Wednesday, August 7, 2013

ထိုင်းနိုင်ငံမှ ဆန္ဒပြသူများ ရဲများကို ကျော်လွှားရန် သန္နိဌာန်ချ

ဆန္ဒပြသူများ ရဲများကိုကျော်လွှားရန် သန္နိဋ္ဌာန်ချ

သြဂုတ် (၇)ရက် ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်မည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအားဆန့်ကျင် ဆန္ဒပြရန်အတွက် လွှတ်တော်ရှေ့တွင် ပိတ်ဆို့ တာဝန်ချထားသော ရဲတပ်ဖွဲ့အား ထိုးဖောက်ဝင်ရောက်ရန် အတိုက်အခံပါတီဝင်များ နှင့် အစိုးရဆန့်ကျင်ဘက်အုပ်စုများသည် အင်္ဂါနေ့မှ ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သောညကဘန်ကောက် ဥရုဖောင် လမ်းဆုံလူထုဆန္ဒပြပွဲသို့ တက်ရောက်ပါဝင်ရန် ဒီမိုကရက်ပါတီမှ လွှတ်တော် အမတ်- ၅၀ အားရွေချယ်စေလွှတ်ထားပြီး သစ္စာတရားစင်မြင့်ဟု အမည်ပေးထားသော တရားဟောစင်မြင့်တွင် ပါတီခေါင်းဆောင် အဘီဆစ်လည်း တရားဟောမည် ဖြစ်သည်။ ထိုအခမ်းအနားသို့ ထောက်ခံသူပေါင်း ၂၅၀၀-ခန့်တက်ရောက်ခဲ့ကြောင်းနှင့် ဒီမိုကရက်ပါတီအနေဖြင့် တစ်ညလုံးစုဝေးကြကာ ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီတွင် ပါလီမန်သို့ ချီတက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အတိုက်အခံပါတီ၏ လုပ်ဆောင်ချက်သည် ပီဖော့ (ခေါ်) သက်ဆင်လွှမ်းမိုးမှုအား ဖြုတ်ချမည့် ဒီမိုကရက်တစ် လူထုတပ်ဖွဲ့ ( People’s Democratic Force to Overthrow Thaksinism – PDFOT ) က လုမ္ဗိနီဥယျာဉ်တွင် ကျင်းပမည့် လူထု ဆန္ဒပြပွဲနှင့် တိုက်ဆိုင်လျက်ရှိသည်။

လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေသည် နိုင်ငံရေးဆိုင်ရာမတရားမှု ကျူးလွန်သူများအား အပြစ်မပေးဘဲ မမျှမတအလကားမတ်တင်းလွတ်ငြိမ်းခွင့် ပေးလိုက်လိမ့်မည်ဖြစ်ကြောင်း ပီဖော့အုပ်စုက ဖော်ပြပြောဆိုသည်။

ထိုအုပ်စုက အကျိုးခံစားမည့်သူများတွင် ၂၀၀၈-ခုနှစ်မှ ထောင်ဒဏ် ၂-နှစ် စီရင်ချမှတ်ခံပြီးနောက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ယခင် ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ထရာလည်းပါဝင်မည်ဖြစ်ကြောင်း နှင့် သူတိုင်းပြည်တွင်း ပြန်ဝင်လာလျင် ထောင်ဒဏ်ကိုကျခံရမည်သာ ဖြစ်ကြောင်းပြောသည်။

သက်ဆင်သည် ၂၀၁၀-ပြည့်နှစ်အတွင်းအဘီဆစ် အစိုးရအား ဖြုတ်ချရန် ရည်ရွယ်သည့် ရှပ်နီ ဆန္ဒပြပွဲကိုကျောထောက်နောက်ခံပြု အားပေးခဲ့ပြီး ဆန္ဒပြပွဲမှာလည်းစစ်တပ်က ဖြိုခွင်းသဖြင့် လူ ၉၁-ဦးသေဆုံးကာ ဘန်ကောက်မြို့လည်တွင် မီးလောင်ကျွမ်းမှုများဖြင့် အဆုံးသတ်ခဲ့သည်။

ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ် ဗီဂျာဂျီဗာ က ဖီယူထိုင်းအမတ် ဝိုရာချိုင်းဟေမာတင်သွင်းသော လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းအားသူတို့ ပါတီအနေဖြင့် အစွမ်းကုန် တားဆီးမည်ဖြစ်ကြောင်း ယမန်နေ့ညတွင် ကန့်ကွက် ဆန္ဒပြသူများအားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဆိုပါ ဥပဒေမူကြမ်းသည် ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကာလမှ ၂၀၁၁-ခုနှစ်အတွင်း လူသတ်သမားများ၊ လက်ပစ်ဗုံးခွဲသူများ၊ ပြည်သူပိုင် နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများကိုမီးရှို့သူများ နှင့် တော်ဝင် မိသားစုအား စော်ကားမော်ကားပြောဆိုသူများအား လွတ်မြောက်ခွင့်ပေးရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အကျင့်ပျက် ပုဂ္ဂိုလ်ကြီးလည်းအကျိုးခံစားရနိုင်ကြောင်း ဖြည့်စွက် ပြောခဲ့ပါသည်။

ဒီအစိုးရလွန်ခဲ့တဲ့ ၂- နှစ်တာကာလအာဏာရကတည်းက ပြည်လည်ညီညွတ်ရေးကိုလေးလေးနက်နက် ကြိုးပမ်းဆောင်ရွက်ခြင်းမရှိပါဘူး၊ သူတို့က ပြည်လည် ညီညွတ်ရေးကိုလွတ်ငြိမ်းချမ်းသာခွင့် နှင့် အလိုက်ပေးလဲဖို့ကိုပဲ ကြိုးစားနေတာပါ ” ဟုပြောပါသည်။

အဘီဆစ်ကထောက်ခံသူများအား “ ဒီဥပဒေကြမ်းကိုဆန့်ကျင် ကန့်ကွက်ရာမှာပူးပေါင်းပါဝင်ဖို့ ကျွန်တော် မေတ္တာရပ်ခ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှပ်နီတွေလိုမလုပ်ပါဘူး။ ဥပဒေဘောင်အတွင်းကဘဲ ဆောင်ရွက် သွားမှာပါ ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။

အစိုးရက ဥပဒေမူကြမ်းကို မရုပ်သိမ်းတဲ့အတွက် ၎င်းတို့အဖွဲ့သည် ယနေ့ နံနက် (၉း၀၀)နာရီ၌ လုမ္ဗဏီဥယျာဉ်တွင် စုဝေးကြမည် ဖြစ်ကြောင်း ၊ ထိုလှုပ်ရှားမှု ခေါင်းဆောင် ဘာနာဝစ်ကင်ရီယန်က လူပေါင်း ၂၀၀၀၀-ခန့် ပါဝင်ကာ ဒီမိုကရက်ပါတီ နှင့် အတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပီဖော့ အုပ်စုစည်းရုံးရေးမှူး ထိုင်ကွန် ပွန်ဆူဝမ် က ပြောကြားခဲ့သည်။

ထိုင်းအစိုးရ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဗဟိုဌာန၏ ပြောရေးဆိုခွင့် ပုဂ္ဂိုလ် ပီယာဥသာယိုက ဆန္ဒပြသူများအား ကိုင်တွယ် ထိန်းသိမ်းရန်အတွက် ရဲအင်အားတပ်ခွဲ ၂၅-ခု မှ ၃၂-ခုခန့် ချထားမည်ဖြစ်ကြောင်းပြောကြား ပါသည်။

ငြိမ်းချမ်းရေးထိန်သိမ်းမှု ဗဟိုဌာန၊ နိုင်ငံတော် လုံခြုံရေးကောင်စီ နှင့် နိုင်ငံတော် ထောက်လှမ်းရေးအဖွဲ့များ၏ စူးစမ်းထောက်လှမ်းချက်များအရ ဆန္ဒပြသူများသည် ပါလီမန်သို့ အရပ်မျက်နှာ ပေါင်းစုံမှ ချီတက်လာမည် ဖြစ်ကြောင်းပြောကြားပါသည်။
အစိုးရအဖွဲ့ရုံး နှင့် ပါလီမန်သို့ ချဉ်းကပ်ရာလမ်းများအား ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်း နှင့် ထောက်လှမ်းရေးသတင်းများအရ ဆန္ဒပြသူများသည် လေးခွ၊ ခဲများဖြင့် ရဲများအားပစ်ပေါက်ရန် ပြင်ဆင်ထားကြောင်း ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲအဒူလ် နရွန်ဆတ်က ပြောကြားသည်။

ဝန်ကြီးအဖွဲ့မှ ထွက်ပေါ်လာသောသတင်းများအရ နိုင်ငံတော်ရဲတပ်ဖွဲ့ အကြီးအကဲရဲဗိုလ်ချုပ်ကြီးအဒူလ် ဆန်ဆင်ခယူ နှင့် ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲရဲဒုတိယဗိုလ်ချုပ်ကြိးခမ်းရွန်ဝစ် သုကရာဂျန် တို့သည် စစ်တပ်၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် ရဲတပ်ဖွဲ့မှ အရာရှိပေါင်း ၃၈၉၁၀အား တာဝန်ချထားမည် ဖြစ်ကြောင်းသိရပါသည်။ ၎င်းတို့အနေဖြင့် ဆန္ဒပြပွဲသို့ လူအင်အားများများပါဝင်မည် မထင်ကြောင်း၊ လက်ရှိတာဝန်ချထားသောအင်အားဖြင့် နိုင်နင်းစွာကိုင်တွယ် ဖြေရှင်းနိုင်မည် ထင်ကြောင်းသိရပါသည်။

ဝန်ကြီးချုပ် ရင်လပ် ရှီနာဝပ်ထရာသည် ယမန်နေ့ကသက်ဆိုင်ရာအရာရှိများအားစိတ်ရှည်သည်းခံလျက် တာဝန်ထမ်းဆောင်ကြရန် နှင့် ဆန္ဒပြသူများကိုလည်း ငြိမ်းချမ်းစွာဖြင့် ဥပဒေဘောင်အတွင်းမှ ဆန္ဒပြကြရန် တိုက်တွန်းလိုက်ပါသည်။

ဆက်လက်၍လည်းပါလီမန် အမတ်များအနေဖြင့် လွှတ်တော်အတွင်းသို့ ဝင်ရောက်နိုင်ပြီးသူမကိုယ်တိုင် လည်းတက်ရောက်နိုင်မည်ဟုမျှော်လင့်ကြောင်းပြောကြားပါသည်။ ထို့အတူဒီမိုကရက်တစ် ပါတီဝင်များကိုလည်းသူတို့ သဘောထားများကိုလမ်းဘေးတွင် ထုတ်ဖော်မည့်အစားလွှတ်တော်တွင်းတွင် ဆွေးနွေးစေလိုကြောင်းတိုက်တွန်းပြောကြားလိုက်ပါသည်။

ဖီယူထိုင်းပါတီပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် ပရွမ်ပွန် နော့ပါရစ် ကလည်းသူတို့ပါတီသည် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကိုထောက်ခံမည်ဖြစ်သော်လည်းအခြားလွတ်ငြိမ်းချမ်းသာခွင့် ကိစ္စများ နှင့် ပြန်လည်ပေါင်းစည်းရေး အဆိုများကိုတင်သွင်းမည် မဟုတ်ကြောင်းပြောကြားပါသည်။
နော့ပါရစ်ကဆက်လက်၍ ဖီယူထိုင်းပါတီအမတ် ၃၀ဦး ဝင်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း နှင့် ယနေ့ အဆိုတင်ဆွေးနွေးပွဲသည် ည ၁၁-နာရီခန့်အထိသို့မဟုတ် နောက်နေ့အထိ ကြာမြင့် သွားနိုင်ကြောင်း ပြောကြားပါသည်။

ပြည်ထဲရေးဝန်ကြီးချရူပွန် ရူယန်ဆူဝမ် နှင့် ဒုတိယဝန်ကြီးချုပ် ပရာချာပရိုနော့ တို့ကပါလီမန် အဝင်လမ်းကို ရဲများသည် နိုင်နိုင်နင်းနင်းစောင့်ရှောက်ထားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားသည့် အားလျော်စွာ ဖီယူထိုင်းအမတ်များသည် ပါလီမန်သို့ ၎င်းတို့အစီအစဉ်ဖြင့်သာသွားရောက်ကြမည် ဖြစ်ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးများဆိုင်ရာအဆင့်မြင့် ကော်မရှင်နာရုံးမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးချေချိလ် ပူယီလိကယခုရက်သတ္တပတ်တွင် ပါလီမန်၌ တင်သွင်းမည့် ဥပဒေမူကြမ်းတွင် ၂၀၁၀-ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအားစစ်တပ်မှ ဖြိုခွဲရာတွင် လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ သောပုဂ္ဂိုလ်များအား လွတ်ငြိမ်း ချမ်းသာခွင့် ပြုမိနိုင်ကြောင်းထောက်ပြသည်။

ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် သူမက “ ထိုင်းအစိုးရသည် လူအခွင့်အရေး ချိုးဖောက်သူများအား လွတ်ငြိမ်းချမ်းသာခွင့် မပြုမိစေရန် သေချာစီစဉ်ရန် လိုအပ်ကြောင်း နှင့် ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်သူများအားတရားစီရင်နိုင်ရေးအတွက် တဆင့်ပြီးတဆင့် ဆောင်ရွက်ရန် လိုအပ်ပါတယ် ဟု ပြောသည်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းသားများ၏လုံခြုံရေးအတွက် ဒူးဆစ်ခရိုင်အတွင်းရှိကျောင်း ၉-ကျောင်းအား ယနေ့မှ သောကြာနေ့အထိပိတ်ထားလိုက်ပါသည်။
ရဲတပ်ဖွဲ့မှလည်း အစိုးရအိမ်တော် နှင့် ပါလီမန်တဝိုက် ကန့်သတ် နယ်မြေအတွင်း ဆန္ဒပြသမားများ မဝင်ရောက်ရေးတားဆီးရန်အတွက် ဆန္ဒပြလူအုပ် နှိမ်နင်းရေးဝတ်စုံ နှင့် ပစ္စည်းကိရိယာများဝတ်ဆင် ကိုင်ဆောင်လျက်လေ့ကျင့်လျက်ရှိပါသည်။ ပါလီမန်အနီးသို့ ယနေ့ချီတက်လာမည့်  (လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေအတည်ပြုရေးအား) ဆန့်ကျင်သည့် ဆန္ဒပြသမားများနှင့်ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်လျက် ရှိပါသည်။

ဘန်ကောက်ပို့စ် သတင်းစာ ၂၀၁၃ သြဂုတ်လ ၇-ရက်

No comments:

Post a Comment