်ခဲံ့ကြသော ရဟန်း၊ ကျား မ
လူငယ်၊ လူကြီး၊ ကျောင်းသား၊ ဝန်ထမ်း ပညာရှင်များ လူတန်းစားအားလုံးအား
သတိရလျက်၊ ဂုဏ်ပြုလျက်၊ ဦးညွှတ်လျက်
လွန်ခဲ့သော ကာလ အတွေ့အကြုံများကို သင်ခန်းစာယူလျက်
ဒီမိုကရေစီ ပန်းတိုင်သို့ ရုန်းရင်း ကန်ရင်း ဆက်လက် ချီတက် တိုက်ပွဲ ဝင်ကြပါစို့ ။
No comments:
Post a Comment