Sunday, September 25, 2016

နိုင်ငံတော်က တရားလို


လူအခွင့်အရေး
လူ့ဂုဏ်သိက္ခာ
ကို ထိခိုက်စေသော ပြစ်မှုများကို
ကာယကံရှင် တိုင်ချက်ဖွင့်တဲ့အထိ
မစောင့်ဘဲ
တရားဥပဒေ
ထိန်းသိမ်းရေး အဖွဲ့တွေက
ဝင်ရောက် အရေးယူ
ဆောင်ရွက်သင့်ပါတယ်

အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များဖြစ်သော
ကလေးသူငယ် အခွင့်အရေး
မသန်စွမ်းသူ အခွင့်အရေးများ
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းကို တိုက်ဖျက်သည့် သဘောတူညီချက်
လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး
ကလေးအလုပ်သမား
ကလေးစစ်သား
စတာတွေကို
အထူးတာဝန်ပေးထားတဲ့
အဖွဲ့အစည်းတွေ
ဌာနတွေက
သတင်းရတာနဲ့
ချက်ချင်းဝင်ရောက်ပြီး
အရေးယူသင့်ပါတယ်
ကျူးလွန်ခံရသူက
ဆင်းရဲနေရင်
ဂုဏ် အာဏာ အဆက်အသွယ်မဲ့နေရင်
ပြစ်မှုကိုးလွန်သူက
ငွေကြေး ချမ်းသာရင်
သြဇာ အာဏာရှိ အသိုင်းအဝိုင်း ဖြစ်နေရင်
လက်ရှိ စစ်ဘက် နယ်ဘက် အရာရှိ အသိုင်း
အဝိုင်းက ဖြစ်နေရင်
အမှုကို အရေးယူဘို့
တာ န်ရှိသူတွေ ကိုယ်တိုင်
ဝိုင်းဝန်း ဖုံးဖိ ဖျောက်ဖျက်ဖို့
ကြိုးစားတာတွေ ဖြစ်နေတယ်
တရားဥပဒေ ဘက်တော်သားတွေ
တာဝန်မကျေရင်
အဂတိ လိုက်စား
မမှန်မကန် လုပ်လာရင်
ပြည်သူတွေက
မိမိနည်း မိမိဟန်ဖြင့်
တရားမျှတမှု ရှာလာရင်
မာဖီးယားတို့ ယာကူဇာတို့ ထရိုင်အက် တို့
အကြမ်းဖက်သမားတို့
ပေါ်လာပြီး
ုပြည်သူတွေက
ထောက်ခံအားပေးလာအုန်းမယ်

No comments:

Post a Comment