Sunday, September 25, 2016

မုဒိန်းမှု လား လူကုန်ကူးမှုလား


ယခုတစ်လောတက်လာတဲ့
၁၅ နှစ်သမီး ကိစ္စ
အသက် က ၁၅ နှစ် မှန်ရင်
ကောင်လေး မိဘ အစ်မ ကောင်မလေးကို ခေါ်လာတာ
ဟိုတယ် ပို့တာ သိခဲ့ရင်
ဟော်တယ်မှာ ငွေယူပြိး အခြားသူနဲ့ ကာမ ဆက်ဆံခိုင်းတာမှန်ရင်
ယောက်ျားလေး ကိုယ်တိုင်ကလဲ ကာမဆက်ဆံရင်
လူကုန်ကူးမှု
ကြီးလေးသော ပြစ်မှု
ဂိုဏ်းဖွဲ့ ကျူးလွန်မှု တွေ ပြစ်မှု ကျူးလွန်ရာ ရောက်ပါတယ်

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ

ပုဒ်မ ၃။ ( က ) လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် အခြားသူ
တစ်ဦးတစ်ယောက် ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊
မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း ပြုရန် အလို့ငှာ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း သယ်ယူပို့ဆောင်ခြင်း လွှဲပြောင်းခြင်း ရောင်းချခြင်း ဝယ်ယူခြင်း ငှားရမ်းခြင်း ငှားယူခြင်း ခိုလုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြငိးကိုဆိုလိုသည်-

ရှင်းလင်းချက် ( ၁ ) ခေါင်းပုံဖြတ်ခြင်းဆိုရာတွင် ပုဂ္ဂိုလ်တစ်ဦးသည် အခြားသူ တစ်ဦးတစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာ ကိစ္စပြုလုပ်ခြင်း အဓမ္မ အလုပ်ခိုင်းစေခြင်း၊ အဓမ္မ ဝန်ဆောင်မှု ပေးစေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်းကိုဖြစ်စေ၊ သူတစ်ပါး ခန္ဓာကိုယ်၏ အင်္ဂါ အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်းကို ဖြစ်စေ ပြုလုပ်ရာမှ ငွေကြေးကိုသော်လည်းကောင်း အကျိုးအမြတ်တစ်စဲုတစ်ရာကိုသော်လည်းကောင်း လက်ခံရယူခြင်း သို့မဟုတ် လက်ခံရယူရန် သဘောတူခြင်း ပါဝင်သည်။

ရှင်းလင်းချက် ( ၂ ၀ )
ပြည့်တန်ဆာပြုခြင်းဆိုသည်မှာ ငွေကြေး အကျိုးအမြတ် သို့မဟုတ် အခြားအဖိုးစားနား တစ်ခုခုအတွက် ကာမစပ်ယှက်ရန် သို့မဟုတ် ကာမရာဂစိတ် ပေါ်ပေါက်ရန် အလို့ငှာ ပုဂ္ဂိုလ်တစ်ဦးကို အခြားတစ်ဦးက တစ်စုံတစ်ရာပြုလုပ်ခြင်း အသုံပြုခြင်း ဆက်ဆံခြင်း သို့မဟုတ် အစီအစဉ်ချမှတ်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

( ဃ ) ဂိုဏ်းဖွဲ့ကျူးလွန်သူ အုပ်စု ဆိုသည်မှာ ငွေကြေး သို့မဟုတ် ပစ္စည်း နှင့် စပ်လျဉ်းသည့် အကျိုးအမြတ်
တစ်စုံတစ်ရာကို တိုက်ရိုက်ဖြစ်စ သွယ်ဝိုက်၍ဖြစ်စေ ရရှိရန် အလို့ငှာကြီးလေးသော ပြစ်မှုကို ကျူးလွန်ရန် လူ ၃ ဦး နှင့်အထက် ပါဝင်၍ အချိန်ကာလတစ်ခုအတွက် ပုံစံတကျ ဖွဲကစည်းထားသော အုပ်စုကို ဆိုသည်။

(ည) ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသော သူကို ဆိုသည်။ ( ယခု ၁၈ နှစ်အောက် ပြင်ဆင်ပြီး)ဲ

(င) ကြီးလေးသော ပြစ်မှုဆိုသည်မှာ တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ ထောင်ဒဏ် ၄ နှစ် နှင့် အထက် ပြစ်ဒဏ်ထိုက်သော ပြစ်မှု ကို ဆိုသည်။

၎။ ဤဥပေး၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(ခ) လူကုန်ကူးမှုများကို တားဆီးကာကွယ်ရာတွင် အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ် နှင့်
လူငယ်များအတွက် အလေးဂရုပြု၍ ကာကွယ်စောင့်ရှောက်ရန်

(ဂ) လူကုန်ကူးမှုကို ကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် နှင့် ဥပဒေနှင့် အညီ ပြင်းထန်ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် တားဆီးကာကွယ်ရန်

 ပြစ်မှု နှင့် ပြစ်ဒဏ်များ

ပုဒ်မ ၂၄။ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်များ နှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ပုဒ်မ ၂၈။ မည်သူမဆို
(က) ပုဒ်မ ၂၄ ပါ လူကုန်ကူးမှုကို ဂိုဏ်းဖွဲ့ကျူးလွန်သူအုပ်စုဖြင့်
ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၂၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ပုဒ်မ ၃၀။ မည်သည့် ပြည်သူ့ဝန်ထမ်းမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုငြ်း၊ စစ်ဆေးစီရင်ခြင်းပြုရာတွင် မိမိအတွက် ဖြစ်စေ၊သုတစ်ပါးအတွက် ဖြစ်စေ၊ တံစိုးလက်ဆောင်အဖြစ် ငွေကြေး နှင့် ပစ္စည်းတစ်စုံတစ်ရာ ကိုတောင်းခံခြင်း သို့မဟုတ်လက်ခံရယူခြင်း ပြုကြောင်း စီရင်ခြင်းခံရလျင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ပုဒ်မ ၃၃။ တရားရုံးသည် ဤဥပေးပါ ပြစ်မငတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်ချမှတ်လျင် သက်သေခံပစ္စည်း အဖြစ် သိမ်းဆည်းထားသော ပြစ်မှု နှင့် သက်ဆိုင်သည့် ပစ္စည်းကို ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းယူခြင်း သို့မဟုတ် သတ်မှတ်ချက်များ နှင့်အညီ စီမံခန့်ခွဲခြင်းပြုသည့်အမိန့်ချရမည်။
လူကုန်ကူးမှု မြောက်ပါတယ်

 ပြစ်မှုကျူးလွန်သူ အမျိုးသား နှင့် မိသားစုဝင်များ
ဟိုတယ် မန်နေဂျာ နှင့် တာဝန်ကျ ဝန်ထမ်းများ
မိန်းကလေးကို ငွေပေး ကာမဆက်ဆံသူ
တွေ အပြစ်ကျခံပြိး
ဟိုတယ်ကိုပါ ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းသင့်ပါတယ်
ဒီဥပဒေ ထူးခြားချက်က ရဲ အမှုစစ် ရှေ့နေ တရားသူကြိးတွေ လပ်စားရင်
အရေးယူလို့ရပါတယ်

ဒီအမှုမှာ အရင်အရေးကြီးတာက
medical evidence of having sex with more than one partner ဖြစ်ပါတယ်
တစ်ယောက်ထက်ပိုပြီး လိင်ဆက်ဆံထားတဲ့ အထောက်အထား အရေးကြီးပါတယ်

နိုင်ငံတော်က တရားလို


လူအခွင့်အရေး
လူ့ဂုဏ်သိက္ခာ
ကို ထိခိုက်စေသော ပြစ်မှုများကို
ကာယကံရှင် တိုင်ချက်ဖွင့်တဲ့အထိ
မစောင့်ဘဲ
တရားဥပဒေ
ထိန်းသိမ်းရေး အဖွဲ့တွေက
ဝင်ရောက် အရေးယူ
ဆောင်ရွက်သင့်ပါတယ်

အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များဖြစ်သော
ကလေးသူငယ် အခွင့်အရေး
မသန်စွမ်းသူ အခွင့်အရေးများ
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းကို တိုက်ဖျက်သည့် သဘောတူညီချက်
လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး
ကလေးအလုပ်သမား
ကလေးစစ်သား
စတာတွေကို
အထူးတာဝန်ပေးထားတဲ့
အဖွဲ့အစည်းတွေ
ဌာနတွေက
သတင်းရတာနဲ့
ချက်ချင်းဝင်ရောက်ပြီး
အရေးယူသင့်ပါတယ်
ကျူးလွန်ခံရသူက
ဆင်းရဲနေရင်
ဂုဏ် အာဏာ အဆက်အသွယ်မဲ့နေရင်
ပြစ်မှုကိုးလွန်သူက
ငွေကြေး ချမ်းသာရင်
သြဇာ အာဏာရှိ အသိုင်းအဝိုင်း ဖြစ်နေရင်
လက်ရှိ စစ်ဘက် နယ်ဘက် အရာရှိ အသိုင်း
အဝိုင်းက ဖြစ်နေရင်
အမှုကို အရေးယူဘို့
တာ န်ရှိသူတွေ ကိုယ်တိုင်
ဝိုင်းဝန်း ဖုံးဖိ ဖျောက်ဖျက်ဖို့
ကြိုးစားတာတွေ ဖြစ်နေတယ်
တရားဥပဒေ ဘက်တော်သားတွေ
တာဝန်မကျေရင်
အဂတိ လိုက်စား
မမှန်မကန် လုပ်လာရင်
ပြည်သူတွေက
မိမိနည်း မိမိဟန်ဖြင့်
တရားမျှတမှု ရှာလာရင်
မာဖီးယားတို့ ယာကူဇာတို့ ထရိုင်အက် တို့
အကြမ်းဖက်သမားတို့
ပေါ်လာပြီး
ုပြည်သူတွေက
ထောက်ခံအားပေးလာအုန်းမယ်

အင်းဝ အမှုမှာ ကလေးတွေ အဆစ်မပါစေချင်ပါ

ဒီအချိန်မှာ ပြောရင်
ဝိုင်းပြီး ဆဲကြမလားမသိ
အင်းဝ မိသားစုတွေ
သူတို့ ကျူးလွန် တဲ့ ပြစ်မှု
သူတို့ ခံကြရမှာပါ

တစ်ခုတော့ သတိပြုမိပါတယ်
အဖိုး အဖွား အဖေ အမေ ဦးလေး အဒေါ်
အားလုံး အချုပ်ထဲမှာ
သူတို့မှာ ကလေးငယ်တွေ ရှိကြမှာပါ
လူကြီး မိဘ ကျူးလွန်တဲ့ အပြစ်
ကလေးတွေ အမွေယူ မခံကြရပါစေဘို့
ဆုတောင်းပေးပါတယ်
အပြစ်ရှိသူကို
အရေးယူသလို
အပြစ်မရှိတဲ့ကလေးတွေကို
ကလေးသူငယ် ဥပဒေ အရ
ရသင့်တဲ့
ကာကွယ်စောင့်ရှောက်မှု ရကြပါစေ
သက်ဆိုင်ရာ အသင်းအဖွဲ့တွေ ဆွေမျိုးတွေ
ဒါးခုတ်ရာ လက်ဝင် မလှျိုချင်လို့
ရှောင်နေရင်
လူမှုဝန်ထမ်း ဦးစီးဌာနက
အုပ်ထိန်းသူ ခန့်အပ်တာတို့
စောင့်ရှောက်တာတို့
လုပ်ပေးသင့်ကြောင်းပါ
ကလေးသူငယ် အခွင့်အရေးဆိုတာ
ကလေးတိုင်းနဲ့
သက်ဆိုင်ပါတယ်

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပေး

ယခုတလော လူကုန်ကူးမှု ဆိုင်ရာ အမှုအခင်းများ ပေါ်ပေါက်နေသဖြင့်
လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ အပိုင်းအချို့ကို မိတ္တူကူး ဖော်ပြအပ်ပါသည်။

ဤဥပဒေ








ကို

ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဇြိုးရေး ကောင်စီ
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ဟုခေါ်ပြိး

( နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၅ / ၂၀၀၅ ) အရ
၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နေ့တွငိ အတည်ပြု ထုတ်ပြန်ပါသည်။

အခန်း ၁၀ ခန်းပါဝင်ပြိး ပုဒ်မ ပေါင်း ၃၈ ခု ပါဝင်ပါသည်။

ကလေးသူငယ် နှင့် အမျိုးသမီး များအား ကိုယ်ခန္ဓပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အလွဲသုံးမှု အနိုင်ပြုမှုများအတွက် ထိထိရောက်ရောက် အပြစ်ပေးနိုင်သော ဥပဒေ ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဇြိုးရေး ကောင်စီ
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ
( နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၅ / ၂၀၀၅ )
၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်

နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဇြိုးရေး ကောင်စီသည် အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


ပုဒ်မ ၃။ ( က ) လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် အခြားသူ တစ်ဦးတစ်ယောက် ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း ပြုရန် အလို့ငှာ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသါင်းစုဆောင်းခြင်း သယ်ယူပို့ဆောင်ခြင်း လွှဲပြောင်းခြင်း ရောင်းချခြင်း ဝယ်ယူခြင်း ငှားရမ်းခြင်း ငှားယူခြင်း ခိုလုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုလိုသည်-

ရှင်းလင်းချက် ( ၁ ) ခေါင်းပုံဖြတ်ခြင်းဆိုရာတွင် ပုဂ္ဂိုလ်တစ်ဦးသည် အခြားသူ တစ်ဦးတစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာ ကိစ္စပြုလုပ်ခြင်း အဓမ္မ အလုပ်ခိုင်းစေခြင်း၊ အဓမ္မ ဝန်ဆောင်မှု ပေးစေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်းကိုဖြစ်စေ၊ သူတစ်ပါး ခန္ဓာကိုယ်၏ အင်္ဂါ အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်းကို ဖြစ်စေ ပြုလုပ်ရာမှ ငွေကြေးကိုသော်လည်းကောင်း အကျိုးအမြတ်တစ်စဲုတစ်ရာကိုသော်လည်းကောင်း လက်ခံရယူခြင်း သို့မဟုတ် လက်ခံရယူရန် သဘောတူခြင်း ပါဝင်သည်။

ရှင်းလင်းချက် ( ၂ ၀ ပြည့်တန်ဆာပြုခြင်းဆိုသည်မှာ ငွေကြေး အကျိုးအမြတ် သို့မဟုတ် အခြားအခြားအဖိုးစားနား တစ်ခုခုအတွက် ကာမစပ်ယှက်ရန် သို့မဟုတ် ကာမရာဂစိတ် ပေါ်ပေါက်ရန် အလို့ငှာ ပုဂ္ဂိုလ်တစ်ဦးကို အခြားတစ်ဦးက တစ်စုံတစ်ရာပြုလုပ်ခြင်း အသုံပြုခြင်း ဆက်ဆံခြင်း သို့မဟုတ် အစီအစဉ်ချမှတ်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

( ဃ ) ဂိုဏ်းဖွဲ့ကျူးလွန်သူ အုပ်စု ဆိုသည်မှာ ငွေကြေး သို့မဟုတ် ပစ္စည်း နှင့် စပ်လျဉ်းသည့် အကျိုးအမြတ် တစ်စုံတစ်ရာကို တိုက်ရိုက်ဖြစ်စ သွယ်ဝိုက်၍ဖြစ်စေ ရရှိရန် အလို့ငှာကြီးလေးသော ပြစ်မှုကို ကျူးလွန်ရန် လူ ၃ ဦး နှင့်အထက် ပါဝင်၍ အချိန်ကာလတစ်ခုအတွက် ပုံစံတကျ ဖွဲကစည်းထားသော အုပ်စုကို ဆိုသည်။

(ည) ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသော သူကို ဆိုသည်။ ( ယခု ၁၈ နှစ်အောက် ပြင်ဆင်ပြီး)

၎။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(ခ) လူကုန်ကူးမှုများကို တားဆီးကာကွယ်ရာတွင် အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ် နှင့် လူငယ်များအတွက် အလေးဂရုပြု၍ ကာကွယ်စောင့်ရှောက်ရန်

(ဂ) လူကုန်ကူးမှုကို ကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် နှင့် ဥပဒေနှင့် အညီ ပြင်းထန်ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် တားဆီးကာကွယ်ရန်
ပြစ်မှု နှင့် ပြစ်ဒဏ်များ

ပုဒ်မ ၂၄။ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်များ နှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ပုဒ်မ ၂၈။ မည်သူမဆို

(က) ပုဒ်မ ၂၄ ပါ လူကုန်ကူးမှုကို ဂိုဏ်းဖွဲ့ကျူးလွန်သူအုပ်စုဖြင့် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၂၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ပုဒ်မ ၃၀။ မည်သည့် ပြည်သူ့ဝန်ထမ်းမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုငြ်း၊ စစ်ဆေးစီရင်ခြင်းပြုရာတွင် မိမိအတွက် ဖြစ်စေ၊သုတစ်ပါးအတွက် ဖြစ်စေ၊ တံစိုးလက်ဆောင်အဖြစ် ငွေကြေး နှင့် ပစ္စည်းတစ်စုံတစ်ရာ ကိုတောင်းခံခြင်း သို့မဟုတ်လက်ခံရယူခြင်း ပြုကြောင်း စီရင်ခြင်းခံရလျင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ပုဒ်မ ၃၃။ တရားရုံးသည် ဤဥပေးပါ ပြစ်မငတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်ချမှတ်လျင် သက်သေခံပစ္စည်း အဖြစ် သိမ်းဆည်းထားသော ပြစ်မှု နှင့် သက်ဆိုင်သည့် ပစ္စည်းကို ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းယူခြင်း သို့မဟုတ် သတ်မှတ်ချက်များ နှင့်အညီ စီမံခန့်ခွဲခြင်းပြုသည့်အမိန့်ချရမည်။


Wednesday, April 13, 2016

မြန်မာ့ဂုဏ်ရည် ဧရာဝတီ


( သိပ္ပံစာရေးဆရာ ကိုကိုအောင် )


( ၂၀၁၆ ခုနှစ် ဧပြီလ ၇ ရက် ကြာသပတေးနေ့ ထုတ် မြန်မာအလင်း စာမျက်နှာ ၁၇ ပါ ဆောင်းပါးကို ကူးယူ ဖော်ပြပါသည်။ )

ကမ္ဘာပေါ်ရှိ အရပ်ဒေသ အသီးသီးတွင် သဘာဝအတိုင်း ဖြစ်ပေါ်တည်ရှိနေသော မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် မြစ်ကြောင်းပုံစံဖြင့်လည်းကောင်း၊ ရေတံခွန်များအဖြစ်လည်းကောင်း၊ ရေအိုင်ကြီးများ၊ မြေပြန့်လွင်ပြင်ကျယ်ကြီးများ နှင့် ပင်လယ် သမုဒ္ဒရာကြီးများ အတွင်းသို့ စီးဆင်းဝင်ရောက်လျက် ရှိနေကြသည်။ ကျယ်ပြန့်ပြီးရှည် လျားသောမြစ်၊ ကျဉ်းမြောင်းပြီး ရှည်လျားသောမြစ်၊ ကျယ်ပြန့်ပြီး တိုတောင်းသောမြစ်၊ ကျဉ်းမြောင်းပြီး တိုတောင်းသောမြစ် စသည်ဖြင့် ပုံစံအမျိုးမျိုး ဖြစ်တည်နေကြသော ကမ္ဘာ့ မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက အတားအဆီး မရှိ …..အကန့်အသတ်မရှိ…….အပိတ်အပင်မရှိ ဘဲ သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းခဲ့ကြသည်။

အမေရိကန်နိုင်ငံရှိ မစ္စစ္စပိမြစ်၊ အီဂျစ်ပြည်ရှိ နိုင်းလ်မြစ်၊ အိန္ဒိယနိုင်ငံရှိ ဂင်္ဂါမြစ်၊ တရုတ်နိုင်ငံရှိ ယန်စီမြစ်၊ သြစတြေးလျနိုင်ငံရှိ မာရေမြစ် စသောမြစ်ကြီးများသည် သက်ဆိုင်ရာနိုင်ငံများအတွက် အလွန်အရေးပါအရာရောက်သော မြစ်များဖြစ်ကြသလို ကမ္ဘာ့အထင်ကရ စာရင်းဝင် နာမည်ကျော် မြစ်ကြီးများလည်း ဖြစ်ကြသည်။

အချို့သောမြစ်များသည် နိုင်ငံတစ်နိုင်ငံအတွင်းသာ ဖြစ်တည်စီးဆင်းနေခြင်းမျိုး မဟုတ်ဘဲ နိုင်ငံ အများအပြားကို ဖြတ်သန်းစီးဆင်းလျက် ရှိနေကြသည်။ အာရှတိုက်ရှိ မဲခေါင်မြစ်သည် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံများကို ဖြတ်သန်းစီးဆင်းနေသလို အိန္ဒုမြစ်ကြီးသည်လည်း အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံများကို ဖြတ်သန်းစီးဆင်းလျက် ရှိနေသည်။

အလားတူပင် အမေဇုန်မြစ်ကြိးသည် တောင်အာဖရိကတိုက် တစ်နံတစ်လျားကို ဖြတ်သန်း စီးဆင်းနေသလို ဒင်ညုမြစ်ကြီးကလည်း ဥရောပတိုက်ကြီးကို ဖြတ်သန်းစိးဆင်းနေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုကို ထွန်းကားစေခဲ့သော မြစ်ဝါမြစ် နှင့် အိန္ဒိယလူမျိုးတို့၏ ရှေးရိုး စဉ်လာ ယုံကြည်ကိုးကွယ်ရာ ဖြစ်သော ဂင်္ဂါမြစ်တို့ကလည်း တစ်မူထူးခြားလှသည့် မြစ်ကြီးများ ဖြစ်ကြသည်။
ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံ အများစုတို့တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော မြစ် ချောင်း အင်း အိုင် နှင့် ရေကန်ကြီးများ ရှိနေကြသော်လည်း အနည်းငယ်မျှသော နိုင်ငံအချို့မူ ယင်းတို့၏ ပထဝီ သွင်ပြင်အနေအထားအရ မြစ်ချောင်းများ လုံးဝမရှိကြပေ။ ထိုသို့သော ဒေသနိုင်ငံများတွင် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သော ရေပမာဏကို ရရှိစေရန် နှင့် ကုန်စည်စီးဆင်းမှု လွယ်ကူ သက်သာစေရေးအတွက် မြစ်ချောင်းများကို ဖန်တီးဖောက်လုပ်ကြရသည်။

သို့ဖြစ်၍ တစ်ကမ္ဘာလုံးရှိ မြစ်ချောင်း စုစုပေါင်း၏ ၉၀-ရာခိုင်နှုန်းကျော်မှာ သဘာဝ မြစ်ချောင်း များ ဖြစ်ကြပြိး ကျန်အနည်းငယ်သော မြစ်ချောင်းများကမူ လူတို့ဖန်တီးဖောက်လုပ်ထားသော မြစ်ချောင်းများ ဖြစ်နေသည်ကို တွေ့ရှိရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အလျဉ်မပြတ် စီးဆင်းမှု ရှိနေသော မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် ဒေသဖွံ့ဖြိုးရေးကို ကောင်းစွာ အထောက်အကူပြုနေရုံမျှမက သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ကိုလည်း ထိန်းသိမ်းစာင့်ရှောက် ပေးလျက်ရှိနေကြသည်။

ကမ္ဘာပေါ်ရှိ မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် ဖြတ်သန်းစီးဆင်းရာ လမ်းဘေးဝဲယာ တစ်လျှောက်ရှိ တောတောင် နှင့် မြို့ရွာများကို တင့်တယ်ကြည့်ကောင်းစေခြင်းဖြင့် သာမောဖွယ် အတိ ဖြစ်စေသည်။ မြစ်တစ်စင်းကြောင့် ရေကြောင်းပို့ဆောင်ရေးစနစ် ဖြစ်ထွန်းကာ လမ်းပန်း ဆက်သွယ်ရေးကိုလည်း ကောင်းစွာ အထောက်အကူပြုပေးသည်။  ကုန်စည်စီးဆင်းမှုကို ဖြစ်ပေါ်လာ စေရုံမျှမက ရေထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း ဖွံ့ဖြိုး တိုးတက်လာစေသည်။ ထို့ပြင် စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကိုလည်း ကြီးမားစွာ အထောက်အပံ့ ပြုပေးနိုင်သည်။

ကမ္ဘာ့အထင်ကရ မြစ်ကြီးများသည် နိုင်ငံ နှင့် လူမျိုးတို့၏ ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများ  ကို လက်ဆင့်ကမ်းပေးရာ သမိုင်း အမွေအနှစ်များလည်း ဖြစ်ကြသည်။ ကမ္ဘာ အရပ်ရပ်တွင် သဘာဝ အလျောက် စီးဆင်းနေကြသော  မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် လူနှင့် သဘာဝ ပတ်ဝန်း ကျင် ကို ဆိုကျိုးဖြစ်စေမှု အလွန်နည်းပါသည်။ သဘာဝအတိုင်း စီးဆင်းနေသော မြစ်များကြောင့် အများဆုံးအားဖြင့် မြစ်ရေလျှံတက်ခြင်း၊ ရေတိုက်စားခြင်း နှင့် ကမ်းပြိုခြင်း စသည့် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေနိုင်သည်။

သို့ရာတွင် မြစ်ရေများ သဘာဝအလျောက် စီးဆင်းနေမှုကို အကြောင်း တနည်းနည်းဖြင့် ဟန့်တားခုခံခြင်း၊ ဆည်တမံ နှင့် ရေကာတာများ တည်ဆောက်ခြင်း၊ မြစ်တွင်း စီမံကိန်းများ လုပ်ဆောင်ခြင်း၊ မြစ်ရေကို အတိုင်းအဆမဲ့ ရယူသုံးစွဲခြင်း၊ ဓာတုဓာတ်ကြွင်းများ ပျော်ဝင်နေသော ရေဆိုးရေညစ်များကို မြစ်အတွင်းသို့ စီးဆင်းဝင်ရောက်စေခြင်း၊ မြစ်ကမ်းဘေး ဝဲယာရှိ သစ်ပင် သစ်တောများကို ပြုန်းတီးစေခြင်း၊ ရေဝေရေလဲ ဒေသများကို ဖျက်ဆီးခြင်းစသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြမည် ဆိုလျင်မူ ရုတ်တရက် ရေကြီးရေလျှံဖြစ်ခြင်း၊ အသက်အိုးအိမ် စည်စိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ ကောက်ပဲသီနှံများ အကြီးအကျယ် ပျက်စီးခြင်း၊ ရေနေ သတ္တဝါများ မျိုးသုဉ်းခြင်း၊ ဓါတုအဆိပ်သင့်ခြင်း စသော ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်သည်။

ကမ္ဘာပေါ်ရှိ မြစ်ကြီးများထဲတွင် တစ်ခု အပါအဝင်ဖြစ်သော ……မြန်မာနိုင်ငံ နှင့် မြန်မာလူမျိုး တို့၏ အသက်သွေးကြော ဖြစ်သော…….ဧရာဝတီမြစ်ကြီးသည် တိဗက်တောင်တန်းများ မြစ်ဖျားခံ သည့် မေခ နှင့် မေလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာမှ သဘာဝအလျောက်ဖြစ်ပေါ်လာသော ကမ္ဘာကျော် မြစ်ကြီးတစ်စင်း ဖြစ်သည်။ သက်တမ်းအားဖြင့် နှစ်ပေါင် သန်း ၅၀ ကျော် ရှိနေပြီဖြစ်ပြိး မိုင်ပေါင်း ၁၃၅၀ ရှည်လျားသော ဧရာဝတီမြစ်ကြီးသည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာယဉ်ကျေးမှု စသည်တို့ နှင့် ခွဲခြား၍ မရသော အထင်ကရ မြစ်ကြီးတစ်စင်း ဖြစ်သည်။

မြန်မာနိုင်ငံအကြောင်း ရေးသားပြောဆို ဆွေးနွေးကြမည်ဆိုလျင် ဧရာဝတီမြစ်ကြီးကို ချန်လှပ်ထား၍ မရနိုင်ပေ။ မြန်မာနိုင်ငံ၏ ရှည်လျားလှသော သမိုင်းကြောင်းနှင့် ယှဉ်လျက် ဧရာဝတီမြစ်ကြီးက တည်ရှိနေခဲ့သည်။ စီးဆင်းနေခဲ့သည်။ စီးဆင်းနေဆဲဖြစ်သည်။ တစ်ချိန်က မြန်မာ လူမျိုးတို့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်း နှင့် နေခဲ့ကြစဉ်ကလည်း ဧရာဝတီက အရေးပါခဲ့သည်။ နယ်ချဲ့လက်အောက်ရောက်ရှိခဲ့စဉ် ကာလတစ်လျှောက်လုံးကလည်း ဧရာဝတီ၏ အခန်းကဏ္ဍကို ဘေးဖယ်ထား၍ မရခဲ့ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ မျက်မှောက်ကာလထိတိုင်လည်း ဧရာဝတီမြစ်ကြီး၏ အခန်းကဏ္ဍက အရေးပါနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှ စီးဆင်းလာပြိး မြန်မာနိုင်ငံတောင်ပိုင်းရှိ မြစ်ဝကျွန်းပေါ်ဒေသမှ တစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်နေသော ဧရာဝတီမြစ်ကြိးသည် မြစ်ကမ်းဘေး ဝဲယာတစ်လျှောက်ရှိ မြို့ရွာများ၊ ဘုရားပုထိုး စေတီများ၊ တောတောင်ချောက်ကမ်းပါးများ၏ တည်နေပုံကို ထူးခြားစွာ လှုပ်ရှားသက်ဝင်စေသည့်အပြင် ကူးသန်းသွားလာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု နှင့် သယံဇာတဖွံ့ဖြိုးရေး စသော နိုင်ငံစီးပွားရေးကိုလည်း ထိရောက်စွာ အကျိုးပြုလျက်ရှိနေသည်။ အချုပ် ဆိုရသော် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ့ ဓလေ့ထုံးစံ၊ မြန်မာယဉ်ကျေးမှု၊ မြန်မာ့စီးပွားရေး၊ မြန်မာ့ နိုင်ငံရေး စသည့် ကဏ္ဍနယ်ကယ် အသီသီးတွင် ဧရာဝတီသည် ထိပ်တန်းအဆင့် ပင် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။

ဧရာဝတီမြစ်ကြိး၏ သမိုင်းတန်ဖိုးမှာ ရေးဖွဲ့၍ မကုန်နိုင်လောက်အောင်ပင် ကြီးမားကျယ်ပြန့် လှသည်။ ဧရာဝတီ၏ အရေးပါမှု နှင့် သမိုင်းကြောင်းကို မြန်မာနိုင်ငံ နှင့် မြန်မာနိုင်ငံသားတို့က သာမက ကမ္ဘာ့နိုင်ငံများကပါ တလေးတစား အသိအမှတ်ပြုကြသည်။ ဧရာဝတီ၏ သမိုင်းကြောင်းက ရှည်လျားပြိး သမိုင်းတန်ဖိုးကကြီးမားလှသလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှုထောင့်မှ နေ၍ အကဲဖြတ်ရမည့်တန်ဖိုးကလည်း ကိန်းဂဏန်းအားဖြင့် ဖော်ပြရန်ပင် မစွမ်းဆောင်နိုင် လောက်အောင် ကြီးမားလွန်းလှသည်။
ကမ္ဘာပေါ်တွင် မိုင်- ၆၀၀ နှင့်အထက် ရှည်လျားသည့် မြစ်ကြိး ၁၇၇- စင်း ရှိသည့်အနက် ၆၄-စင်းသော မြစ်ကြီးများကသာလျင် ရေကာတာများ၏ ပိတ်ဆို့ဟန့်တားမှုမှ ကင်းလွတ်လျက် လွတ်လပ်စွာ စီးဆင်းခွင့်ကို ရရှိနေကြသည်။ ယင်းကဲ့သို့လွတ်လပ်စွာ စီးဆင်းခွင့်ရနေကြသေးသော မြစ်ကြီး ၆၄-စင်းအနက် ပင်လယ်ထဲသို့ တစ်နှစ်ပတ်လုံး အလျဉ်မပြတ် စီးဝင်နိုင်သော မြစ်ကြီးများမှာ ၂၁-စငိးသာလျင် ကျန်ရှိတော့သည်။ ထို ၂၁-စင်းသော မြစ်ကြီးများထဲတွင် ယခုအချိန်အထိ ဧရာဝတီမြစ်ကြီးက ပါဝင်နေဆဲဖြစ်သည်။ ဤသည်မှာကား တန်ဖိုးသတ်မှတ်၍ မရနိုင်လောက်အောင် အဖိုးအန ဂ္ဃ ထိုက်တန်လှသော မြစ်ကြီးဧရာဝတီ၏ ဂုဏ်ဒြပ်ပင်ဖြစ်သည်။

  အမေရိကန်နိုင်ငံရှိ မိုင်ပေါင်း ၁၄၅၀ ရှည်လျားသော ကော်လိုရာဒိုမြစ်သည်လည်းကောင်း၊ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းကို ထင်ဟပ်စေခဲ့သော မိုင်ပေါင်း ၃၄၀၀ ရှည်လျားသည့် မြစ်ဝါမြစ် သည်လည်းကောင်း၊ တိဗက်ကုန်းပြင်မြင့် မြစ်ဖျားခံပြီး အာရေဗျပင်လယ်ထဲသို့စိးဝင်သော အိန္ဒိယနိုင်ငံရှိ မိုင် ၂၀၀၀ ရှည်လျားသော အိန္ဒုမြစ်ကြီးသည်လည်းကောင်း တစ်နှစ်တာကာလ၏ အချိန်အတော်များများတွင် ပင်လယ်ထဲသို့ရောက်အောင် မစီးဝင်နိုင်တော့ဘဲ ရေစီးလမ်းကြောင်း ပြတ်တောက်လျက်ရှိနေကြသည်။

၁၉၄၈-ခုနှစ်မှ ၂၀၁၄-ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ မြစ်ကြီးမြစ်ငယ်ပေါင်း ၉၂၅-စင်း၏ ရေစိးဆင်းမှုဆိုင်ရာ လေ့လာချက်များ ပြုလုပ်ခဲ့သော အမေရိကန် အမျိုးသား သုတေသနဌာန နှင့် ကမ္ဘာ့တောရိုင်း တိရစ္ဆာန် အဖွဲ့၏ လေ့လာဆန်းစစ်ချက်မျာအရ ဧရာဝတီမြစ်ကြီးသည်  နိုင်းလ်မြစ်၊ တရုတ်နိုင်ငံရှိ ယန်စီမြစ်၊ သြစတြေးလျနိုင်ငံရှိ မာရေမြစ်၊ အိန္ဒိယနိုင်ငံရှိ ဂင်္ဂါမြစ် တို့နှင့်အတူ ရေစီးပမာဏ လျော့နည်းလာနေပြီး အချိန်မီ ထိန်းသိမ်းမှု များကို မပြုလုပ်နိုင်ပါက မြစ်ရေခန်းခြောက်မှု ဆီသို့ ဦးတည်သွားနိုင်သော အခြေအနေဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။

မည်မျှကြီးမားကျယ်ပြန့်ရှည်လျားသော မြစ်ကြီးများမဆို မြစ်ရေထုတ်ယူသုံးစွဲမှု လွန်ကဲခြင်း၊ မြစ်ကြောင်းကို ဟန့်တား၍ ရေကာတာများ တည်ဆောက်ခြင်း၊ သဘာဝတောများကို ထိန်းသိမ်း စောင့်ရှောက်မှု မရှိခြင်း၊ မြစ်ဝှမ်းဒေသများအတွက် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းစသော လူ့ပယောဂ များကြောင့် မြစ်ကြောင်းလမ်း သွေဖည်ခြင်း၊ နုန်းကျမှု ပုံစံပြောင်းသွားခြင်း၊ ရေတွင်ပျော်ဝင်သည့် အောက်စီဂျင် ပမာဏ ယုတ်လျော့ကျဆင်းခြင်း၊ မြစ်ရေစီးကြောင်း ပြတ်တောက်ခြင်း စသည်တို့ကို ဖြစ်ပေါ်လာစေသည်။

ကမ္ဘာ့မြောက်ဝန်ရိုးစွန်ရှိ အာတိတ်ဒေသဝန်းကျင်တွင် ရှေးနှစ်သန်းပေါင်း များစွာကတည်းက သဘာဝအလျောက် တည်ရှိနေခဲ့ကြသော မြစ်ကြီးမြစ်ငယ်တို့မှ လွဲ၍ ကျန်ကမ္ဘာ့မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့၏ မြစ်ရေစီးဆင်းရာလမ်းကြောင်းများပေါ် အချို့မှာ ဆည်နှင့်ရေကာတာများ တည်ဆောက်ထားကြပြီး ဖြစ်သလို အချို့ကမူ ဆည်နှင့်ရေကာတာများ တည်ဆောက်ရန် လျာထား သတ်မှတ်ပြီး ဖြစ်သည်။ ဆောက်လုပ်ထားကြပြီးဖြစ်သည့် အကြီးစား ရေကာတာများ သိုလှောင်ထား သည့်ရေပမာဏမှာ မြစ်ကြောင်းတစ်လျှောက် စိးဆင်းနေသော ရေပမာဏ၏ သုံးဆခန့်အထိပင် ရှိနေသည့် အတွက် မြစ်ရေစီးဆင်းမှုကို သိသိသာသာ လျော့နည်းသွားစေလျက်ရှိသည်။

စုစုပေါင်းအားဖြင့် မိုင်ပေါင်း ခြောက်သိန်းကျော်ရှည်လျားသော ကမ္ဘာ့မြစ်ကြီးမြစ်ငယ် အသွယ် သွယ်တို့ စီးဆင်းနေသော မြစ်ရေများကို အကြောင်းပြု၍ သောက်သုံးရေ၊ စိုက်ပျိုးရေး လုပ်ငန်းသုံးရေ၊ မွေးမြူရေးလုပ်ငန်း သုံးရေ၊ ရေအားလျှပ်စစ် ထုတ်လုပ်ရန်အတွက် အသုံးပြုသောရေ စသည်တို့အတွက် တည်ဆောက်ခဲ့ကြသော ဆည် နှင့် ရေကာတာများသည် လူတို့၏ အကျိုးစီးပွား ကို ချက်ချင်လက်ငင်းအားဖြင့် ပေးစွမ်းနိုင်ခဲ့ကြသော်လည်း ရေရှည်မူ သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်ပျက်စီစေကာ မြစ်ကြီမြစ်ငယ်များအဖို့ ပင်လယ်ဝအထိ ရောက်အောင် မစီးဆင်းနိုင်ကြတော့ဘဲ ရေစီးလမ်းကြောင်း ပြတ်တောက်သွားသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

မြန်မာနိုင်ငံ နှင့် မြန်မာလူမျိုးတို့၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ကြီး၏ အထက်ပိုင်းရှိ မေခ နှင့် မေလိခ မြစ်နှစ်မြွှာ ပေါင်းဆုံရာ မြစ်ဆုံဒေသ ရေကာတာကဲ့သို့သော အတားအဆီးများကို တည်ဆောက်မည်ဆိုပါက နွေရာသီကာလ မြစ်ရေစီးဆင်းမှု ပမာဏ သိသာစွာ လျော့နည်းကျဆင်းသွားနိုင်ခြင်း၊ မြစ်ရေစီးလမ်းကြောင်း ပြတ်တောက်သွားနိုင်ခြင်း၊ နုန်းပို့ချမှု ပုံစံ ပြောင်းလဲသွားခြင်း၊ မြစ်ကြောင်းလမ်းကြောင်း ပြောင်းလဲသွားနိုင်ခြင်း……ရေကြောင်းသွားလာရေး အကန့်အသတ်များ ရှိလာခြင်း၊ မြစ်ရေထဲ အောက်စီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းသွားခြင်း၊ ရေနေ သတ္တဝါများ ပေါက်ပွားရှင်သန်မှုအပေါ် ထိခိုက်မှုဖြစ်ခြင်း၊ ရေထွက် ပစ္စည်းထုတ်လုပ်မှု ကျဆင်း သွားခြင်း၊ သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်အပေါ်ကြီးမားသော ထိခိုက်မှု ဖြစ်ခြင်း စသည့် ကြီးမားလှသော ပေးဆပ်မှုများနှင့် ကြုံတွေ့ကြရဖွယ် ရှိနေသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတော်ကြိး တည်တံ့နေသရွေ့…….မြန်မာလူမျိုးတို့ တည်ရှိနေ သရွေ့…..မြန်မာ့ အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ်ကြီးကို မြန်မာနိုင်ငံသားမှန်သမျှတို့က တတ်စွမ်းသမျှ ကာကွယ်စောင့်ရှောက်ကြရမည်သာ ဖြစ်ပေသည်။ တစ်နည်းဆိုသော် ……..မြန်မာ့ ဂုဏ်ရည် ဧရာဝတီမြစ်ကြီး ထာဝစဉ်တည်တံ့ စီးဆင်းနေရေးသည် မြန်မာတို့၏ ဦးစားပေး အရေးကိစ္စကြီး တစ်ရပ်ပင် ဖြစ်ပေသည်။