Thursday, February 23, 2017

ဘုရားသခင်၏ အကွယ်အကာ

ဘုရား သခင်၏ အကွယ်အကာ
ယေဇ ၂၂၊ ၂၅-၃၀
၂၅။ ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်းခွဲခြင်းကို ပြုကြပြီ။ ဟောက်၍ အကောင်ကို ကိုက်ဖြတ်သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍာများ နှင့် အဘိုးထိုက်သော ဥစ္စာများကို လုယူကြ၏။ ပြည်အလယ်၌ မုဆိုးမတို့ကို များပြားစေကြ၏။
၂၆။ ယဇ်ပရောဟိတ်တို့သည်လည်း ငါ၏တရားကိုဖျက်၍ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား။ စင်ကြယ်သောအရာ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည် ရှုတ်ချခြင်းကိုခံရ၏။
၂၇။ မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ်သော တောခွေးကဲ့သို့ ပြည်အလယ်၌ ဖြစ်၍ မတရားသော စီးပွားကို ရှာလိုသောငှာ လူတသက်ကိုသတ်၍ သူတပါးတို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။
၂၈။ ပရောဖက်တို့ကလည်း အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရား မိန့်တော်မမူဘဲ အချည်းနှီးသော အရာကိုမြင်၍ မုသာစကားကိုဟောပြောလျက် သူတို့ကို အင်္ဂတေနှင့်မွမ်းမံကြ၏။
၂၉။ ပြည်သူပြည်သားတို့သည်လည်း ညှင်းဆဲခြင်း၊ ထားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက်ခြင်း၊ တပါးအမျိုးသားတို့အား မတရားသဖြင့် ညျင်းဆဲခြငိးကုပြုကြ၏။
၃၀။ ထိုပြည်ကို ငါမဖျက်စေခြင်းငှာ ကွယ်ကာသောသူ၊ မြို့ရိုးပျက်ပေါ်မှာ ရပ်၍ဆီးတားသောသူတယောက်ကို မျှ ငါရှာ၍မတွေ့။
ဘုရားသခင်၏ လမ်းကြောင်းမှလွဲစေမည့် ရန်သူများလက်မှကွယ်ကာရန် ကျွန်တော်တို့ဘဝ နှင့် အိမ်ယာကို အုတ်တံတိုင်း ဆောက်လုပ်ကာရံထားပြီလား။
လောကီသဘာဝအရှုတ်အထွေးများနှင့် ခြံစည်းရိုးကာရံထားသလား တံတိုင်းကိုဖြိုဖျက်ထားသလား၊ တံတိုင်းကာရံထားသော်လည်း ဂိတ်တံခါးမျုးကို ဟင်းလင်းဖွင့်ထားပြိး အစောင့်အရှောက် မရှိ ပစ်ထားသလား။
ကျွန်တော်တို့သည် မိမိတို့ မိသားစု နှင့် အသင်းတော်ကို အကာအကွယ်ပေးရန် ရန်သူတွေကို ခုခံတိုက်ခိုက်လိုစိတ် ပြင်းပြကြပါသလား၊ ဒါမှမဟုတ် ရန်သူတွေကို တံခါးမရှိ ဒါးမရှိ ဝင်ခွင့်ပေးထားသလား၊
ကျွန်တော်တို့သည် လောကဖြားယောင်းသွေးဆောင်မှု များကို ခုခံဆန့်ကျင်လိုစိတ် ရှိကြပါသလား။
ဤထူးခြားသောတံတိုင်းသည် အုတ်ကျောက်စသည်တို့ဖြင့် တည်ဆောက်ထားခြင်းမဟုတ်၊ ဘုရားသခင် အုတ်မြစ်ချပေးသော ဝိဉာဉ်တံတိုင်း ပေတည်း။
၁ တိ ၅၊ ၈ တွင် မိမိလုတို့ကို မပြုစု။ ထိုမျှမက မိမိအိမ်သူ အိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏ - ဟုဆိုထားပါသည်။
မိမိတို့မိသားစုကို ကာကွယ်ရန် အတွက် ကျွန်တော်တို့ တစုံတရာ ဆောင်ရွက်စီမံထားပြီလား၊ ဒါမှမဟုတ် မိမိတို့၏ ခနော်နီ ခနော်နဲ့ တံတိုင်းကို လောကီအပျော်အပါး တွေက ကျော်ဝင်လာပြီး ကျွန်တော်တို့၏ ဘဝမှာ ဘက်ပေါင်းစုံမှာ ဝင်ရောက်ပူးဝင်နေပြီလား။
စာတန်က တံတိုင်းတွေကို မုန်းတီးရွံရှာပါတယ်။ ကျွန်တော်တို့ နား နားကပ်ပြီး စာတန်က ငါတို့မိသားသာ ပျော်ပျော်ပါးပါး နေကြရအောင်။ တံတိုင်းတွေက မရင့်ကျက်တဲ့သူတွေ အတွက်လိုတာ။ သင်တို့က ဝိဉာဉ်ရေးရာ ရင့်ကျက် ပြီးသားသူတွေ ဖြစ်တော့ မကောင်းမှု ဒုစရိုက်တွေကို အေးအေးဆေးဆေး ကိုင်တွယ် ကျော်လွှားနိုင်ပါတယ်လို့ မြှောက်ပင့်ပြောနေပါတယ်။ ဒီထောင်ချောက်ထဲ မဝင်မိပါစေနဲ့။
ဘုရားသခင်ကိုယ်တော်တိုင်က ကျွန်တော်တို့ကို ဘုရားသခင်ကိုယ်တိုင်လုပ်ဆောင်ချက်များဖြင့် ဥပမာပေး သင်ပြပေးနေပါတယ်။ ဘုရားသခင်က စာတန်ရန်ကနေကာကွယ်ဘို့ မထိုးဖောက် မချိုးဖောက်နိုင်သော အကာအရံတည်ဆောက်ထားပါတယ်။
ဧဒင် ဥယျာဉ် အလယ်မှာ ရှိသော အသက်ပင် ကို ကာကွယ်ရန် အလို့ငှာ- အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှာ မိးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။ ( ကမ္ဘာ ၃၊ ၂၄ )
ယေရုဆလင်မြို့တော်သစ်ကို ကာကွယ်ရန် - ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။ မြို့ရိုးအမြစ်သည် တဆယ်နှစ်ထပ်ရှိ၏။ သိုးသငယ်၏ တမန်တော် တဆယ်နှစ်ပါး ၏နာမတို့သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက်ရှိကြ၏။ ( ဗျာဒိတ် ၂၁၊ ၁၂, ၁၄ )
ထို့အတူ အသင်းတော်တို့သည်လည်း တံတိုင်းများ ဖြစ်ကြပြိး ထိုတံတိုင်းတိုကအလယ်တွင် ငြိမ်သက်ခြင်း နှင့် တရားမျှတခြင်းတို့ ကိန်းအောင်းတည်နေလျက် ရှိကြပေသည်။ ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုးကဲ့သို့ ဖြစ်ာက၏။ သို့ဖြစ်၍ ရှေ့တော်၌ မျက်နှာရသော ကျေးဇူးရှိ၏ ( ရှောလမုန်၈၊ ၁၀ )
ဘုရားသခင်သည် ဘုရားသခင်၏ လမ်းခရီး၊ ဘုရားသခင်၏ အထောက်အပံ့ နှင့် ဘုရားသခင်၏ အလိုတော်ကို ရှာကြံသောသူတို့အား ဘုရားသခင်၏ ဝိဉာဉ်တံတိုင်းတော်အား ပေးသနားတော်မူပါသည်။ ကျွန်တော်တို့၏ တစ်ဦးချင်းဆိုင်ရာ တံတိုင်းများတည်ဆောက်ခြက်းဆိုသည်မှာ ဘုရားသခင်နှင့် ခိုင်မာသော ဆက်ဆံရေး ရှာကြံခြင်းပင်ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့အား အကာအကွယ်များ ပေးသနားတော်မူပါသည်။ ဘုရားသခင် ကိုယ်တော်တိုင်သည်ပင် ကျွန်တော်တို့အတွက် တံတိုင်း ဖြစ်လာပေတော့သည်။
ဘုရားသခင်သည် သူ၏လူတို့၏ ပတ်လည်တွင် တံတိုင်းကာရံလျက် စာတန်ကို အစွန်အဖျားတွင် ဖယ်ထားပေးပါသည်။ ယောဘ ဘဝတွင် ဖော်ပြထားသကဲ့သို့ပင် ဖြစ်ပေသည်။
စာတန်က ဘုရားသခင်ကို ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှ ပတ်လည်၌ စောင်ရန်း ကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ ( ယောဘ ၁၊ ၁၀ ) ဟု မကျေမနပ်ပြော ခဲ့ပါသည်။ဘုရားသခင်က အကာအရံကို ဖယ်ရှားလိုက်မှသာ စာတန်က ယောဘကို တိုက်ခိုက်နိုင်ပါသည်။
စာတန်က လုံးဝ မနှောင့်နှေး အချိန်မဖြုန်းပါ။ ချက်ချက်းကို တိုက်ခိုက်ခဲ့ပါသည်။ ကျွန်တော်တို့ ဤအဖြစ်အပျက်ကို သင်ခန်းစာယူရပါမည်။
ကျွန်တော်တို့ ဘုရားသခင်ကို ဘေးဖယ်လိုက်မည်၊ အကာအရံတ့တိုင်းကို ဖြိုဖျက်လိုက်မည်၊ ဘုရားသခင် နှင့် တည်ရှိပြီး အဆက်အသွယ်ကို ဖြတ်တောက်လိုက်မည်။ ဘာတွေ ဖြစ်လာမလဲ။ ခြံကိုဖျက်သောသူသည် မြွေကိုက်ခြင်းကို ခံရလိမ့်မည်။ ( ဒေသနာ ၁၀။ ၈ )
သမ္မာကျမ်းစာတွင် စာတန်ကို မြွေဖြင့် ပုံဖော်လေ့ရှိပါသည်။ ကျွန်တော်တို့၏ ညီအစ်ကို မောင်နှမများတို့သည် မိမိတို့၏ အရံအတား အကာအကွယ် တံတိုင်းကို ဖြိုဖျက်မိသောအခါ စာတန်၏ တိုက်ခိုက်ခြင်းကို ခံကြရပါတာ့သည်။
တစ်ခါတစ်ရံ မိမိတို့၏ အပြစ်များကြောင့် ဘုရားသခင် ကိုယ်တော်တိုင်က မိမိတို့၏ တံတိုင်းများကို ဖြိုချဖျက်ဆီး သည်လည်းရှိပါသည်။ ယခုနားထောင်ကြ။ ငါ့စပျစ် ဥယျာဉ်၌ ငါပြုရမည့် အမှုကို သင်တို့အား ငါဖော်ပြမည်။ စောင်ရန်းကို ငါပယ်ရှင်းသဖြင့် သူတပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုက်းကို ငါဖြိုသဖြင့် သူတပါးတို့သည် ကျော်နင်းကြလိမ့်မည်။ ( ဟေရှာယ ၅၊ ၅ )။
ရှင်ပေါလု မိန့်မူသကဲ့သို့ မိမိတို့ ကောင်းကျိုးကို မျော်၍ - ထိုသူ၏ ဝိဉာဉ်သည် သခင်ယေရှု၏ နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း သူ၏ ကိုယ်ခန္ဓာ ပျက်စီးဘို့ရာ သူ့ကို စာတန်လက်သို့ အပ်နှံကြစေ ဟု ငါစီရင်၏ ။( ၁ ကော ၅၊ ၅ )
ဘုရားသခင်၏ အရံအတား အကွယ်အကာ အုတ်တံတိုင်းကို ပြန်လည် ရရှိစေရန် မှာ ရိုသားဖြူစင်စွာဖြင့် အပြည့်အဝ နောင်တရရှိခြင်းပင်ဖြစ်ပေသည်။
ဟိုနားနည်းနည်း ဒီနားနည်းနည်း မဆလာဖြင့် ဟိုဖာဒီဖာ ဖာထေးနေခြင်းဖြင့် ဘုရားသခင်၏ အမျက်ဒေါသကို တိုးပွားစေလာမည်သာဖြစ်ပေသည်။
ထို့ကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား သင်တို့သည် အချည်းနှီးသော စကားကိုပြော၍ မုသာရူပါရုံကို မြင်သောကြောင့် ငါသည် သင်တို့တဘက်၌နေ၏။
အချည်းနှီးသောအရာကိုမြင်၍ မုသာကိုဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင် သူတို့သည် ငါ၏ ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလအမျိုး၏ စာရင်း၌ သူတိုကအမည်ကို မသွင်းရ။ ဣသရေလပြည်၌ နေရာမချရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
ငြိမ်သက်ခြင်း မရှိသော်လည်း ငြိမ်သက်ခြင်း ရှိသည်ဟု သင်တို့ဆိုလျက် ငါ၏လူတို့ကို လှည့်စားသောကြောင့်၎င်း၊ တယောက်ကား အုန်ရိုးကိုတည်လျက်၊ တယောက်အား အင်္ဂတေနှင့် မွမ်းမံလျက် ပြုသောကြောင့်၎င်း၊ ထိုအုတ်ရိုးသည် ပြိုလဲမည်ဟု အင်္ဂတေနှင့် မွမ်းမံသောသူတို့အား ပြောလော့။ မိုဃ်းရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသောမိုဃ်းသီးကျလိမ့်မည်။ မိုဃ်းသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည်။
ထိုအုတ်ရိုးသည် ပြိုလဲပြီးမှ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာ ရှိသနည်းဟု သင်တို့အား သူတပါး မေးလိမ့်မည် မဟုတ်လော။ ထို့ကြောင့်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား
ငါသည်အမျက်ထွက်၍၊ သင်တို့အုတ်ရိုးကို မိုဃ်းသက်မုန်တိုင်းအားဖြင့် တိုက်၍ဖျက်မည်။ ငါ၏ ဒေါသအရှိန်ကြောင့် မိုဃ်းရေလွှမ်းမိုး၍ ကြီးစွာသော မိုဃ်းသီးနှင့် ဆုံးစေမည်။ ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသော အုတ်ရိုးကို မြေတိုင်အောင် ငါဖြိုချ၍အမြစ်ကို လှန်သဖြင့် အုတ်ရိုးသည်လဲ၍ ဖိမိလျက် သင်တို့သည် အသက်ဆုံးရှုံးကြလိမ့်မည်။
ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။ ထိုသို့အုတ်ရိုး၌ လည်းကောင်း အဂ်တေနှင့် မွမ်းမံသော သူ၌လည်းကောင်း ငါသည် ကိုယ့်အမျက်ကိုဖြေမည်။ အုတ်ရိုးမရှိဟူ၍၎င်း၊ အင်္ဂတေနင့်မွမ်းမံသောသူတည်းဟူသော ငြိမ်သက်ခြင်း မရှိသောအခါ ယေရုရှလင်မြို့အဘို့ငြိမ်သက်ခြင်း ရူပါရုံကိုမြင်၍ ဟောပြောသော ဣသရေလ ပရောဖက်များ မရှိကြဟူ၍၎င်း သူတို့အား ငါပြောမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ( ယေဇကျေလ ၁၃၊ ၈ - ၁၆ )
ထိုသို့သော တံတိုင်းတို့သည် ဘုရားသခင် မပါသောကြောင့် ခိုင်ခန့်လုံခြုံသည်ဟု ထင်ရသော်လည်း အသေးငယ်ဆုံးသော ရန်သူ၏ တိုက်ခိုက်မှု ကိုပင် မခံနိုင်ဘဲ မြိုကျ ပျက်စီးရ၏။ ကျွန်တော်တို့သည် လုံးဝဥဿုံ နောင်တရလျက် ဝန်ခံပြီးမှသာလျင် ဘုရားသခင်နှင့် ပြန်လည် ဆက်သွယ်ရရှိကာ ဘုရားသခင်ကိုယ်တော်တိုင် စောင့်ရှောက်သော အကာအရံများ ရရှိကြမည် ဖြစ်ပေသည်။
( THE BEREAN< The Church of Great God, 23 February, 2017 )

No comments:

Post a Comment